လက်နက်ကိုင်အချို့ဖမ်းသွားသော တပ်တောင်ရွာသား သုံးရက်ကြာသည်အထိ အဆက်အသွယ်မရ
Dawei Watch
December 2, 2025မြိတ်မြို့၊တောင်ရှည်ကျေးရွာအုပ်စု၊ တပ်တောင်ရွာတွင် နေထိုင်သော အသက် ၄၀ ကျော် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အချို့က နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး သုံးရက်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။ နိုဝင်ဘာလ ၃၀ ရက် ည ၁၂ နာရီခန့်က တပ်တောင်ရွာတွင် အမည်မသိလက်နက်ကိုင်အချို့က အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို နေအိမ်မှခေါ်ဆောင်သွားပြီးနောက် မိသားစုနှင့် သုံးရက်ကြာသည်အထိ ဆက်သွယ်မရသေးကြောင်း မိသားစုနှင့်နီးစပ်သူက ဆိုသည်။ “အိမ်ရှေ့ကနေ အမည်ခေါ်ပြီး လာခေါ်သွားတယ်။ ညဘက်ကြီး မှောင်နေတော့ ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ရဘူးလို့ သူ့မိသားစုက ပြောတယ်။ လက်နက်တွေပါလာတာတွေ့တယ်။ အခုထိတော့ ဆက်သွယ်မရသေးဘူး”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားသည် မြိတ်မြို့မှ ငါးများကို ဆိုင်ကယ်ဖြင့်သယ်ယူ၍ တပ်တောင်ရွာဝန်းကျင် ပြည်ထောင်စု လမ်းမတစ်လျှောက်ရှိ စစ်အာဏာရှင်တပ်စခန်းနှင့် ရဲစခန်းများရှိ […]


