ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းဝန်ကြီးချုပ်အား အယုံအကြည်မရှိ အဆို ရှုံးနိမ့်

Dawei Watch

March 26, 2025

ထိုင်းဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ထရပ်အား အယုံအကြည်မရှိအဆိုကို လွှတ်တော်အတွင်း ယနေ့ မဲခွဲဆုံးဖြတ်ရာ ယင်းအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။ ဝန်ကြီးချုပ်ပေထုန်တန် ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရကို အတိုက်အခံဘက်က ပြင်းပြင်းထန်ထန် မေးခွန်းထုတ်လာခဲ့ပြီး နှစ်ရက်အကြာတွင် ယင်းသို့ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ပေထုန်တန်၏ ညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်အတွင်း နေရာပေါင်း ၅၀၀ အနက်မှ ၃၂၀ နေရာကို ထိန်းချုပ်ထားသည်။ အယုံအကြည်မရှိအဆို အောင်မြင်ရန်မှာ မဲပေးသည့် အောက်လွှတ်တော်အမတ်များ၏ ထက်ဝက်ကျော်ထံမှ ထောက်ခံမဲ ရရှိရန် လိုအပ်သည်။ မဲခွဲဆုံးဖြတ်မှုရလဒ်မှာ ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲနှင့် ကြားနေမဲ ၇ မဲ ရှိရာ မစ္စပေထုန်တန်အား ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခွင့်ပြုရန် ဆုံးဖြတ်ခဲ့သည်။ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုမှာ ပေထုန်တန်ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအတွက် ပထမဆုံးပေါ်ပေါက်လာသည့် စိန်ခေါ်မှု […]

တနင်္သာရီမြစ်ကူးတံတားဖွင့်ပွဲနီးချိန် စစ်ကောင်စီတပ် အင်အားတိုးချပြီးစစ်ဆေး၊ ဒေသခံများစိုးရိမ်

Dawei Watch

March 26, 2025

မြိတ်မြို့နယ်အတွင်းရှိ မင်းသန်း-မောင်းလှော်တံတား ဖွင့်ပွဲနီးလာချိန် စစ်ကောင်စီတပ်က အင်အားတိုးချထားသဖြင့် အနီးအနားရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။ တနင်္သာရီမြစ်ကို ဖြတ်သန်းပြီး မင်းသန်းရွာနှင့် မောင်းလှော်ရွာကို ဆက်သွယ်ထားသော ပေ ၂၁၀၀ အရှည်ရှိသည့် ကွန်ကရစ် တံတားကို မတ်လ ၂၇ရက် တပ်မတော်နေ့တွင် ဖွင့်ပွဲလုပ်မည်ဟုကြားသိရကြောင်း အနီးအနားရွာရှိ ဒေသခံလူငယ် အမျိုးသားတစ်ဦးက ပြောသည်။ မတ်လ ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် မောင်းလှော်ရွာသို့ စစ်ကောင်စီတပ်က ကားငါးစီးဖြင့် ရောက်ရှိလာသလို ဂိတ်ချစစ်ဆေးနေကြောင်း ၎င်းက ဆိုသည်။ “ဖွင့်ပွဲရက်မှာလည်း အပေါ်ကောင် (လေယာဉ်) သုံးမယ်လို့ ကြားတယ်။ ကျွန်တော်တို့ဘက်တွေ ရွာမှာ ရွာသားတွေ လန့်နေတယ်” ဟု ၎င်းက ပြောဆိုသည်။ မြိတ်မြို့နယ်အတွင်းရှိ အဆိုပါတံတားမှာ […]

တနင်္သာရီ ခမရ ၅၅၈တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး လက်နက်ဖြင့်ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံ

Dawei Watch

March 26, 2025

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်ရွာအခြေစိုက် အမှတ် ၅၅၈ စစ်ကောင်စီခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦးသည် မွန်ပြည်နယ် ရှေ့တန်းတစ်နေရာမှ လက်နက်နှင့်အတူ ထွက်ပြေးလာပြီး မတ်လ ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် အသက် ၂၇ နှစ်အရွယ် မြိတ်ဒေသခံတစ်ဦးနှင့် အသက် ၂၆ နှစ်အရွယ် ပဲခူးဒေသခံ တစ်ဦးတို့ ဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။ မြိတ်ဒေသခံအမျိုးသားသည် စစ်မှုထမ်းရန် ကံစမ်းမဲပေါက်သည့် မသန်စွမ်းသူ ကိုယ်စား စစ်သားစုဆောင်းခံခဲ့ရပြီး ပဲခူး ဒေသခံအမျိုးသားသည် ရွာတွင် နွားကျောင်းနေစဉ် ဖမ်းဆီး အဓမ္မစစ်သားစုဆောင်းခံခဲ့ရခြင်းကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကား၍ ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောသည်။ ၎င်းတို့ နှစ်ဦးသည် ပလောက်မြို့နှင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာရှိ […]

