BREAKING
November 5, 2025

သတင်း

ရန်ကုန်-ထားဝယ်လမ်းတွင် အိမ်စီးကားတိမ်းမှောက်ပြီး ငါးဦးဒဏ်ရာရ

Dawei Watch

October 23, 2024

ရန်ကုန်-ထားဝယ်ကားလမ်းတွင် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းက အိမ်စီးကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ခရီးသွားငါးဦး ဒဏ်ရာရကြောင်း ရှင်သန်ရေးနှင့် နာရေးကူညီမှုအသင်း (ဘီးလင်း) ထံမှ သိရသည်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့အထွက်၌ အောက်တိုဘာလ ၂၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ကားတိမ်းမှောက်ခဲ့ကြောင်း အထက်ပါအသင်း၏တာဝန်ရှိသူက ပြောသည်။ “ကားသမားပြောတာက အရှိန်လွန်ပြီး လမ်းဘေးထိုးကျတယ်လိုပြောတယ်။ သူတို့က မြဝတီဘက်ကလို့တော့ ကနဦး သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကားပေါ်တွင် ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသမီးလေးဦး၊ အမျိုးသားနှစ်ဦးလိုက်ပါလာကြောင်း ဆိုသည်။ ယာဉ်တိမ်းမှောက်မှုကြောင့် ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးသုံးဦး ဒဏ်ရာရကြောင်း အထက်ပါအသင်းထံမှ သိရသည်။ “တစ်ယောက်ပဲ နည်းနည်း စိုးရိမ်စရာရှိတယ်။ သူက ခေါင်းမူးတယ် ခေါင်းမူးတယ်ပဲ ပြောနေတယ်” ဟု အထက်ပါအသင်း […]

ထားဝယ်ခရိုင်တွင် လာမည့်စနေနေ့ ခြောက်နာရီကြာ လျှပ်စစ်ပြတ်မည်

Dawei Watch

October 23, 2024

ထားဝယ်ခရိုင်တစ်ခုလုံး အောက်တိုဘာလ ၂၆ရက် နံနက် ၉နာရီခွဲကစပြီး ခြောက်နာရီကြာ လျှစ်စစ်ဓာတ်အားပြတ်တောက် မည်ဖြစ်ကြောင်း ‌ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ယနေ့ထုတ်ပြန်သည်။ လျှပ်စစ်အန္တရာယ် ကင်းရှင်း‌ရေးအတွက် ကံပေါက်-ထားဝယ် (၆၆) ကေဗွီဓာတ်အားလိုင်းတစ်လျှောက်တွင် ရှိသည့် သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းမည်ဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း ဆိုသည်။ ၆၆ ကေဗွီဓာတ်အားလိုင်းသည် ရေဖြူမြို့နယ်မှ ထားဝယ်မြို့ ဓာတ်အားခွဲရုံသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနေသည့် ဓာတ်အားလိုင်းဖြစ်သည်။ ထို့ကြောင့် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည့် ယခုလာမည့်စနေနေ့တွင် ခရိုင်အတွင်း ခြောက်နာရီကြာလျှပ်စစ်ဓာတ်အား ပြတ်တောက်နေမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ မြို့ခံနှင့် ဒေသခံများကမူ ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအချို့တွင် ယခုနှစ် ဇွန်လကစပြီး ရက်သတ္တပတ် တစ် ပတ်တွင် သုံးရက်ခန့် ကြိုတင်အသိပေးခြင်းမျိုး […]

ဆေးကုသစရိတ် မပေးနိုင်မည်စိုး၍ မွေးကင်းစကလေးကိုချီပြီး မြန်မာဇနီးမောင်နှံ ဆေးရုံကထွက်ပြေးဟုဆို

