ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဂါလာတာစာရေးနည်းပြ၏ နှာခေါင်းကို တွန်းခဲ့သည့် မော်ရင်ညိုအား သုံးပွဲပယ်ပြစ်ဒဏ်ချ

Dawei Watch

April 6, 2025

ဖီနာဘာချီနည်းပြ မော်ရင်ညိုသည် ဂါလာတာစာရေးနည်းပြ အိုကန် ဘူရတ်ခ်၏နှာခေါင်းကို တွန်းထိုးခဲ့သည့်အတွက် သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံလိုက်ရကြောင်း New 18 က ဖော်ပြထားသည်။ မော်ရင်ညိုသည် ယင်းပြစ်မှုကို ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ကစားခဲ့သော တူရကီဖလားပြိုင်ပွဲ၏ကွာတားဖိုင်နယ်ပွဲစဉ်တွင် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပွဲစဉ်၌ ဂါလာတာစာရေးက ဖီနာဘာချီကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ ဖီနာဘာချီနှင့် ဂါလာတာစာရေးတို့ ထိပ်တိုက်တွေ့ခဲ့သည့် တူရကီဖလားကွာတားဖိုင်နယ်ပွဲစဉ်သည် ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ဂါလာတာစာရေးကစားသမား နှစ်ဦး၊ ဖီနာဘာချီကစားသမား တစ်ဦး ထုတ်ပယ်ခံခဲ့ရသည်။ ပွဲပြီးဆုံးချိန်တွင် နှစ်ဖက်အသင်းနည်းပြများက ဘောလုံးကွင်းအတွင်းသို့ဝင်ရောက်ကာ ဒိုင်လူကြီးများကို စောဒကတက်ခဲ့ကြပြီး ယင်းအချိန်၌ မော်ရင်ညိုက ပြိုင်ဘက်နည်းပြကို တွန်းထိုးလိုက်ခြင်းဖြစ်သည်။ တူရကီဘောလုံးအဖွဲ့ချုပ်သည် ယင်းဖြစ်စဉ်ကို စစ်ဆေးအပြီးတွင် မော်ရင်ညိုက မလျော်ကန်သောအပြုအမူကို လုပ်ဆောင်သည်ဟု ဆုံးဖြတ်ကာ သုံးပွဲပယ်ပြစ်ဒဏ်နှင့်အတူ ဒဏ်ငွေ ပေါင်ခြောက်ထောင် ပေးဆောင်စေရန် အမိန့်ချမှတ်လိုက်သည်။ […]

ဒီဂီယာ ကို ပြန်လည်ခေါ်ယူရန် မန်ယူ စီစဉ်

Dawei Watch

April 6, 2025

မန်ယူအသင်းသည် အသင်းဂိုးသမားဟောင်း ဒီဂီယာကို ပြန်လည်ခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Football Sport News က ဖော်ပြထားသည်။ မန်ယူနည်းပြ အေမိုရင် သည် လက်ရှိဂိုးသမား အိုနာနာ၏စွမ်းဆောင်ရည်ကို နှစ်ခြိုက်သဘောကျခြင်း မရှိတော့သည့်အတွက် နွေဈေးကွက်ဖွင့်လှစ်ချိန်တွင် ဂိုးသမားသစ်တစ်ဦးခေါ်ယူရန် စီစဉ်လျက်ရှိသည်။ ဒီဂီယာသည် လက်ရှိအချိန်၌ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားတွင် ပါဝင်ကစားနေပြီး စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ကောင်းမွန်နေဆဲဖြစ်သော ဒီဂီယာကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းကြီးများစွာက မျက်စိကျနေပြီဖြစ်သည်။ ဒီဂီယာနှင့် ဖီအိုရင်တီးနားအသင်းတို့အကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်၌ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယင်းအတွက် အလွတ်ပြောင်းရွှေ့ကြေးနှင့်ရနိုင်ဖွယ်ရှိသော ဒီဂီယာကို အသင်းကြီးများက ခေါ်ယူလိုနေကြခြင်းဖြစ်သည်။ ဒီဂီယာသည် မန်ယူဘက်က တရားဝင်ကမ်းလှမ်းဆက်သွယ်လာခဲ့ပါက ဖီအိုရင်တီးနားနှင့် စာချုပ်သစ် ထပ်မချုပ်တော့ဘဲ ၎င်း၏အသင်းဟောင်းထံသို့ ပြန်လည်ပြောင်းရွှေ့ရန် ဆုံးဖြတ်ဖွယ်ရှိနေသည်။ ဒီဂီယာသည် မန်ယူထံတွင် ကစားသမားဘဝဖြတ်သန်းခဲ့စဉ်ကာလအတွင်း အမြင့်ဆုံးလုပ်ခလစာအဖြစ် တစ်ပတ်လုပ်ခ […]