နွေဈေးကွက်တွင် အသင်းကြီးကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန် မန်ယူစီစဉ်

Dawei Watch

March 25, 2025

မန်ယူအသင်းသည် လက်ရှိအချိန်၌ အသင်းကြီးကစားသမား ၁၀ ဦးခန့် ရောင်းထုတ်ရန် ပြင်ဆင်ထားပြီဖြစ်ပြီး မန်ယူ ရောင်းထုတ်မည့်ကစားသမားများအနက်တွင် ရတ်ရှ်ဖို့ဒ်၊ ကတ်စ်မဲရိုးနှင့် ဆန်ချိုတို့လည်း ပါဝင်ကြောင်း Daily Mail က ဖော်ပြထားသည်။ မန်ယူနည်းပြ အေမိုရင် သည် လာမည့်နွေဈေးကွက်တွင် ကစားသမားသစ် ၅ ဦးခန့် ခေါ်ယူလိုလျက်ရှိပြီး လက်ရှိတွင် အသင်းရင်းနှီးမြှုပ်နှံသူသစ် INEOS စီးပွားရေးလုပ်ငန်းစုက ကစားသမားသစ် ခေါ်ယူလိုပါက မလိုအပ်တော့သည့်ကစားသမားများကို ရောင်းထုတ်ရမည်ဟု နည်းပြ အေမိုရင်ကို သတိပေးထားပြီဖြစ်သည်။ အေမိုရင်သည် လူငယ်သွေးသစ်ကစားသမားများကို အဓိကထား ခေါ်ယူလိုလျက်ရှိပြီး နွေဈေးကွက်တွင် ကစားသမားသစ် ဝယ်ယူရန်အတွက် အေမိုရင်ကို အသင်းဘက်က အသုံးစရိတ်ပမာဏ ပေါင်သန်း ၂၀၀ ဝန်းကျင်သာ ထုတ်ပေးဖွယ်ရှိနေသည်။ မန်ယူသည် အငှားချထားသော အန်တိုနီနှင့် ရတ်ရှ်ဖို့ဒ်တို့ကို အပြီးအပြတ် […]

အေအိုင်ကုမ္ပဏီများ ဒဏ်ကြေးအမြောက်အများ ဆောင်ရနိုင်သည့် ဥပဒေကြမ်း စပိန်အစိုးရ မိတ်ဆက်

Dawei Watch

March 25, 2025

အေအိုင်ကုမ္ပဏီများအနေဖြင့် ဒဏ်ကြေး အမြောက်အများ ဆောင်ရနိုင်သည့် ဥပဒေကြမ်းတစ်ခုကို စပိန်အစိုးရက မတ်လ ၁၁ ရက်နေ့တွင် မိတ်ဆက်လိုက်သည်။ အေအိုင်ဖြင့် ဖန်တီးထားသည့် အတုအယောင် ဗီဒီယိုများနှင့် ဓာတ်ပုံများကို ထိန်းချုပ်ရန် ရည်ရွယ်ကာ ယင်းဥပဒေကြမ်းကို အဆိုပြုလာခြင်း ဖြစ်သည်။ အေအိုင်ဖြင့် ဖန်တီးထားသည့် ဓာတ်ပုံ ၊ ဗီဒီယို ၊ အသံနှင့် စာသားများကို အေအိုင်ဖြင့် ဖန်တီးထားကြောင်း ရှင်းရှင်းလင်းလင်း မဖော်ပြပါက မူလဖန်တီးသည့် အေအိုင်ကုမ္ပဏီအနေဖြင့် ဒဏ်ငွေများစွာ ပေးဆောင်ရမည် ဖြစ်သည်။ စပိန်နိုင်ငံ ကွန်ဂရက်လွှတ်တော်မှ အတည်ပြုထောက်ခံမှုရလျှင် အဆိုပါ ဥပဒေအသက်ဝင်လာမည် ဖြစ်သည်။ ယူရို ၇ ဒသမ ၅ သန်းမှ ယူရို ၃၅ သန်း အကြား ၊ သို့မဟုတ် ကုမ္ပဏီတစ်နှစ်တာ […]