Dawei Watch

October 23, 2024

ထိုင်းနိုင်ငံ နခွန်ပထုံဆေးရုံကြီးတွင် ဆေးကုသစရိတ် မပေးနိုင်မည်စိုးရိမ်ပြီး မွေးကင်းစကလေးကိုချီပြီး မြန်မာဇနီးမောင်နှံ ထွက်ပြေးသွားသဖြင့် ဆေးရုံဘက်က လိုက်လံခေါ်ယူ၍ ဆေးကုသပေးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၈ နှစ်အရွယ် နန်းဝင်းအမည်ရှိ မြန်မာအမျိုးသမီးသည် နခွန်ပထုံဆေးရုံကြီးတွင် အောက်တိုဘာလ ၂ ရက်နေ့က ကလေးမွေးဖွားခဲ့ကြောင်း ဖော်ပြသည်။ သားယောက်ျားလေး မွေးဖွားခဲ့ပြီး မီးဖွားပြီးချိန်တွင် ကလေးငယ်မှာ ဆေးကုသမှုခံယူရန် လိုအပ်နေသေးသဖြင့် ဆေးကုသဆောင်သို့ လွှဲပြောင်းကုသပေးနေရကြောင်း ဆေးရုံဘက်က ဖြေကြားထားသည်။ ဆေးကုသနေစဉ် ကလေးငယ်က ရုတ်တရက် ပျောက်သွားသဖြင့် CCTV မှတ်တမ်များကို စစ်ဆေးကြည့်ရာ မိဘနှစ်ဦးက ကလေးကို ချီ၍ ယူဆောင်သွားသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။ ကလေးငယ်သည် ၁၉ ရက်သား အရွယ်သာရှိနေသေးပြီး ဆီးလမ်းကြောင်း ပိုးဝင်နေသဖြင့် နောက်ထပ် ဆက်လက်ကုသမှု ခံယူရဦးမည်ဖြစ်ကြောင်း […]

ထားဝယ် ဆီဘောမီးလောင်ပေါက်ကွဲမှုတွင် လူငယ်တစ်ဦးထပ်မံသေဆုံး၊ သေဆုံးသူကိုးဦးအထိရှိလာ

Dawei Watch

October 23, 2024

ထားဝယ်မြို့တွင် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးသည့် ဆီတင်ဘောမီးလောင်ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူတစ်ဦး ထပ်မံ သေဆုံးသဖြင့် ယနေ့အောက်တိုဘာလ ၂၃ရက်အထိ သေဆုံးသူကိုးဦးအထိရှိလာကြောင်း နာရေးကူညီမှုအသင်း (ထားဝယ်) ထံမှ သိရသည်။ ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရအမျိုးသားလူနာတစ်ဦး သေဆုံးသည်ဟု ထားဝယ်ဆေးရုံကြီးက အောက်တိုဘာလ ၂၁ ရက်နေ့တွင် အကြောင်းကြားသောကြောင့် အောက်တိုဘာလ ၂၂ ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ရကြောင်း အထက်ပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုသေဆုံးသူမှာ အသက် ၁၈နှစ်အရွယ်ရှိ ကိုဝေယံမျိုးဆိုသူဖြစ်ကြောင်း အသင်းထံမှ သိရသည်။ အဆိုပါအမျိုးသားမှာ မီးလောင်ဒဏ်ရာကြောင့် ထားဝယ်ဆေးရုံကြီး၌ ဆေးကုသနေစဉ် ရှစ်ရက်အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ “သေဆုံးသူက ဘိတ် (မြိတ်) ဘက်ကလို့တော့ သိရတယ်။ လိုက်ပို့တဲ့သူတွေလည်း ဘိတ်ဘက်က များတယ်” ဟု အထက်ပါအသင်း၏ တာဝန်ရှိသူက ပြောသည်။ အောက်တိုဘာလ ၁၄ရက်နေ့က […]

