BREAKING
November 8, 2025

သတင်း

စစ်ကောင်စီတပ်ဖမ်းထားသည့် ခွေးမဖောရွာသား ကိုဝေဠုကျော် ပြန်လွတ်

Dawei Watch

December 26, 2024

ရေဖြူမြို့နယ် ၊ ဇာဒီရွာဘက်ကို စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသော ဇာဒီကျေးရွာအုပ်စု ခွေးမဖောရွာသား ကိုဝေဠုကျော်သည် ပြန်လွတ်လာကြောင်း နီးစပ်သူများထံမှသိရသည်။ ဒီဇင်ဘာလ ၂၅ ရက်နံနက်ပိုင်းက အသက် ၁၈ နှစ်အရွယ် ကိုဝေဠုကျော်ကို စစ်ကောင်စီတပ်က ပြန်လွှတ်လိုက်ခြင်း ဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ အဆိုပါဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းစဝင်သည့် ဒီဇင်ဘာ ၁၈ ရက်က ၎င်းနှင့်အတူ အဖမ်းခံရသည့် ခွေးမဖောရွာက ကိုအောင်ကြည်သိန်းမှာ အသတ်ခံလိုက်ရပြီး ဒီဇင်ဘာ ၂၃ ရက်က အလောင်းပြန် တွေ့ခဲ့သည် ။ ထိုအချိန်က စစ်ကြောင်းဝင်လာစဥ် ရွာအတွင်းပိတ်မိနေသဖြင့် ဖမ်းဆီးခံရသည့် ဇာဒီရွာသား နှစ်ဆယ်ခန့်လည်း ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ယင်းစစ်ကောင်စီစစ်ကြောင်းသည် ဒီဇင်ဘာလ ၂၅ ရက်တွင် ဇာဒီရွာမှ ပြန်လည်ထွက်ခွာသွားသော်လည်း […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 26, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်းဖော်ပြလိုက်ပါသည်။

ထိုင်း ချွန်ဘူရီတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၅၀ ကျော် အလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

December 26, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် သကြားစက်ရုံက မြန်မာအလုပ်သမား ၅၀ ကျော်သည် ကြိုတင်အကြောင်းကြားခြင်းမရှိပဲ အလုပ်ထုတ်ခံရသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) တွင် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က အကြောင်းပြချက် တိတိကျကျမပေးပဲ ဒီဇင်ဘာလ ၂၀ ရက်မှစ၍ ရုတ်တရက် အလုပ်က ရပ်နားခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ စက်ရုံက လည်ပတ်မှု၊ အလုပ်လုပ်ကိုင်ရမှု နည်းပါးနေသည်ဟု အလုပ်ရှင်ဘက်က အကြောင်းပြ၍ မြန်မာအလုပ်သမားများကို ကြိုတင်အကြောင်းမကြားပဲ အလုပ်က ရပ်နားခဲ့ကြောင်း ဆိုသည်။ ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်ဘက်က အလုပ်သမားများကို အလုပ်ရပ်နားလိုပါက ၁၅ ရက် ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး နေ့ချင်းညချင်း အလုပ်ထုတ်ပိုင်ခွင့်မရှိပေ။ ယခု မြန်မာအလုပ်သမားများက […]

ဝဥ ဈေးနှစ်ဆမြင့်တက်

Dawei Watch

December 26, 2024

ဝဥတူးဖော်သည့်ရာသီဖြစ်သည့် လက်ရှိအချိန်တွင် ဝဥဈေးနှစ်ဆမြင့်တက်လာကြောင်း ဘုတ်ပြင်းနှင့် မြိတ်မြို့နယ်ရှိ ဝဥတောင်သူများနှင့် ကုန်သည်အချို့ထံမှ သိရသည်။ ဝဥကို ဖေဖော်ဝါရီလဝန်းကျင်တွင် စတင်စိုက်ပျိုးကြပြီး ဆောင်းရာသီအစဖြစ်သည့် အောက်တိုဘာလဝန်းကျင်တွင် အများအားဖြင့် တူးဖော်ပြီး ရောင်းချလေ့ရှိသည်။ လက်ရှိတွင် ဝဥအစို ‌တစ်ပိဿာလျှင် ငွေကျပ် လေးထောင်ဝန်းကျင် ဈေးပေါက်နေပြီး ဝဥအခြောက်တစ်ပိဿာလျှင် ကျပ် နှစ်သောင်းဝန်းကျင်ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယမန်နှစ်ကမူ ဝဥအစိုတစ်ပိဿာလျှင် ကျပ် နှစ်ထောင်ဝန်းကျင်နှင့် ဝဥအခြောက်တစ်ပိဿာလျှင် ကျပ် တစ်သောင်းကျော်သာ ဈေးပေါက်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဝဥတောင်သူများထံမှ သိရသည်။ ဒေသတွင်းထွက်သည့် ဝဥကို တရုတ်နှင့် ဂျပန်အပါအဝင် ပြည်ပနိုင်ငံများကို အဓိကတင်ပို့ရောင်းချနေရာက လက်ရှိတွင် မြန်မာပြည်တွင်းထုတ်လုပ်သည့် စားသောက်ကုန်များတွင်ပါ ဝဥကိုအသုံးပြုလာကြသဖြင့် ဝဥဈေးလည်းတက်လာသည်ဟု ယူဆကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ဝဥကုန်သည်တစ်ဦးက ဆိုသည်။ “ဈေးက‌တော့ တစ်နှစ်ထက်တစ်နှစ်ပို […]

