BREAKING
November 5, 2025

သတင်း

စစ်ဘေးရှောင်ဒေသခံ နေအိမ်များကို စစ်ကောင်စီတပ် ဖောက်ထွင်းပြီး ဆိုင်ကယ်အများအပြားယူဆောင်

Dawei Watch

October 27, 2024

ပုလောမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းတစ်လျှောက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံများ၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းကာ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများကို ယူဆောင်နေကြောင်း ဒေသခံအချို့က ပြောသည်။ ပုလောမြို့နယ်အတွင်းရှိ ကြဲကျေးရွာအုပ်စုအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်သား အင်အားရာနှင့်ချီတိုးချဲ့ ချထားရာက အောက်တိုဘာလ ၁၄ ရက်နေ့မှစကာ တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများရက်ဆက်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါဒေသဝန်းကျင်ရှိ ဒေသခံများလည်း အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရသည်။ ထိုသို့စစ်ဘေးရှောင်နေရသည့် ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်၊ မိန်းမမြို့၊ မင်းပြင်နှင့် ဘိုင်းပြင်ရွာ စသည့် ကျေးရွာများရှိ ဒေသခံများ၏ နေအိမ်များကို ဖောက်ထွင်းကာ ဆိုင်ကယ်များနှင့် အဖိုးတန်ပစ္စည်းအများအပြား ယူဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “အခုက မီးမရှို့ဘူး။ တစ်အိမ်ဝင် တစ်အိမ်ထွက်ပစ္စည်းအကုန်ယူ။ ဆိုင်ကယ် မနည်းရ(ဘူး) ပါသွားတာ။ မြေတင်ကားနဲ့ တိုက်နေတာ လေးရက်လောက်ရှိပြီ” […]

ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက် မီးလောင်မှု နေအိမ်နှစ်ဆောင်ပျက်စီး

Dawei Watch

October 27, 2024

ထားဝယ်မြို့ပေါ်ရှိ ဘုမ္မော်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပြီး နေအိမ်နှစ်ဆောင်မီးလောင် ပျက်စီးခဲ့ကြောင်းတနင်္သာရီတိုင်း မီးသတ်ဦးစီးဌာနက ယနေ့ အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။ ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်ရှိ ရပ်တော်မူဘုရားလမ်းတွင်ရှိသည့် နေအိမ်တစ်ဆောင်မှစ၍ ယနေ့ နံနက် ၁ နာရီကျော် အချိန်တွင် မီး‌စလောင်ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှသိရသည်။ အဆိုပါမီး လောင်မှုကြောင့် နေအိမ် နှစ်ဆောင် မီးလောက်ပျက်စီးခဲ့ကြောင်း အထက်ပါအသင်း ဦးဆောင်သူ ဦးနိုင်မျိုးသွင်ကပြောသည်။ မီးလောင်သည့်အကြောင်းရင်းနှင့် ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ အဆိုပါမီးလောင်မှုကို ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့၊မြို့ခံပရဟိတ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊မြို့ခံများပူးပေါင်း၍ ငြှိမ်းသတ်ခဲ့ရာ ယနေ့ နံနက် ၂ နာရီဝန်းကျင်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်ပရဟိတအသင်း ထံမှသိရသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း ထားဝယ်မြို့ကြက်စားပြင်ရပ်ကွက်ရှိ ထားဝယ်မြစ်အတွင်းဆီတင် သင်္ဘောမီးလောင်ပေါက်ကွဲမှုဖြစ်ရာ သေဆုံးသူ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 26, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၁၃၀၀ကျော်သေဆုံး အာဏာသိမ်းပြီးနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၀၀ ကျော် သေဆုံးတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျုက ထုတ်ပြန်ပါတယ်။ အာဏာသိမ်းချိန်ကနေ အခုအောက်တိုဘာ ၂၀ရက်အထိ သုံးနှစ်ကျော်အတွင်း လူ ၁၀ဦးနဲ့အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၅ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီလိုသတ်ဖြတ်မှုရဲ့ ၉၂ရာခိုင်နှုန်းကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီး အပါအဝင် စစ်ကောင်စီသစ္စာခံတပ်တွေက ကျူးလွန်တာဖြစ်ပြီး အရပ်သား ၁၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီ မဟုတ်တဲ့ တခြားလက်နက်ကိုင်တပ်တွေက သတ်ဖြတ်မှု ငါးခုထက်မနည်းရှိပြီး အရပ်သားတစ်ရာနီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ […]