ထားဝယ်ခရိုင်တွင် ဥယျာဉ်ခြံတောထွင်ခဈေး ဆက်တိုက်တက်

Dawei Watch

October 23, 2024

ထားဝယ်ခရိုင်တွင် ရော်ဘာ၊ ကွမ်းသီး ဥယျာဉ်ခြံများ၏ တောထွင်ခ(ခြံရှင်းခ)ဈေး ဆက်တိုက်တက်လာကြောင်း ကွမ်းသီး၊ ရော်ဘာ ဥယျာဉ်ခြံရှင်များက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ဥယျာဉ်ခြံတွင်း မြက်ရိတ်စက်ဖြင့် တောထွင်ခဈေးမှာ တစ်ရက်ကို ၁၅၀၀၀ ကျပ်သာရှိသော်လည်း ယခု (၂၀၂၄ ခုနှစ်) တစ်ရက် ၂၅၀၀၀ မှ ၃၀၀၀၀ ကျပ်အထိဆက်တိုက်တက်လာကြောင်း၊ ယင်းနှုန်းထားမှာ မြက်ရိတ်စက်နှင့် လူလုပ်အားခ သီးသန့်ဈေးဖြစ်သည်ဟု ထားဝယ်ခရိုင်အတွင်းက ဥယျာဉ်ခြံရှင်တို့က ဆိုသည်။ တောထွင်မည့်သူက မြက်ရိတ်စက်၊ စက်သုံးဆီ၊ (ဓာတ်ဆီနှင့် ရောစပ်အသုံးပြုရသည့်) 2T နှင့် လူတစ်ဦးလုပ်အားခအပါ အားလုံးအပြီးအစီးဆိုလျှင် တစ်ရက်ငှားရမ်းခ ကျပ် ၄၀၀၀၀ ခန့်တောင်းကြသလို တောအထူအပါးနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပေါ်မူတည်ပြီး ကျပ် ၅၀၀၀၀ အထိ ပေးရကြောင်း ၎င်းတို့ကဆိုသည်။ “စက်သုံးဆီဈေးကလည်းကြီးလာတယ်လေ၊ […]

အရှေ့တောင်အာရှနိုင်ငံများ ရုပ်ကြွင်းလောင်စာအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိ

Dawei Watch

October 22, 2024

များပြားလာသော လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းရန် ရုန်းကန်နေသည့် အရှေ့တောင်အာရှဒေသသည် ရုပ်ကြွင်းလောင်စာများအပေါ် ပိုမိုမှီခိုလာရမည့် အန္တရာယ်ရှိနေကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့အစည်းတစ်ခုက သတိပေးထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့်နှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၌ လျှပ်စစ်စွမ်းအင်လိုအပ်ချက် ၃.၆ ရာခိုင်နှုန်း ပိုတိုးလာခဲ့ကြောင်း သည်။ ရုပ်ကြွင်းလောင်စာများကို အသုံးပြု၍ အဆိုပါ စွမ်းအင်လိုအပ်ချက်ကို ဖြည့်တင်းခဲ့ကြောင်း ယူကေနိုင်ငံအခြေစိုက် သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Ember အဖွဲ့က ယနေ့ အောက်တိုဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ ရုပ်ကြွင်းလောင်စာ ဆိုသည်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မဟုတ်သည့် သဘာဝဝန်းကျင်နှင့် ရေမြေထိခိုက်ပျက်စီးစေပြီးမှ ထုတ်ယူရသော စွမ်းအင်ဖြစ်သည်။ ယင်းတို့တွင် ကျောက်မီးသွေး၊ ကျောက်မီးသွေးထုတ်ကုန်၊ သဘာဝဓာတ်ငွေ့၊ ရေနံ စသည့် စွမ်းအင်များ ပါဝင်သည်။ ရုပ်ကြွင်းလောင်စာအသုံးပြုခြင်း ကြောင့် ရေထု လေထုညစ်ညမ်းခြင်းနှင့် သဘာဝဝန်းကျင်ဖောက်ပြန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ အာဆီယံနိုင်ငံများ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုသည် […]

