ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အညာဖျားရွာတိုက်ပွဲတွင် PDF နှစ်ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးဒဏ်ရာရ

Dawei Watch

March 9, 2025

ထားဝယ်အရှေ့တောဒေသ အညာဖျားရွာအနီး၌ မတ်လ ၇ ရက်က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် PDF နှစ်ဦးသေဆုံးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦး ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။ အညာဖျားရွာအနီးက ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း (T1) စခန်းကို မတ်လ ၇ ရက် နံနက် ၈ နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး PDF နှစ်ဦးသေဆုံးကြောင်း ၎င်းတို့က ဆိုသည်။ နံနက် ၁၀ နာရီခန့်တွင် T1 စခန်းများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေ့လယ် ၁၂ နာရီခန့်တွင် K8W ဂျက်ဖိုက်တာ တစ်စင်းဖြင့် T1 စခန်း သင်တန်းကျောင်းကွင်းပြင်ထဲကို ဗုံးတစ်လုံး၊ ဆိပ်ချောင်းရွာနှင့် ညောင်ချောင်းရွာကြားကို ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့နှင့် […]

ဥရောပလက်နက်ကုမ္ပဏီများ ထုတ်လုပ်အားမြှင့်တင်ရန် နေတိုးအတွင်းရေးမှူးချုပ် တိုက်တွန်း

Dawei Watch

March 9, 2025

ဥရောပနိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်ခြင်းသည် ဥရောပတိုက်ကို ကာကွယ်ရေးအတွက် ပထမဆုံး ခြေလှမ်းဖြစ်ပြီး ဥရောပလက်နက်ကုမ္ပဏီများအနေဖြင့် လက်နက်များများ ထုတ်လုပ်ပေးပြီး တာဝန်ကျေကြဖို့ လိုကြောင်း နေတိုးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ Mark Rutte က တိုက်တွန်းပြောဆိုလိုက်သည်။ ဥရောပတွင် လက်နက်ပစ္စည်း မဆိုစလောက်သာ ထုတ်လုပ်နေခဲ့သည်မှာ အချိန်များစွာကြာခဲ့ပြီဟု ၎င်းက ဆိုသည်။ ဂျာမဏီကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများကို ၎င်းက ချီးမွမ်းခဲ့သော်လည်း ဥရောပအတွက် လိုအပ်သလောက် မထုတ်လုပ်နိုင်သေးကြောင်း မှတ်ချက်ပေးခဲ့သည်။ “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကိုလည်း လျင်လျင်မြန်မြန် တိုးမြှင့်ဖို့ လိုအပ်ပါတယ်။ အဲဒီမှာ လက်နက်ခဲယမ်း ၊ တင့်ကား ၊ ဂျက်လေယာဉ် ၊ ဂြိုဟ်တုနဲ့ ဒရုန်းတွေလည်း ပါဝင်ပါတယ်”ဟု ၎င်းကပြောသည်။ အဖွဲ့ဝင် ၃၂ နိုင်ငံ ပါဝင်သည့် နေတိုးအဖွဲ့၏ အခန်းကဏ္ဍကို […]

ရုရှားလက်နက်များ မဝယ်ရန် အိန္ဒိယကို အမေရိကန် တိုက်တွန်း

Dawei Watch

March 9, 2025

အိန္ဒိယအနေဖြင့် ရုရှားလက်နက်များ ဝယ်ယူနေမှုကို ရပ်တန့်သင့်ကြောင်း အမေရိကန် စီးပွားရေးဝန်ကြီးက တိုက်တွန်းပြောဆိုလိုက်သည်။ ယင်းမှာ အိန္ဒိယ-အမေရိကန်ဆက်ဆံရေး ခိုင်မြဲရေးအတွက် မုချလိုအပ်သည့်အရာတစ်ခုဟု အမေရိကန်စီးပွားရေးဝန်ကြီး Howard Lutnick က ဆိုသည်။ “အိန္ဒိယနိုင်ငံဟာ သမိုင်းကြောင်းတစ်လျှောက် ရုရှားဆီကနေ စစ်ဘက်ပစ္စည်းတွေကို အတော်သိသာများပြားတဲ့ ပမာဏနဲ့ ဝယ်ယူခဲ့ပါတယ်။ ဒါဟာ အဆုံးသတ်ရမယ့် အရာတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ရုရှားလက်နက်များကို အစားထိုးရေးအတွက် အဆင့်မြင့်ကာကွယ်ရေးစနစ်များကို အိန္ဒိယအား ထောက်ပံ့ပေးရန် အမေရိကန်အစိုးရက ဆန္ဒရှိနေကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။ BRICS အဖွဲ့ထဲတွင် အိန္ဒိယနိုင်ငံပါဝင်နေမှုကလည်း အိန္ဒိယ-အမေရိကန် ဆက်ဆံရေးကို တင်းမာစေသည့် အရာတစ်ခု ဖြစ်ကြောင်း အမေရိကန်စီးပွားရေးဝန်ကြီးက ထောက်ပြသည်။ ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာကို အစားထိုးနိုင်မည့် ငွေကြေးတစ်ရပ်ကို ထူထောင်ရန် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

March 8, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂ ရက်မှ ၈ ရက်အထိ စစ်ခေါင်းဆောင် ရုရှားခရီးစဉ် ဘာတွေထူးခြားလဲ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို အခုမတ်လအတွင်း သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ၁၀ ခု လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ အဏုမြူစွမ်းအင်ကိစ္စအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ပြင်ပအာကာသ စူးစမ်းလေ့လာရေး၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စတာတွေအတွက် လက်မှတ်ရေးထိုးခဲ့တာလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ အသေးစားအဏုမြူဓာတ်အားပေးစက်ရုံဆောက်ဖို့ သဘောတူခဲ့တယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။ မြန်မာနိုင်ငံစီးပွားရေးအတွက် လိုအပ်မယ့် လျှပ်စစ်ကိုလုံလုံလောက်လောက်ပေးနိုင်မယ်လို့ဆိုပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့နှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ၄၀ ရာခိုင်နှုန်းတိုးမြင့်ခဲ့ပြီး သန်းနှစ်ထောင်လောက်ရှိခဲ့တယ်လို့ ပြောပါတယ်။ […]