ချင်းမိုင်တွင် MoU မြန်မာလုပ်သားများ လုပ်အားခ ဘတ် ၄ သိန်းကျော်မရ

Dawei Watch

October 26, 2024

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် လုပ်ကိုင်နေသော MoU မြန်မာအလုပ်သမားများသည် လုပ်အားခ ဘတ် ၄ သိန်းကျော် မရရှိသဖြင့် အခက်အခဲဖြစ်နေကြကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်ဖြင့် မြန်မာအလုပ်သမား ၁၆ ဦးကို မြန်မာအေဂျင်စီဖြစ်သော GREAT SILVER LAND အေဂျင်စီက နှစ်နှစ်စာချုပ်ဖြင့် ပြီးခဲ့သော ဇူလိုင်လ ၃၁ ရက်နေ့တွင် ဘန်ကောက်မြို့သို့ လေကြောင်းလိုင်းမှတစ်ဆင့် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမားများကို ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်ရန် စာချုပ်ချုပ်ဆိုထားသော်လည်း ဒွန်မောင်းလေဆိပ်ရောက်သောအခါ ထိုင်းအလုပ်ရှင်ဖြစ်သူက ၎င်းတွင် အလုပ်မရှိသေးသဖြင့် ချင်းမိုင်ရှိ SMC ဆောက်လုပ်ရေးဆိုဒ်တွင် ခေတ္တသွားရောက်လုပ်ကိုင်ကြရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အလုပ်သမားများသည် ယင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် […]

တနင်္သာရီ၊ လယ်သစ်နှင့်သိန္ဓောရွာကို စစ်ကောင်စီက လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်

Dawei Watch

October 26, 2024

တနင်္သာရီမြို့နယ် လယ်သစ်ရွာနှင့် သိန္ဓောရွာများဘက်ကို စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၂၆) နေ့လယ်ပိုင်းတွင် လေယာဉ်နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံကသိရသည်။ ယခုရက်ပိုင်းအတွင်း အဆိုပါကျေးရွာများတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီ က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်တွင် ဂျက်ဖိုက်တာ အပါအဝင် လေယာဥ်နှစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း ၂ မှ တာဝန်ခံ ရဲဘော်မျိုးကြီးကပြောသည်။ “လယ်သစ်မှာတော့ အမျိုးသားတစ်ဦး နဲ့ အမျိုးသမီး ထိခိုက်ဒဏ်ရာရထားတယ်။ နည်းနည်းတော့ ဒဏ်ရာများကြတယ် ” ဟု ထိခိုက်မှုအခြေအနေကို ၎င်းကပြောပြသည်။ စစ်ကောင်စီ ၏ လေကြောင်းလှုပ်ရှားမှုများကို ကင်းထောက်နေသည့် EAR တယ်လီဂရမ်ချန်ကလည်း ယနေ့ အောက်တိုဘာလ ၂၆ ရက် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

October 26, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိ အိန္ဒိယ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကင်းလှည့်မှု သဘောတူညီမှုရ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား အငြင်းပွားနေတဲ့ ဟိမဝန္တာဒေသက နယ်စပ်ဒေတလျှောက် စစ်တပ်ကင်းလှည့်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဒီသဘောတူညီချက်ကနေ နှစ်နိုင်ငံ နယ်စပ်မျဉ်းကြား ထိတွေ့ပစ်ခတ်မှုတွေ ထပ်မရှိလာဖို့ မျှော်လင့်ရတာပါ။ နှစ်နိုင်ငံကြား သံတမန်ရေးအရရော စစ်ရေးအရပါ အကြိမ်ပေါင်းများစွာ ညှိနှိုင်းခဲ့ပြီးတဲ့နောက် ရခဲ့တဲ့ ရလဒ်ဖြစ်တယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့ တရုတ်တို့ကြား ဟိမဝန္တာဒေသမှာ ရှည်လျားတဲ့ နယ်နိမိတ်တွေ ရှိနေတာပါ။ ဒါပေမဲ့လည်း ဒီနယ်စပ်မှာချထားတဲ့ သောင်းနဲ့ချီတဲ့ နှစ်ဘက်စစ်တပ်တွေ ပြန်ဆုတ်ပေးဖို့ […]

တနင်္သာရီ သဘော့လိပ်ရွာတွင် နေအိမ်လေးဆောင်မီးလောင်၊ အမျိုးသားတစ်ဦးဒဏ်ရာရ

Dawei Watch

October 25, 2024

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းအုပ်စု၊ သဘော့လိပ်ရွာတွင် အောက်တိုဘာလ ၂၄ ရက်ညက မီးလောင်ပြီး နေအိမ် လေးလုံး မီးလောင်ပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။ စက်သုံးဆီနှင့် ကုန်စုံဆိုင်ရောင်းသည့် နေအိမ်၏ ဘုရားခန်းတွင် ဘုရားမီးပူဇော်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေအိမ်သုံးလုံးအပါအဝင် စုစုပေါင်း နေအိမ်လေးလုံး မီးလောင်ပျက်စီးကြောင်း ဒေသခံတို့က ဆိုသည်။ “စလောင်တာက ကုန်စုံဆိုင်၊ လောင်စာလည်းများတော့ အမြန်ပဲ မီးစွဲသွားတာ။ မီးကတော့ ညဘက်ကြီး မီးသတ်ကားလာဖို့ လမ်းခရီးလည်းကြန့်ကြာလို့ ရွာသားတွေ ဝိုင်းငြှိမ်းပေးလိုက်တာ” ဟု သဘော့လိပ်ရွာသားတစ်ဦးက ပြောသည်။ သဘော့လိပ်ရွာတွင် နေအိမ်အပျက်အစီးများသည့် မီးလောင်မှု ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မီးလောင်မှုအတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ပေးခဲ့သည် အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးတွင် မီးဟပ်ဒဏ်ရာ၊ မှန်ကွဲစ ဒဏ်ရာများရရှိသဖြင့် […]

ဖခင် လက်ထက် တာ့ခ်ဘိုင်အစုလိုက်အပြုံသတ်ဖြတ်မှု ထိုင်းဝန်ကြီးချုပ် တောင်းပန်

Dawei Watch

October 25, 2024

ဖခင်ဖြစ်သူ သက်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ် လွန်ခဲ့သည့် အနှစ် ၂၀ က ဖြစ်ပွားခဲ့သော နိုင်ငံ့တောင်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်က ကြာသပတေးနေ့တွင် တောင်းပန်လိုက်သည်။ ယင်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူများသည် လက်ရှိအချိန်အထိ အပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ရနေဆဲ ဖြစ်သည်။ တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေထုန်တန်၏ ဖခင်ဖြစ်သူ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ် လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သက်ဆင်သည် ယင်းဖြစ်ရပ်အတွက် လွန်ခဲ့သော ၂ နှစ်က တောင်းပန်ခဲ့ဖူးသည်။ သို့သော် ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသည်ဟု သက်ဆင်က ဝန်မခံခဲ့ပေ။ ထိုင်းဥပဒေအရ ပြစ်မှုတစ်ခုကို ရုံးတင်စစ်ဆေးရန် အများဆုံးခွင့်ပြုပေးထားသည့် ကြာချိန်သည် အနှစ် ၂၀ ဖြစ်သည်။ တာ့ခ်ဘိုင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ရုံးတင်စစ်ဆေးရန် ခွင့်ပြုထားသည့် ကြာချိန်သည် ယနေ့ […]