ကျောက္ကာရွာလှေမြုပ်မှု ကျောင်းသားအရွယ်များ အပါအဝင် အလောင်း ကိုးလောင်းထပ်တွေ့

Dawei Watch

October 22, 2024

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လယ်ပြင်အတွင်း စက်လှေနစ်မြုပ်မှုဖြစ်စဉ်တွင် အလောင်း ၉ လောင်း ထပ်တွေ့ထားကြောင်း ကူညီကယ်ဆယ်ရေးနေရာသို့ ရောက်နေသူအချို့ထံမှ သိရသည်။ ယနေ့(အောက်တိုဘာ ၂၂) ကယ်ဆယ်ရေးတွင် အလောင်း ၉ လောင်းထပ်တွေ့ရပြီး အများစုမှာ ကျောင်းသူကျောင်းသားများနှင့် ကလေးများဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးနေရာတွင် ရောက်နေသည့် ဦးဇင်းတစ်ပါးဖြစ်သူ အရှင်သုန္ဒရက မိန့်ကြားသည်။ အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း အလောင်း ၁၁ လောင်းတွေ့ထားသည့်အတွက် စုစုပေါင်း အလောင်း ၂၀ ဆယ်ယူရရှိထားကြောင်း ၎င်းကမိန့်သည်။ ထိုကြောင့် ယမန်နေ့အထိစာရင်းအရ ပျောက်ဆုံးနေသူ ၁၇ ဦးရှိရာ ယနေ့တွင် ၉ လောင်းဆယ်ယူနိုင်ခဲ့သည့်အတွက် ပျောက်ဆုံးနေသူ ၈ ဦးခန့်ရှိနေသေးကြောင်း သိရသည်။ စက်လှေပေါ်တွင် မြိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသွားတက်မည့် ကျောင်းသူကျောင်းသားများနှင့် စစ်ဘေးရှောင်အချို့လည်းပါဝင်သည်။ “ကလေးတွေရှိသေးတယ် […]

မွန်တွင် ရော်ဘာ‌စျေး ပြန်ကျ

Dawei Watch

October 22, 2024

မွန်ပြည်နယ် ရော်ဘာ‌စျေးကွက်အတွင်း အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ်သုံးထောင်အောက် ပြန်ကျသွားကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရာသီအစ အောက်တိုဘာလဆန်းပိုင်းက ရော်ဘာစျေးကွက်တွင် မှိုင်း/နေလွတ် ရော်ဘာ တစ်ပေါင်လျှင် ကျပ် ၃၂၀၀နှင့် ၃၅၀၀ကြား၊ နေလှန်းရော်ဘာတစ်ပေါင်လျှင် ကျပ် ၂၅၀၀ နှင့် ၃၀၀၀ ကြားအထိ စျေးပေါက်ကြောင်း ၎င်းတို့က ဆိုသည်။ ရော်ဘာအစေးထုတ်လုပ်မှုရှိလာသည့် အောက်တိုဘာလ တတိယအပတ်အတွင်း ရော်ဘာစျေးပြန်ကျလာပြီး မှိုင်း/နေလွတ် တစ်ပေါင်လျှင် ၂၉၀၀ ကျပ်၊ နေလှန်းတစ်ပေါင်လျှင် ၂၄၀၀ နှင့် ၂၈၀၀ ကျပ်ကြား ပေါက်‌စျေးရှိကြောင်း ရော်ဘာ အဝယ်ဒိုင်တို့ ထံမှ သိရသည်။ “ဒီနှစ်ရော်ဘာစျေး အဖွင့်မှာစျေးကောင်းတယ်။ မနှစ်ကနဲ့စာရင် နှစ်ဆလောက်တော့ စျေးတက်ပါတယ်။ အဲဒီကနေ အခု ရော်ဘာ နည်းနည်းထွက်လာတဲ့အချိန်မှာ ‌စျေးက […]