ထားဝယ် ရှမ္မတွင်းရွာတွင် တိုက်ပွဲဖြစ်မည်စိုးရိမ်ပြီး ရွာသားအချို့ရွှေ့ပြောင်း

Dawei Watch

December 26, 2024

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းရွာတွင် ယခု ဒီဇင်ဘာလတတိယပတ်အတွင်း ရွာသားအချို့ ရွှေ့ပြောင်းနေကြကြောင်း ရွာသားများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၀ရက်က ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားဂိတ်ကို ကော်သူးလေတပ်မတော်၊ တပ်ရင်း (၃) က လာရောက် ပစ်ခတ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၂၁ ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာကြောင်း ၎င်းတို့က ပြောသည်။ အဆိုပါစစ်ကြောင်းသည် ရှမ္မတွင်းရွာသို့သွားမည်ဟု ဒေသခံများကို ပြောဆိုထားပြီး ဒီဇင်ဘာလ ၂၅ရက်တွင် ရှမ္မတွင်းနှင့်နီးသည့် ရောင်းမော်ရွာသို့ စစ်ကြောင်းရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံရွာသားများက ဆိုသည်။ “ရှင်မုတ္ထီး၊ ရောင်းမော်၊ စော်ဖျားဘက်ကို စစ်သား တစ်ရာလောက်ရောက်လာတော့ ရှမ္မတွင်းက လမ်းဆုံလို ဖြစ်နေတော့ တိုက်ပွဲ ထဖြစ်မှာကြောက်လို့ ပြေးကြတာ၊ ရွာမှာတော့အချို့ကျန်သေးတယ်။ အများစုကတော့ ရွှေ့ကြတယ်” ဟု ရှမ္မတွင်းရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းအပြင် […]

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေချိန် ထားဝယ်အရှေ့တောတွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲထပ်ဖြစ်

Dawei Watch

December 25, 2024

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ထားဝယ်အရှေ့တောဒေသတွင် ဒီဇင်ဘာလ ၂၄ ရက်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကော်သူးလေတပ်မတော်တို့ KTLA တို့ နှစ်ဖက်တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် KNLA တပ်ရင်း ၁၂ ထံက သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး နောက်တစ်ရက်ဖြစ်သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခြောက်ရက်အကြာ ဒီဇင်ဘာလ ၂၄ ရက်တွင်လည်း ထပ်မံဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ကြေးနန်းအရ ထိတွေ့မှုဖြစ်တယ်ဆိုတာလောက်ပဲ သိတယ်။ အသေးစိတ်တော့ မလာဘူး။ လိုရင်းတိုရှင်းမျှပဲ လာတယ်” ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၄) ၊ KNLA တပ်ရင်း ၁၂ က တပ်ခွဲမှူး စောဘဦးသစ်က ဒီဇင်ဘာလ ၂၄ ရက်က […]

နှစ်မိနစ်စာ ကမ္ဘာ့ရေးရာ

Dawei Watch

December 25, 2024

အကြောင်းအရာများစွာ လျင်လျင်မြန်မြန် ဖြစ်ပျက်နေသည့် ယနေ့ကမ္ဘာ့အခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် သတင်းဖြစ်စဉ်အချို့ကို ကောက်နုတ်ကာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။

ဂျပန်တွင် လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် မြန်မာအမျိုးသား ထောင်ချခံရ

Dawei Watch

December 25, 2024

ဂျပန်နိုင်ငံ၊ Saga စီရင်စုတွင် တစ်ဆောင်တည်းနေထိုင်ခဲ့သော အလုပ်တူ အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့သည့် မြန်မာအလုပ်သင် အလုပ်သမား ကိုသူရကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ဂျပန်သတင်းဌာနများက ရေးသားဖော်ပြထားသည်။ ဂျပန်နိုင်ငံ၊ Saga စီရင်စု၊ Kamiyamadani တွင် အဆောင်တစ်ခုတည်း၌ အတူနေထိုင်သော မြန်မာအမျိုးသမီးကို ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့၌ ကိုသူရ က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ခြင်းဖြစ်သည်ဟု သတင်းများကဆိုသည်။ လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရသော အသက် ၂၀ အရွယ် မြန်မာအမျိုးသမီးသည် လက်နှစ်ဖက်နှင့် လည်ပင်းတို့တွင်လည်း ဒဏ်ရာများ ရရှိခဲ့ပြီး ဒဏ်ရာများကို ရက်ပေါင်း ၂၀ ကြာမြင့်သည့်တိုင်အောင် ဆေးကုသမှုခံယူခဲ့ရသည်။ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရသော အမျိုးသမီးသည် ဖြစ်စဉ်ကို ဇူလိုင်လ ၁၇ […]