BREAKING
November 7, 2025

သတင်း

ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူ တစ်သန်းကျော် အအေးဒဏ်ခံနေရ

Dawei Watch

November 29, 2024

ယူကရိန်းနိုင်ငံအတွင်းရှိ အခြေခံအဆောက်အအုံ အမြောက်အများကို ရုရှားဘက်က ဒုံးကျည်အလုံးရေ ၉၀၊ ဒရုန်း ၁၀၀ ဝန်းကျင်ဖြင့် မနေ့က(ကြာသပတေး) ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုကြောင့် အေးခဲနေသည့် ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကြုံရပြီး ယူကရိန်းနိုင်ငံအနှံ့မှ ပြည်သူပေါင်းတစ်သန်းကျော် အအေးဒဏ်ခံနေရကြောင်း သတင်းများတွင် ဖော်ပြသည်။ ယခုတိုက်ခိုက်မှုသည် ရုရှားနိုင်ငံထဲသို့ အမေရိကန်လုပ် ATACMS ဒုံးကျည်များဖြင့် ယူကရိန်းက ပစ်ခတ်ခဲ့သဖြင့် လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြောခဲ့သည်။ ယူကရိန်းနိုင်ငံ၊ မြို့တော်ကိယက်ဗ်ရှိ အစိုးရအဖွဲ့၏ အဓိကဌာနများကို တိုက်ခိုက်ရန်အတွက်လည်း အသင့်ရှိနေပြီဖြစ်ကြောင်း ၎င်းက သတိပေးထားသည်။ ယင်းအပြင်မည်သည့်လေကြောင်း ကာကွယ်ရေးစနစ်ကမှ မခုခံနိုင်သည့် နျူကလိယထိပ်ဖူးတပ် Oreshnik ဒုံးကျည်သစ်ဖြင့် ကိယက်ဗ်ကို တိုက်ခိုက်သွားမည်ဟုလည်း ပူတင်က ခြိမ်းခြောက်ခဲ့သည်။

မဟာချိုင်တွင် ဆောက်လုပ်ဆဲမိုးပျံအဝေးပြေးလမ်း ပြိုကျပြီး မြန်မာလုပ်သားများ ထိခိုက်သေဆုံး

Dawei Watch

November 29, 2024

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လက်စမိုးပျံအဝေးပြေးလမ်းမကြီး ပြိုကျမှုဖြစ်ခဲ့ပြီး မြန်မာအလုပ်သမားများ ထိခိုက်သေဆုံးမှု ရှိနေကြောင်း ကနဦးရရှိသည့် သတင်းများအရသိရသည်။ ယနေ့ နံနက် ၄ နာရီအချိန်ခန့်က မဟာချိုင်ဈေးသစ်နေရာရှိ ဖလန်စောင်လမ်းမကြီးပေါ်မှ မိုးပျံတံတား ဆောက်လုပ်ရေး လုပ်ငန်းခွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမားအချို့ ထိခိုက်သေဆုံးမှုရှိနေကြောင်း ဖော်ပြထားသည်။ လက်ရှိအချိန်အထိ အလုပ်သမား ၄ ဦး သေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာ ရရှိထားကြောင်း၊ တံတားပြိုကျချိန်တွင် အလုပ်သမား ၄၀ ခန့် အလုပ်လုပ်နေပြီး ၂၅ ဦး အန္တရာယ်ကင်းခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ သို့သော် ထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးပေ။ လက်ရှိတွင် ပြိုကျမှုဖြစ်သော လမ်းပိုင်းကို ပိတ်ထားပြီး အခြားလမ်းကြောင်းကို အသုံးပြုရန် ထိုင်းအာဏာပိုင်များက ညွှန်ကြားထားသည်။ Ref: Thai […]

ချင်းမိုင်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးခံရမှု မြန်မာ ၈ ဦး ပါဝင်

