BREAKING
November 6, 2025

သတင်း

ထားဝယ်မြို့ပေါ် တိုက်ခိုက်ခံရသည့်နေရာအနီးနေသူများကို စစ်ကောင်စီက သုံးရက်အတွင်းအဓမ္မပြောင်းခိုင်း

Dawei Watch

November 20, 2024

စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရသည့် ထားဝယ်မြို့ပေါ် ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ရပ်ကွက်ကြားတွင် နေထိုင်သူများ ပြောင်းရွှေ့ထွက်ခွာရန် စစ်ကောင်စီ ဖိအားပေးနေကြောင်း မြို့ခံများကပြောသည်။ နိုဝင်ဘာလ ၁၈ ရက်က ဆင်ဆိပ်နှင့် အိမ်ရှေ့ပြင်ကြားရှိ ထားဝယ်လေဆိပ်ပြေးလမ်းထိပ်က အရက်ချက်စက်ရုံအနီးတွင် သုံးဘီးမော်တော်ယာဉ်နှင့် ကင်းလှည့်လာသည့်စစ်ကောင်စီတပ်သားများတိုက်ခိုက်ခံခဲ့ရသည်။ ယင်းနောက် တစ်ရက်အကြာ နိုဝင်ဘာ ၁၉ ရက်တွင် စစ်ကောင်စီတပ်နှင့် မြေစာရင်း၊ အိုအိမ်၊ ထွေအုပ် စသည့် ပူးပေါင်း အဖွဲ့က အိမ်တိုင်ရာရောက်လာရောက်ပြီး ပြောင်းရွေ့ရန် လိုက်လံဖိအားပေးပြောဆိုခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “အထောက်အထား မရှိတဲ့သူတွေ ဥပမာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဆိုင်ဆောက်ထားတာတွေ၊ ဆိုင်ခန်းဖွင့်လှစ် ရောင်းချ နေတာတွေ ပြောင်းရမယ်ပြောတယ်။ (ဒီနေ့) မနက်ကဆိုရင် တချို့ ပစ္စည်းသယ်နေတာတွေ့ရတယ်။ ကုန်တင်ကားဝင်းရှေ့က အဆောက်အအုံတစ်ခုကတော့ ဖျက်နေတာ တွေ့ရတယ်” ဟု ၎င်းက […]

ထားဝယ်-မြိတ်ကားလမ်း ဆင်ထိုးကြီးရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

November 20, 2024

သရက်ချောင်းမြို့နယ်အထွက် ပုလောမြို့နယ်အဝင် ထားဝယ်-မြိတ်ကားလမ်းဘေးက ဆင်ထိုးကြီးရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများနှင့် KNLA တို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဆင်ထိုးကြီးကျေးရွာကို နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ ဆင်ထိုးကြီးရွာအပြင်ဘက် ဘောလုံးကွင်းအနီးတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၆) မှ တပ်ခွဲမှူး တစ်ဦးက ပြောသည်။ “(နိုဝင်ဘာ ၁၉) မနေ့ကဖြစ်တဲ့ ထိတွေ့မှုက သူပစ်ကိုယ်ပစ်တော့ မဟုတ်ဘူး။ ကျွန်တော်တို့ဘက်က ဒရုန်းနဲ့ ချတာရှိတယ်၊ လှန့်ပစ်တာရှိတယ်။ ဒီနေ့ကတော့ တိုက်ပွဲကြီးဖြစ်သွားပြီ” ဟု […]

ဘန်လောတွင် စစ်ကောင်စီဒရုန်းဖြင့်ဗုံးချမှုကြောင့် စေတီနှင့် နေအိမ်သုံးဆောင်ပျက်စီး

Dawei Watch

November 20, 2024

တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် စေတီနှင့် နေအိမ်သုံးဆောင် ပျက်စီးကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၁၉ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဒရုန်း နှစ်ကြိမ်ပျံသန်းကာ ၈၁ မမ အမျိုးအစား ဗုံးလေးလုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ဒေသခံတွေကတော့ အချိန်မီ ရှောင်တိမ်းနိုင်ခဲ့တော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။ ဘန်လောရွာအနီးဝန်းကျင်က ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဘန်လောကျေးရွာရှိ စေတီနှင့် နေအိမ်သုံးဆောင်ပျက်စီးကြောင်း ပြောဆိုသည်။ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသတွင်း ဘာသာရေး အဆောက် အအုံများ […]