လောင်းလုံးမြို့ပေါ်တိုက်ပွဲအပြီး ကမြောကင်းတံတား ဖြတ်သန်းခွင့်ပိတ်

Dawei Watch

March 8, 2025

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ယနေ့မွန်းလွဲပိုင်းမှစပြီး ထားဝယ်နှင့် လောင်းလုံးကြားရှိ ကမြောကင်းတံတား ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ကြောင်း ခရီးသွားများကပြောသည်။ ယနေ့ မွန်းလွဲ ၁ နာရီကျော် မှစပြီး ကမြောကင်းတံတား တစ်ခြမ်းကို ပိတ်လိုက်သည့်အတွက် ရှင်မော်‌၊ လောင်းလုံး စသည့် ကမြောကင်းတံတား တောင်ဖက်ခြမ်းရှိကျေးရွာများတွင် နေထိုင်သူများ ဖြတ်သန်း၍ မရတော့ကြောင်း ၎င်းတို့ကပြောသည်။ “လောင်းလုံးဘက်တစ်ခြမ်းပဲ ပိတ်ထားတယ်။ ကမြောကင်း သောကြာပြင်ဘက်ကတော့ ခုထိတက်လို့ရနေသေးတယ်”ဟု ခရီးသွားဒေသခံတစ်ဦးက ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် Dawei Watch သို့ပြောသည်။ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို ယနေ့ မတ်လ ၈ ရက်နေ့ နံနက် ပိုင်းတွင် တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ပစ်သံကတော့ မွန်းလွဲ ၁ နာရီ […]

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ လောင်းလုံးတွင် ချီတက်ဆန္ဒပြ

Dawei Watch

March 8, 2025

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သော ယနေ့(မတ် ၈)တွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) ကဦးဆောင်ပြီး လောင်းလုံးမြို့နယ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ “တော်လှန်သောနှင်းဆီများ ဖိနှိပ်မှုမှန်သမျှကို တိုက်ဖျက်မလေ” ဘန်နာကိုကိုင်ဆွဲပြီး စစ်အာဏာရှင်စနစ်တော်လှန်ရေး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုများပပျောက်ရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လွတ်လပ်လုံခြုံသည့် လူ့ဘောင်သစ် တည်ဆောက်ရေးတို့အတွက် အာဏာရှင်များ၏ဖိနှိပ်မူအပါအဝင် မတရားဖိနှိမှုများကို တိုက်ဖျက်သွားကြရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ(ထားဝယ်) ကထုတ်ပြန်သည်။

တိုက်ပွဲကြောင့် လမ်းပိတ်နေသည့် မောတောင်မြို့တွင် ပြည်တွင်းဆန်ပြတ်လုနီးပြီး စျေးနှစ်ဆတက်

Dawei Watch

March 8, 2025

ထိုင်း-မြန်မာနယ်စပ်မြို့ မောတောင်သို့ သွားရာလမ်းတစ်လျှောက်တွင် တိုက်ပွဲများကာလရှည်ဖြစ်နေသည့်အတွက် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်ကာ ပြည်တွင်းဆန် ပြတ်လပ်လုနီးပါးဖြစ်နေပြီး စျေးနှစ်ဆနီးပါးတက်နေကြောင်း မြို့ခံအချို့က ပြောသည်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် တနင်္သာရီ-မောတောင်လမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားရာ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်မှစကာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်။ ထို့ကြောင့် အဆိုပါလမ်းပိုင်း အသုံးပြုသွားလာခြင်းကို တော်လှန်ရေးတပ်များက ဇန်နဝါရီလ ၂၃ ရက်ကတည်းက ကန့်သတ် ပိတ်ပင်ထားသည်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီးနောက် မောတောင်မြို့တွင် ပြည်တွင်းဆန် ပြတ်လပ်လုနီးပါးဖြစ်နေပြီး ထိုင်းနိုင်ငံမှ တင်သွင်းသည့် စျေးကြီးသည့် ဆန်ကိုသာ ဝယ်စားနေရကြောင်း အသက် ၄၁ နှစ်အရွယ် မြို့ခံအမျိုးသမီး တစ်ဦးက ဆိုသည်။ ”လမ်းဖွင့်တုန်းက ကုန်ရောင်းကုန်ဝယ် အလုပ်လေးနဲ့ အဆင်ပြေပေမယ့် အခုလမ်းပိတ်ချိန်မှာတော့ တောခုတ် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

March 8, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ အမေရိကန် တောင်ကိုးရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှု မြောက်ကိုးရီးယား ရှုတ်ချ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံတို့ နှစ်စဉ်ပြုလုပ်နေကျ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုးရီးယားက ရှုတ်ချလိုက်ပြီး ကိုရီးယားကျွန်းဆွယ်မှာ အခြေအနေတွေ ပိုဆိုးလာမယ်လို့ ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယား ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မတ် ၁၀ ရက်မှာ စတင်တော့မှာပါ။ စစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်ကြာ မတ် ၂၀ ရက်အထိ ပြုလုပ်သွားမယ်လို့ ဆိုးလ်ရဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ပြောပါတယ်။ မတ် ၆ ရက်ကလည်း တောင်ကိုရီးယား-အမေရိကန် ပူးတွဲ […]