Dawei Watch

November 28, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်း-တရုတ် အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၈ ဦးလည်း ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ချင်းမိုင်မြို့အတွင်းနှင့် စန်စိုင်း၊ စန်ကန်ဖေးရပ်ကွက်များရှိ အွန်လိုင်းငွေကြေးလိမ်လည်မှုများ ပြုလုပ်နေသည်ဟု သံသယရှိသော အိမ် ၁၁ လုံးကို ဗဟိုစုံစမ်းစစ်ဆေးရေးဌာန (CIB) က နိုဝင်ဘာလ ၂၆ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။ အမှုနှင့် သက်ဆိုင်နေသော တရုတ်နိုင်ငံသား ၅ ဦး၊ ထိုင်းနိုင်ငံသား၂ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၈ ဦး စုစုပေါင်း ၁၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖမ်းဆီးခံရသူများတွင် ဝရမ်းထုတ်ထားသော ထိုင်းအမျိုးသမီး Jirapan လည်း ပါဝင်ခဲ့ပြီး အိမ်ငှားမှု၊ အွန်လိုင်းငွေလိမ်မှုနှင့်ပက်သက်သော ဆက်စပ်ပစ္စည်းများအတွက် အဓိက တာဝန်ရှိသူဖြစ်ကြောင်း ဖော်ပြထားသည်။ အခြားသူများသည် […]

တရုတ်ကာကွယ်ရေးဝန်ကြီး အကျင့်ပျက်ခြစားမှုဖြင့် အရေးယူခံနေရ

Dawei Watch

November 28, 2024

တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun သည် အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်ဟု Financial Times သတင်းစာက ဗုဒ္ဓဟူးနေ့တွင် စတင်ဖော်ပြခဲ့သည်။ တရုတ်စစ်တပ်အတွင်း အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး Dong Jun ဖြစ်ရပ်မှာ ယခုနောက်ဆုံးအခြေအနေဖြစ်ကြောင်း ယင်းကိစ္စနှင့် နီးစပ်သူ အမေရိကန်အရာရှိနှစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ Financial Times နှင့် ဖော်ပြချက်နှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Mao Ning က ယင်းမှာ အတည်မပြုနိုင်သေးကြောင်း ဖြေကြားခဲ့သည်။ တရုတ်စစ်တပ်သည် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပြီးခဲ့သည့်နှစ်မှ စ၍ အရှိန်တိုးမြှင့် လုပ်ဆောင်လာနေသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ( PLA) မှ ဗိုလ်ချုပ် ၉ ဦးထက်မနည်း အဖမ်းဆီးခံထားရပြီး ကာကွယ်ရေးကဏ္ဍမှာ ခေါင်းဆောင်အချို့လည်း […]

ထားဝယ်တွင် အက်တမ်ဖုန်းလိုင်း ပြတ်နေသော်လည်း စစ်တပ်ပိုင် မိုင်တဲဆင်းကတ်မရောင်းရ

Dawei Watch

November 28, 2024

ထားဝယ်ခရိုင်တွင် အက်တမ်(ATOM) ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသဖြင့် MPT ဆင်းကတ်နှင့် အော်ရီဒူး ဆင်းကတ်များ ရောင်းအားတက်နေသော်လည်း မိုင်တဲ(Mytel) ဆင်းကတ်များ မရောင်းရကြောင်း ဖုန်းဆင်းကတ်ရောင်းချသူများကပြောသည်။ မိုင်တဲ (Mytel) ဆက်သွယ်ရေးကုမ္ပဏီမှာ အာဏာသိမ်းစစ်ကောင်စီတပ်ကို ဝင်ငွေရှာဖွေပေးနေသည့် စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး လုံခြုံရေးစိတ်ချရမှုမရှိသဖြင့် ပြည်သူအများစုက သုံးစွဲလိုခြင်း မရှိကြပေ။ ယခင်က MPT ဆင်းကတ် ၁၀ ကဒ်ဝယ်ကို တစ်လနီးပါးရောင်းရသော်လည်း ယခု တစ်ရက်နှစ်ရက်အတွင်း ကုန်သွားကြောင်း ထားဝယ်မြို့ရှိ ဖုန်းဆင်းကတ် ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။ “MPT ဆိုရင် ရောင်းရများတယ်။ ရောင်းမလောက်တော့ဘူး။ အခုကုန်သွားပြီ၊ နောက် ထပ်ရောင်းရတာက အော်ရီဒူး ရောင်းရတယ်။ မိုင်တဲကတော့ သိပ်မရောင်းရဘူး”ဟု ဖုန်းဆင်းကတ်ရောင်းသူအမျိုးသမီးကပြောသည်။ ဖုန်းဆင်းကတ်ရောင်းရသည့်အပြင် ဈေးနှုန်းများပါ မြင့်တက်လျက်ရှိကြောင်း ထားဝယ်နှင့် ရေဖြူမြို့နယ် […]