ဘန်ကောက်အနီး ကားတိမ်းမှောက်ပြီး မြန်မာခုနစ်ဦးသေဆုံး

Dawei Watch

November 20, 2024

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး နခွန်ပထုံခရိုင်တွင် ကားတိမ်းမှောက်ပြီး မြန်မာနိုင်ငံသားခုနစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်ပထုံခရိုင် ဘန်လင်းဒေသ ကော့ရေ့ဘုန်းကြီးကျောင်းရှေ့ လမ်းကွေ့တွင် ယနေ့ နိုဝင်ဘာလ ၂၀ရက် နံနက် မိနစ် ၃၀ ခန့် (နိုဝင်ဘာလ ၁၉ရက် ညသန်းခေါင်ကျော်) က ကားတိမ်းမှောက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ပစ်ကပ်ကားကို ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကားမရပ်ဘဲ မောင်းထွက်ပြေးပြီးနောက် လမ်းကွေ့အရောက် တွင် အရှိန်မထိန်းနိုင်ဘဲလမ်းမီးတိုင်ကို ဝင်တိုက်ကာ လမ်းဘေးမြောင်းထဲ ထိုးဆင်းခဲ့ကြောင်း ဆိုသည်။ ကားပေါ်လိုက်ပါလာသည့် အမျိုးသားနှစ်ဦး၊ အမျိုးသမီးငါးဦး စုစုပေါင်း မြန်မာနိုင်ငံသား ခုနစ်ဦးစလုံး သေဆုံးကြောင်း ရေးသားထားသည်။ ကားမောင်းသူမှာ မြန်မာနိုင်ငံသားဖြစ်ပြီး ၎င်းနံဘေးတွင် နောက်ထပ် မြန်မာတစ်ဦးကိုလည်း သေဆုံးလျက်တွေ့ရကြောင်း ဖော်ပြသည်။ နောက်ထပ် မြန်မာအမျိုးသမီးငါးဦးမှာ […]

ထိုင်းတွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၂၃ ဦး ဖမ်းဆီးခံရ

Dawei Watch

November 19, 2024

ထိုင်းနိုင်ငံ နခွန်စဝမ်ဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၃ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဝေးပြေးလမ်းမများပေါ် မောင်းလာသော ပစ်ကပ်ကားကို မသင်္ကာ၍ အစစ်အဆေးခံရန် ရဲတပ်ဖွဲ့က အချက်ပြခဲ့သော်လည်း အစစ်အဆေးမခံဘဲ အရှိန်မြင့် မောင်းပြေးခဲ့သဖြင့် ရဲတပ်ဖွဲ့က ကားအရှေ့နှင့် အနောက်က ပိတ်ညှပ်၍ ဖမ်းဆီးခဲ့ရာမှ မြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကားပေါ်တွင် ပြည့်ကျပ်စွာလိုက်ပါလာသော မြန်မာနိုင်ငံသား ၁၂ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ကားသမားကို ဖမ်းမိခဲ့ကြောင်း ရေးသားထားသည်။ ထိုင်းကားသမားကလည်း နောက်ထပ် ကားတစ်စီးရှိသေးကြောင်း ဝန်ခံခဲ့သဖြင့် ရဲတပ်ဖွဲ့က ထပ်မံစောင့်ဆိုင်း၍ ဖမ်းဆီးခဲ့ရာမှ ၂ စီးစလုံးကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ နောက်ကားတစ်စီးထဲတွင်လည်း မြန်မာနိုင်ငံသား […]

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်၍ ထားဝယ်တွင် အမျိုးသမီးတစ်ဦးသေဆုံး

