ရေးတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လက်နက်ကြီးပစ်ခတ်၊ အရပ်သားသုံးဦး ဒဏ်ရာရ
Dawei Watch
December 3, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကျောင်းရွာကျေးရွာအခြေစိုက် စစ်အာဏာရှင် ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထိုတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးတစ်လုံးသည် လူနေအိမ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “တိုက်ပွဲက ၅၉၁ ဘက်မှာ ဖြစ်တာ။ အဲဒီဘက်မှာ ပစ်ခတ်ကြပြီးတော့ ရွာဘက်ကို […]