ပတ္တယားတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲက မြန်မာ ၅၀ ကျော် ဖမ်းဆီးခံရ

Dawei Watch

March 25, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် ပတ္တယားဒေသက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲတွင် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မတ်လ ၂၄ ရက်နေ့က ပတ္တယားဒေသရှိ ဆောက်လုပ်ရေးဆိုဒ်ကို ထိုင်းဌာနဆိုင်ရာများက ဝင်ရောက်စစ်ဆေးစဉ် အလုပ်လုပ်ခွင့်လက်မှတ်မရှိသူများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်ထဲတွင် ထိုင်းအလုပ်သမား ၃ ဦး၊ မြန်မာအလုပ်သမား ၅၂ ဦးနှင့် ကမ္ဘောဒီးယား အလုပ်သမား ၃ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အနက် မြန်မာနိုင်ငံသား ၅၂ ဦးတွင် တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်များ မရှိသဖြင့် ပတ္တယားရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးအပါအဝင် အခြားလုပ်ငန်းများတွင် ရွှေ့ပြောင်းအလုပ်သမားများကို လိုအပ်နေသော်လည်း ဥပဒေအရ […]

ရေဖြူတိုက်ပွဲတွင် စစ်ကောင်စီတပ်အထိနာပြီး လက်နက်များသိမ်းဆည်းရမိဟုထုတ်ပြန်

Dawei Watch

March 25, 2025

ရေဖြူမြို့နယ်၊ ညင်းထွေးရွာနှင့် ကျောက်ကညှာရွာအကြား ပြည်ထောင်စုကားလမ်းမပေါ်တွင် လမ်းကင်းယူနေသည့် စစ်ကောင်စီတပ်သားများကို မတ်လ ၂၄ ရက် နံနက်ပိုင်း၌ တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့၍ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်များထံမှသိရသည် ။ ရေဖြူအခြေစိုက် ခမရ ၄၀၆ နှင့် ၄၀၇ စစ်ကောင်စီ တပ်ရင်းများမှ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဗိုလ်မှူးအဆင့်တစ်ဦး အပါအဝင် နှစ်ဆယ်ကျော်သေဆုံးသည်ဟု သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဒူရကစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကပြောသည် ။ “လမ်းကင်းလာယူတဲ့ စစ်ကြောင်းတစ်ခုလုံး ပစ်ခံရပြီး သုံးယောက်လောက်ပဲ ပြန်ထပြေးသွားတာမြင်ရတယ်။ သူတို့ဘက်(စစ်ကောင်စီ)က စစ်ကူက ထားဝယ်ကရော ၊ ရေဖြူကရော ညှပ်ပြီးလာကူလို့ နှစ်နာရီလောက်ပစ်ခတ်မှုဖြစ်ပြီးတာနဲ့ အထိခိုက်မရှိဘဲ ဆုတ်လာခဲ့တယ်” ဟု ၎င်းကပြောဆိုသည် ။ စစ်ကောင်စီတပ်သားများထံမှ သေနတ် ၄ လက်နှင့် […]

မွန်အမျိုးသားညီလာခံ ဧပြီလပထမပတ်အတွင်း ကျင်းပမည်

Dawei Watch

March 25, 2025

မွန်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ဦးဆောင် ကျင်းပမည့် မွန်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီထံမှ သိရသည်။ ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း ညီလာခံကျင်းပရေးကော်မတီက ပြောသည်။ ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနှင့် ယင်းနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဆွေးနွေးသွားရန်ရှိသည်။ “အဓိက ဖက်ဒရယ်အခြေခံမူနဲ့ ပြီးခဲ့တဲ့ ညီလာခံကနေ ရေးဆွဲထားတဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးတော့ ဆွေးနွေးသုံးသပ်ကြမယ်။ ကျန်တာတွေကတော့ အမျိုးသားအရေးအတွက် ဆွေးနွေးကြဖို့ရှိမယ်” ဟု ညီလာခံကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ ညီလာခံကို မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ […]