မြိတ်တွင် ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦး ဆိုင်ကယ်လုယူခံရပြီး သတ်ဖြတ်ခံရ
Dawei Watch
December 4, 2025မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦးသည် ခရီးသည်တစ်ဦးကို ပို့ဆောင်စဉ် ဆိုင်ကယ်လုယက် သတ်ဖြတ်ခံရကြောင်း သေဆုံး၏ မိသားစုဝင်များထံမှ သိရသည်။ သေဆုံးသူမှာ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ သဲချောင်းကြီးကျေးရွာတွင်နေထိုင်သည့် အသက် ၆၅နှစ်အရွယ် ဦးကြူရှင် ဖြစ်ကြောင်း ၎င်း၏ သားဖြစ်သူက ပြောသည်။ ဦးကြူရှင်သည် ဒီဇင်ဘာလ ၂ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ကျွဲကူးကျေးရွာသို့ သွားလိုသည့် အမျိုးသားတစ်ဦးအား ဆိုင်ကယ်ဖြင့် လိုက်ပို့ရာမှ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ မိသာစုဝင်များက လိုက်လံစုံစမ်းရှာဖွေရာ ဒီဇင်ဘာလ ၃ရက် နံနက်ပိုင်းတွင် ဦးကြူရှင်၏ ရုပ်အလောင်းကို မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု၊ သမဲကျေးရွာ ရော်ဘာတောထဲတွင် တွေ့ရှိကြောင်း သားဖြစ်သူက ပြောဆိုသည်။ “အဖေက နေ့တိုင်း ညနေ ၃နာရီလောက်ဆိုရင် […]


