နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ
Dawei Watch
December 24, 2024အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ကျောက်နီမော်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းသုံး စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ “လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြိတ်လေတပ်စခန်းမှ K-8 W အမျိုးအစား ဂျက်ဖိုက်တာလေယာဉ်တစ်စီး နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပျံတက်သွားကြောင်း၊ လေကြောင်းသတိပေး တယ်လီဂရမ်ချယ်နယ်တို့က ဖော်ပြပြီးနောက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် ကျောက်နီမော်ရွာတွင် လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်သည်။ ယင်းမတိုင်ခင်ကတည်းက ကျောက်နီမော်ကျေးရွာအနီးတွင် ကျောက်ချရပ်နားထားသည့် စစ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း […]
လောင်းလုံးကျွန်းဆွယ်တပ်ဖွဲ့ (LPF) ထံ စစ်ကောင်စီဘက်က ရဲမေတစ်ဦး ဘက်ပြောင်းခိုလှုံလာကြောင်း ယင်းတပ်ဖွဲ့က ဒီဇင်ဘာ ၂၂ ရက်တွင်သတင်းထုတ်ပြန်သည်။ အဆိုပါရဲမေသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပြည်ထဲရေးဝန်ကြီးဌာနရုံးလက်အောက်ရှိ နေပြည်တော် ရဲသတင်းတပ်ဖွဲ့ မှုခင်းဌာနက ရဲမေဖြစ်ကြောင်း ဖော်ပြသည်။ လွန်ခဲ့သည့် တစ်လခန့်ကတည်းက ခိုလှုံလာခြင်းဖြစ်ပြီး ကာယကံရှင်၏ ဆန္ဒနှင့်လုံခြုံရေးအခြေအနေအရ တစ်လကြာပြီးမှ သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း LPF တပ်ဖွဲ့ထံမှ သိရသည်။ သတင်းထုတ်ပြန်ရာတွင်လည်း ရဲမေ၏ အမည်ကို သဲသဲ (အမည်လွှဲ) ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ ရဲမေ၏ ဆွေမျိုးသားချင်းတစ်ဦး၏ ကြားခံဆက်သွယ်ကူညီပေးမှုဖြင့် LPF တပ်ဖွဲ့ နှင့် အဆက်အသွယ်ရပြီး ခရီးစဥ် တစ်ဝက်ကို ၎င်းအစီအစဥ်ဖြင့်လာ၍ ကျန်တစ်ဝက်ကို တပ်ဖွဲ့က စီစဥ်ပေးခဲ့ကြောင်း LPF တပ်ဖွဲ့ ၏ ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော် […]
မြိတ်မြို့အနီးဝန်းကျင်တွင် ကြက်တိုက်လောင်းကစားဝိုင်းများ စည်ကားနေသည့်အတွက် တိုက်ကြက်မွေးမြူသူ များပြားလာကြောင်း မွေးမြူသူများနှင့် ဝါသနာရှင်များထံမှ သိရသည်။ ပုလောမြို့နယ် ရှပ်ပုံရွာ၊ ပိန္နဲတောင်ရွာနှင့် သဲပုံကျေးရွာများတွင် ပြုလုပ်လေ့ရှိသည့် ကြက်ဝိုင်းများမှာ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် မြိတ်မြို့အနီး ကျွဲကူးရွာနှင့် ဘဘွတ်ကျေးရွာသို့ ပြောင်းရွှေ့လာကြသည်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ဦးဆောင်၍ ကျွဲကူးရွာနှင့် သဘွတ်ကျေးရွာတို့တွင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများကို တစ်ပတ်လျှင် သုံးရက်နှုန်းဖြင့် အလှည့်ကျ ပြုလုပ်နေခြင်းဖြစ်သည်။ အဆိုပါ ကြက်တိုက်လောင်းကစားဝိုင်းများက နေ့တိုင်းနီးပါးရှိနေသည့်အတွက် တစ်နိုင်တစ်ပိုင်မွေးမြူသူများက စီးပွားဖြစ်မွေးလာကြကြောင်း တိုက်ကြက်မွေးနေသည့် ကဘင်းကျေးရွာနေ ဒေသခံတစ်ဦးက ဆိုသည်။ “ကျွန်တော်အသိတစ်ယောက်မှာဆိုရင် မနှစ်က အကောင်တစ်ဆယ်ကျော်လောက်ပဲရှိတယ်။ ဒီနှစ်အကောင် လေးဆယ်လောက်တောင် ရှိနေပြီ” ဟု ၎င်းက ပြောသည်။ အဆိုပါဒေသတွင် တိုက်ကြက်ကို နှစ်ဦးခန့်သာမွေးမြူရာက လက်ရှိအချိန် ဒေသခံအများစုက မွေးမြူလာကြကြောင်း […]
