မြိတ် လူမှုကယ်ဆယ်ရေးပူးပေါင်းအဖွဲ့ ငလျင်ဘေးကူညီရန် မန္တလေးသို့ ယနေ့ထွက်ခွာ
Dawei Watch
April 1, 2025တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့သည် ယနေ့ (ဧပြီ ၁) နံနက် ၅ နာရီခန့်မှစ၍ ငလျင်ဘေး ကူညီရန် မန္တလေးမြို့သို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း အထက်ပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။ မြိတ်ခရိုင် လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့ကို မြိတ်ခရိုင်ရှိ ချစ်ကြည်ရေးပရဟိတအသင်း(မြိတ်)၊ မာဃလုလင်လူမှုကူညီရေးအသင်း၊ ရှင်သန်ခြင်းပရဟိတအသင်း၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း တို့ပူးပေါင်း ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူကိုစိုးကိုက ပြောသည်။ “ကိုယ်နိုင်ငံသားတွေ ခံစားနေရတာ လူမှုကွန်ရက်မှာတွေ့ ပြီး မခံစားနိုင်လို့ပါ။ အဲဒါကြောင့် ကျွန်တော်တို့ နိုင်တဲ့အားနဲ့ စုဖွဲ့ ပြီး သွားရောက်ကူညီတာပါ”ဟု ၎င်းကပြောသည်။ မြိတ်ခရိုင်လူမှုကယ်ဆယ်ရေး ပူးပေါင်းအဖွဲ့တွင် အဖွဲ့ ဝင် ၁၄ ဦး ခန့်ပါဝင်ပြီး ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့် မန္တလေးမြို့ သို့ သွားရောက်ကာ ညီနောင်ပရဟိတအသင်းများ၊ မြန်မာနိုင်ငံ […]


