ထိုင်းတောင်ပိုင်းတွင် ငါးဖမ်းလှေမြုပ်၊ မြန်မာအပါအဝင် ရေလုပ်သား ၉ ဦး ထိုင်းရေတပ်ကယ်တင်
Dawei Watch
March 10, 2025ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ ထိုင်းပင်လယ်ပြင်ထဲတွင် ငါးဖမ်းလှေတစ်စီး နစ်မြုပ်ခဲ့ပြီး ငါးဖမ်းလှေပေါ်မှ မြန်မာနိုင်ငံသားများအပါအဝင် ရေလုပ်သား ၉ ဦးကို ထိုင်းရေတပ်က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မတ်လ ၉ ရက်နေ့ နံနက်ပိုင်းက ထိုင်းပင်လယ်ကွေ့ထဲရှိ ငါးဖမ်းလှေသည်သင်္ဘောတစ်စီးနှင့် တိုက်မိပြီးနောက် နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး လှေပေါ်တွင် မြန်မာရေလုပ်သား ၃ ဦး၊ ထိုင်းရေလုပ်သား ၃ ဦးနှင့် ကမ္ဘောဒီးယားရေလုပ်သား ၃ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။ နံနက် ၂ နာရီအချိန်ခန့်က ငါးဖမ်းလှေသည် ဝင်တိုက်ခံရပြီး နစ်မြုပ်တော့မည့် အခြေအနေဖြစ်နေသဖြင့် ကူညီပေးရန် လှေသားများက လှေပိုင်ရှင်ကို ဂြိုလ်တုဖုန်းက ဆက်သွယ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ နစ်မြုပ်နေသော ငါးဖမ်းလှေသည် ထိုင်းတောင်ပိုင်း […]


