စစ်ကောင်စီတပ်သားခြောက်ဦး ဒေါနစစ်ကြောင်းထံဘက်ပြောင်းခိုလှုံ
Dawei Watch
November 19, 2024မွန်နှင့် တနင်္သာရီဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်းထံသို့ နိုဝင်ဘာ လဆန်းပိုင်းတွင် စစ်ကောင်စီတပ်သားခြောက်ဦးဘက်ပြောင်းခိုလှုံလာကြောင်း ယင်းစစ်ကြောင်းက နိုဝင်ဘာလ ၁၈ရက်က ထုတ်ပြန်သည်။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီ အမှတ် (၂၇၃) ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သားငါးဦးနှင့် တောင်ပိုင်း ရေတပ်ကွပ်ကဲရေးဌာနက ရေတပ်သားတစ်ဦး စုစုပေါင်း ခြောက်ဦး ခိုလှုံလာကြခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်း ပြန်ကြားရေးထံမှ သိရသည်။ အဆိုပါခြောက်ဦးအနက် ရေတပ်သားတစ်ဦးသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်ဆန်အတောင့်ရေ ၁၆၀ ကျော်နှင့်အတူ လာရောက်ခိုလှုံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “၂၇၃ တပ်ကတော့ သူတို့ဘာသာထွက်လာပြီး လမ်းရောက်မှ (အမည်မဖော်လိုတဲ့) ရွာသားကနေတစ်ဆင့် ချိတ်ဆက်တာ ပါဗျ။ ရေတပ်သားကတော့ တိုက်ရိုက်ချိတ်ဆက်ပြီးလာတာပါ။ ၂၇၃ က ထွက်လာတဲ့ ငါးယောက်စလုံးက […]