အမြောက်တပ် ၃၁၈ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ၅ ဦးသေဆုံးဟု NMSP-AD ထုတ်ပြန်

Dawei Watch

November 28, 2024

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် ၃၁၈ ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NMSP-AD က ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။ အဘစ်အမြောက်တပ်ကို NMSP-AD က နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် သံဖြူဇရပ်မြို့အဝင် ဖောၚ်စိန်စစ်ဆေးရေးဂိတ်ကိုလည်း NMSP-AD က နိုဝင်ဘာလ ၂၃ ရက်နေ့က ဒရုန်:ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အရာရှိနှစ်ဦးအပါအဝၚ် တပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NMSP-AD ထံမှ သိရသည်။ […]

ထိုင်းတွင် ကရင်ကျောင်းသား ၂၀ နီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

Dawei Watch

November 28, 2024

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ စဝမ်ဖုန်ဒေသရှိ ထိုင်းအစိုးရ စာသင်ကျောင်းတွင် ပညာသင်ယူနေသော ကရင်ကျောင်းသား ၂၀ နီးပါးကို ထိုင်းကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကျောင်းသား ၉ ဦးကို ကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အရေးယူပေးရန် ကျောင်းသားမိဘများက စဝမ်ဖုန်ရဲစခန်းထံ နိုဝင်ဘာလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။ ယင်းနောက် ကျောင်းဆရာကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝရမ်းထုတ် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းစစ်ဆေးရာမှ ကျူးလွန်ခံရသော ကျောင်းသား (အမျိုးသား)ဦးရေ ၁၇ ဦးအထိ တိုးလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကျောင်းသားမိဘ ၁၂ ဦးက တိုင်ချက်ဖွင့်ထားပြီး နောက်ထပ် ၅ ဦးကလည်း တိုင်ချက်ဖွင့်ရန် […]

စင်္ကာပူတွင် အိမ်မွေးခွေးကို သေသည်အထိ ရိုက်နှက်မှုဖြင့် မြန်မာအိမ်ဖော် ထောင်ချခံရ

Dawei Watch

November 28, 2024

စင်္ကာပူနိုင်ငံတွင် အိမ်ရှင်မွေးထားသည့် ခွေးကို အသက်သေသည်အထိ ရိုက်နှက်ခဲ့သည်ဟုဆိုကာ တရားစွဲခံထားရသော မြန်မာအိမ်ဖော် အမျိုးသမီးကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သည်။ အိမ်ရှင်၏ စေခိုင်းချက်အရ အဆိုပါခွေးကို စည်းကမ်းပေးရန် အိမ်ဖော်အမျိုးသမီးက ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း၊ သိုသော်သေသည်အထိ ရိုက်နှက်သဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားသည်။ စင်္ကာပူနိုင်ငံ၏ တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေအရ ယင်းအိမ်ဖော်အမျိုးသမီးမှာ စွဲချက်သုံးခုစလုံးတွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၉ လ ချမှတ်ခံလိုက်ရသည်။