သံဖြူဇရပ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရ

Dawei Watch

April 6, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၅ ရက် ညနေ ၆ နာရီခန့်က ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်က ကလိန်ပဒေါကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည် နေအိမ်ခြံဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည့်အပြင် နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးတစ်လုံးက ခြံထဲကျသွားတာ၊ အဲဒီမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ နှစ်ဦးထိသွားတယ်။ အိမ်လည်း မီးလောင်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒဏ်ရာရသည့်ဒေသခံနှစ်ဦးသည် နီးစပ်ရာဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ဆိုသည်။ ငလျင်ဘေးဒဏ်ကြောင့် စစ်ကောင်စီက […]

ကျွန်းစုရှိ မြစ်ချောင်းအချို့တွင် ညဘက်သွားလာခွင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကန့်သတ်

Dawei Watch

April 6, 2025

ကျွန်းစုမြို့နယ်အတွင်းရှိ မြစ်ချောင်းအချို့ကို ညဘက်သွားလာအသုံးပြုခြင်း မလုပ်ရန် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ဧပြီလ ၅ရက်တွင် ထုတ်ပြန်ကန့်သတ်လိုက်သည်။ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ သံပြာ-ဘန္နဲမြစ်ကြောင်း၊ ရှော်တော်မော်-မန်းကြီးမြစ်ကြောင်းနှင့် ဝန်တောင်-ရှမ်ပုံ မြစ်ကြောင်း များကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ပြည်သူများသွားလာ အသုံးပြုခြင်းမလုပ်ရန် အသိပေးချက် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်က အဆိုပါကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းများကို အသုံးပြုကာ အင်အားတိုးချဲ့ စစ်ကြောင်းထိုးခြင်းနှင့် မြစ်ချောင်းများအတွင်း စစ်ရေးလှုပ်ရှားမှုများ ရှိနေသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် ခရီးသွားလာခြင်းကို ခြိမ်းခြောက်နေ ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ထို့ကြောင့် အဆိုပါမြစ်ချောင်းများအတွင်း ညဘက်ခရီးသွားအသုံးပြုခြင်းကို ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေလို့ ပြည်သူတွေကို ဖမ်းဆီးတာမျိုး၊ ပစ်ခတ်တာမျိုး […]

တနင်္သာရီ ချောင်းနောက်ပြန်ရွာကို လေယာဥ်ဖြင့်နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

April 6, 2025

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း သိန်ခွန်းကျေးရွာအနီးရှိ ချောင်းနောက်ပြန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ ဧပြီလ ၅ရက် မွန်းလွဲ ၁နာန့်ရီတွင် တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က ချောင်းနောက်ပြန်ရွာကို စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “နေ့လယ်လောက်မှ တိုက်ပွဲစဖြစ်တာ။ တိုက်ပွဲဖြစ်ပြီး ဘယ်လောက်မှ မကြာဘူး၊ လေယာဥ်နဲ့ လာကြဲတာပဲ။ ထိခိုက်တာတော့ မရှိဘူး”ဟု အထက်ပါရဲဘော်က ပြောဆိုသည်။ ဧပြီ ၄ရက်ကလည်း ချောင်းနောက်ပြန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးတစ်ကြိမ်ကြဲချသည့်အပြင် ပွိုင့်ဖိုက် (စက်သေနတ်) ဖြင့်လည်း ပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့သည်။ သိန်ခွန်းကျေးရွားအနီးရှိ ရွာများကို စစ်ကောင်စီဘက်က စစ်ကြောင်းပြန်ထိုးလာရာမှ တိုက်ပွဲများ ပြင်းထန်နေသဖြင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မလုပ်ရန် တော်လှန်ရေးတပ်ဖွဲ့ဝင် […]

ငလျင်ကြောင့် ရပ်ထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ပြန်ကျင်းပရန် မဟနဆုံးဖြတ်

Dawei Watch

April 6, 2025

ငလျင်ဘေးဒဏ်ကြောင့် စာဖြေဌာနအချို့ ပြိုကျ၍ စာဖြေရဟန်းများ ပိမိကာ ပျံလွန်တော်မူခဲ့ပြီးနောက် ရပ်နားထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများကို ပြန်လည်ကျင်းပရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က ဆုံးဖြတ်လိုက်ကြောင်း အစည်းအဝေးမှတ်တမ်းအရ သိရသည်။ ဧပြီလ ၂ ရက်က ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာနာယကကျောင်းတော်တွင် ကျင်းပသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဒုတိယအဖွဲ့ခွဲ၏ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စာမေးပွဲ ပြန်လည်ကျင်းပရန်သာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ပြန်လည်ကျင်းပမည့်ရက်ကို သာသနာရေးနှင့် ယဥ်ကျေးမှု ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပြန်လည်တင်ပြရန် စီစဥ်နေဆဲဖြစ်သည်ဆိုသဖြင့် ပြန်လည်ကျင်းပမည့်ရက်ကိုမူ မသိရသေးပေ။ “စာမေးပွဲက ငလျင်ဘေးဒဏ်သင့်တာတွေ ကယ်ဆယ်ရေးတွေ လုပ်ပြီးတဲ့အချိန်လောက်မှ ပြန်ကျင်းပမယ်လို့ပြောပါတယ်။ ဝါမဝင်ခင်တော့ ပြန်ဖြေကြမယ်လို့ ထင်ပါတယ်။ ရက်အတိအကျပြန်ကြေညာပါဦးမယ်။ အခုကတော့ အဖြေလွှာတော့ သေချာ သိမ်းထားခိုင်းတယ်” ဟု […]