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသတွင် ကာလဝမ်းရောဂါကူးစက်ပြန့်ပွားနေသဖြင့် တာခ့်ခရိုင်ထဲက ထိုင်း-မြန်မာနယ်စပ်ဂိတ် တစ်လ ယာယီပိတ်မည်ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောသည်။ ကာလဝမ်းရောဂါပြန့်ပွားလာမှုကို ထိန်းချုပ်နိုင်ရေး ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး ဌာနတို့က ပူးပေါင်းဆောင်ရွက်ပြီးနောက် နယ်စပ်ကို ပိတ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက်လည်း သတ်မှတ်ကာလအတွင်း ထိုင်းနှင့် မြန်မာနိုင်ငံသားများအနေဖြင့် နယ်စပ်ဖြတ်သန်းသွားလာခြင်း မပြုကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောဆိုသည်။ ရောဂါပြန့်ပွားနေသည့် ကာလအတွင်း ထိုင်းအစိုးရအနေဖြင့် နယ်စပ်တစ်လျှောက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သွားမည် ဖြစ်ပြီး တစ်လအကြာမှသာ ပြန်လည်စဉ်းစားဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် […]
ရေဖြူမြို့နယ်၊ ဇာဒီအုပ်စုကို စစ်ကောင်စီစစ်ကြောင်းစဝင်သည့် ဒီဇင်ဘာလ ၁၈ရက်ကတည်းက ဖမ်းဆီးခံထားရသည့် ခွေးမဖောရွာက အမျိုးသားနှစ်ဦးအနက် တစ်ဦး၏အလောင်းကို ယနေ့ ဒီဇင်ဘာ ၂၃ ရက်တွင် ပြန်လည်ရှာတွေ့ကြောင်း ဒေသခံများထံမှ သိရသည် ။ အသက် ၄၀ ကျော်အရွယ် ကိုအောင်ကြည်သိန်း (ခေါ်) ကိုသားငယ်ဟှား၏ ရုပ်အလောင်းကို ပြန်တွေ့ခြင်းဖြစ်ကြောင်း ရွာသားများက အတည်ပြုပြောဆိုသည်။ “ရွာသုသာန်အနားမှာ ပြန်တွေ့တယ်။ စစ်ကြောင်းက အနီးကပ်ရှိနေသေးလို့ မြေမြှုပ်မယ့်ကိစ္စတွေ မလုပ်ပေးရသေးဘူး။ သူက အဖမ်းခံရကတည်းက အတော်အရိုက်ခံထားရတယ်။ အလောင်းကိုက မြေတစ်ဝက်မြှုပ်ပြီး တစ်ဝက်ကို သစ်ကိုင်းခြောက်နဲ့ အုပ်ထားတယ် အနံ့တောင်ထွက်နေပြီ” ဟု ခွေးမဖောရွာသားတစ်ဦးက ပြောသည်။ ကိုအောင်ကြည်သိန်းသည် ဇာဒီအုပ်စု၊ ဒိုက်တကော်ရွာသားဖြစ်ပြီး အိမ်ထောင်ကျပြီးနောက် ခွေးမဖောရွာသို့ ပြောင်းရွှေ့ကာ တောင်ယာအလုပ်ဖြင့် အသက်မွေးနေသူဖြစ်ကြောင်း ရွာသားများက ဆိုသည်။ […]
လောင်းလုံးမြို့နယ်ရှိ ဒေသခံများ လေကြောင်းအန္တရာယ် ကာကွယ်ရေးအစီအမံများ ကြိုတင်ပြင်ဆင်ကြရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အထူးသတိပေးချက် ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လုံခြုံသည့်အစီအမံများ၊ ဗုံးခိုကျင်းများတွင် နေထိုင်ကြရန် အထူးသတိပေးကြောင်း ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ထုတ်ပြန်သတိပေးထားခြင်းဖြစ်သည်။ ယနေ့ နံနက် ၉ နာရီကျော်မှစပြီး လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများအပေါ် စစ်ကောင်စီလေယာဉ်များ ပျံသန်းနေကြောင်း ဒေသခံအချို့က ပြောသည်။ “(နံနက်) ၁၀ နာရီလောက်ကတော့ လေယာဉ်အသံကြားလိုက်တယ်။ လေယာဉ်ကိုတော့ မမြင်ရဘူး။ မမြင်နိုင်လောက်တဲ့ နေရာကနေ ပျံနေတာဖြစ်မယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ လေကြောင်းသတိပေးချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်အသိပေးနေသည့် Enemy Air Route Channel […]
အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။