စစ်ကောင်စီတပ်က ဆင်ဒင်ရွာရှိ နေအိမ်ခြောက်လုံးကိုမီးရှို့ပြီး အရပ်သားနှစ်ဦးကိုဖမ်းဆီး
Dawei Watch
November 23, 2024တနင်္သာရီမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဆင်ဒင်ရွာသားနှစ်ဦးကို ဖမ်းဆီးပြီး နေအိမ် ၆ လုံးမီးရှို့ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။ ယနေ့ (နိုဝင်ဘာ ၂၃) နံနက် ၆ နာရီအချိန်တွင် တနင်္သာရီမြို့နယ်ထဲက ဇဝဲနှင့်ရမ်းဖိုကျေးရွာအကြားရှိ ကျောက်ချောင်းတောင်အနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သားများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ ဆင်ဒင်ရွာနေ အသက် ၆၀အရွယ် ဦးမောင်အေးနှင့် အသက် ၃၀အရွယ် ဦးချစ်ဆန်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ရွာနားမှာ မိုင်းဆွဲခံရပြီး သူတို့ဘက်ကအထိနာလို့ ရမ်းပြီးဖမ်းဆောင်သွားတာမျိုးပါ။ ဖမ်းခေါ်သွားတဲ့ အရပ်သားနှစ်ဦးကို ခမရ ၅၅၆ ဇဝဲတပ်ရင်းထဲကိုပဲဖမ်းခေါ်သွားတာ” ဟု တနင်္သာရီရိုးမ၊ ဇုန်(၃) အဖွဲ့၏ ဇုန်တာဝန်ခံရဲဘော်အိုတူးက ပြောသည်။ မိုင်းဆွဲခံရသည့် စစ်ကောင်စီတပ်က ဆင်ဒင်ရွာအတွင်းဝင်ရောက်လာပြီး နေအိမ်များကို […]