ငလျင်ဒဏ်သင့် မြန်မာကျောင်းသားများကို ဟန်ဆန်းတက္ကသိုလ်က ပညာသင်ဆု ပေးမည်

Dawei Watch

April 6, 2025

တောင်ကိုရီးယားအခြေစိုက် ဟန်ဆန်းတက္ကသိုလ် (Hansung University)သည် မြန်မာ့ငလျင်ဒဏ်သင့်နေရာများမှ ကျောင်းသားများကို ပညာသင်ဆုပေးမည်ဟု ကမ်းလှမ်းလိုက်ကြောင်း Korea JoongAng Daily သတင်းမီဒီယာက ဖော်ပြထားသည်။ ငလျင်ဒဏ်သင့်နေရာများရှိ ပညာထူးချွန်ကျောင်းသားများ၊ ငလျင်ဒဏ်ကြောင့် မိသားစုအခြေအနေ အခက်အခဲဖြစ်သွားခဲ့ရသော ထူးချွန်ကျောင်းသားများ၊ ငလျင်ကြောင့် ဘဝရပ်တည်ရေးခက်ခဲသွားသော ထူးချွန်ကျောင်းသားများကို ဟန်ဆန်းတက္ကသိုလ်(Hansung University)က ပညာသင်ဆုပေးမည်ဟု ဆိုသည်။ ဟန်ဆန်းတက္ကသိုလ်(Hansung University)သည် တောင်ကိုရီးယား အရှေ့တောင်ပိုင်းစီရင်စုခရိုင်များတွင် ဖြစ်ပွားသွားခဲ့သော တောမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် အဆင်မပြေဖြစ်သွားခဲ့ရသည့် ပညာထူးချွန်ကျောင်းသားများနှင့် မြန်မာ့ငလျင်ဘေးကြောင့် ပညာဆက်လက်သင်ကြားရန် အခက်ကြုံသွားရသည့် ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးအပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ အချက်အလက်များနှင့်ကိုက်ညီသောကျောင်းသားများသည် ဧပြီလ ၁၀ ရက်မှ မေလ ၉ ရက်အတွင်း ပညာသင်ဆုလျှောက်ထားနိုင်ပြီး အသေးစိတ်အချက်အလက်များကို တက္ကသိုလ်ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဟုလည်း ဟန်ဆန်းတက္ကသိုလ်(Hansung University)က အသိပေးထားသည်။ ကျောင်းသားများသည် […]

ငလျင်ဒဏ်ခံရသည့် မန္တလေး၊ စစ်ကိုင်းတို့တွင် လေပြင်းတိုက်ပြီး မိုးရွာ

Dawei Watch

April 6, 2025

ငလျင်ဘေးဒဏ်ကို အပြင်းအထန်ခံခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းမြို့တို့တွင် ယနေ့ ဧပြီလ ၅ ရက် ညပိုင်းတွင် လေပြင်းတိုက်ကာ မိုးသည်းထန်နေသည်။ ငလျင်ကြောင့် ပြိုပျက်အဆောက်အအုံများတွင် ပိတ်မိနေသူများကို ရှာဖွေနေချိန်၊ နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေမှုကြောင့် နေအိမ်၊ တိုက်ခန်းများတွင် မနေရဲဘဲ လမ်းပေါ်ထွက် ညအိပ်နေရချိန် ယခုကဲ့သို့ကြုံရခြင်းဖြစ်သည်။ ငလျင်ဒဏ်ကို အပြင်းအထန်ခံရသည့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပဲခူး အပြင် ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ ကယား၊ ချင်း၊ ရခိုင်နှင့် ရှမ်းပြည်နယ်တွေမှာ ယနေ့ ဧပြီလ ၅ရက်ညမှ ဧပြီလ ၁၃ ရက်အတွင်း နေရာကွက်ကျား မိုးရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မိုးဇလက ထုတ်ပြန်ထားသည်။ တနင်္သာရီ၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် […]