Dawei Watch

November 19, 2024

ထားဝယ်-မြိတ်ကားလမ်း ရွှေဂူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် ထားဝယ်မြို့နယ် ရှင်မုတ္ထီးရွာက လူငယ်အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ နိုဝင်ဘာ ၁၅ ရက်ညနေပိုင်းတွင် ကော်သူးလေတပ်မတော်-KTLA တပ်ဖွဲ့ဝင်များက ရောင်းမော်ရွာနှင့် ရှင်မုတ္ထီးရွာဘက်ကို ဝင်ရောက်ခဲ့ပြီး နောက်တစ်ရက် နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီကျော်တွင် စစ်ကောင်စီတပ်က ရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးမှာ ရှင်မုတ္ထီးကျေးရွာရှိ လုပ်ငန်းခွင်တစ်ခုမှ ရွေ့ပြောင်းအလုပ်သမားများ နေထိုင်သည့် အလုပ်သမားတန်းလျားပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ “သေတာတစ်ယောက်ပဲ၊ ငါးယောက်ကဒဏ်ရာရတယ်၊ ကျန်တဲ့ငါးယောက်က ထားဝယ်မြို့ပေါ်က ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အထက်မြန်မာပြည်မှ ရှင်မုတ္ထီးရွာတွင် […]

ဟောင်ကောင်ဒီမိုကရေစီအရေးဦးဆောင်သူ လေးဆယ်ကျော် ထောင်ဒဏ်ချမှတ်ခံရ

Dawei Watch

November 19, 2024

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄၅ ဦးအား ဟောင်ကောင်အဆင့်မြင့်တရားရုံးကယနေ့ အင်္ဂါနေ့တွင် ထောင်ဒဏ် ၁၀ နှစ်အထိရှိသော အပြစ်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ အငြင်းပွားစရာ အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်အစိုးရအား ဖြိုဖျက်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ပြီး နိုင်ငံတကာမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။ Hong Kong 47 ဟု အမည်ပေးထားသည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖွဲ့၏ အဖွဲ့ဝင် ၄၇ ဦးအား ၂၀၂၁ ခုနှစ်တွင် အာဏာပိုင်များက ဖမ်းဆီးတရားစွဲခဲ့သည်။ ၂၀၂၀ ခုနှစ် ဒေသရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ ကြိုတင်ရွေးချယ်နိုင်ရေး ကြံစည်မှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ယင်းနောက် အဖမ်းခံရသူများထဲမှ နှစ်ဦးမှာ မေလတွင် တရားသေ လွတ်မြောက်လာခဲ့သည်။ အင်္ဂါနေ့ ထောင်ဒဏ်အမိန့်ချမှတ်ခံရသူများတွင် နာမည်ကြီးတက်ကြွလှုပ်ရှားသူ Joshua Wong နှင့် Hong […]

လောင်းလုံး ထိန်တွင်းရွာတွင် ရွာသားတစ်ရာနီးပါး ဖမ်းဆီးစစ်ဆေးခံရပြီး အိမ်များဖောက်ထွင်းခံရ

Dawei Watch

November 19, 2024

လောင်းလုံးမြို့နယ်၊ ထိန်တွင်းကျေးရွာတွင် လူနေအိမ်ခြေတစ်ရာကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်းက ဖောက်ထွင်းပြီး ဆိုင်ကယ်နှင့် အဖိုးတန်အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သလို ဒေသခံတစ်ရာနီးပါးကိုလည်း ဖမ်းဆီးစစ်ဆေးခဲ့ ကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက ထားဝယ်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် အင်အားတစ်ရာခန့်ရှိသည့် စစ်ကြောင်း တစ်ကြောင်းသည် လှေဖြင့် ထားဝယ်မြစ်ကြောင်းအတိုင်း ထိန်တွင်းရွာသို့ ရောက်ရှိလာပြီး နေအိမ်များကို ရိုက်ဖျက် ဝင်ရောက်ရှာဖွေခဲ့ခြင်းကြောင်း ဒေသခံများက ဆိုသည်။ ထို့နောက် ထိန်တွင်းရွာသား တစ်ရာနီးပါးကို ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေး မေးမြန်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အဓိကတော့ PDF တွေ ရောက်လာတာလား။ ဘယ်ဘက်ကိုသွားလဲပေါ့။ အဲဒီလိုတွေ မေးတယ်” ဟု ၎င်းက ပြောသည်။ ထိုသို့စစ်ဆေးရာတွင် အသက် ၆၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး၊ […]