ရေဖြူရှိ သဘာဝဓာတ်ငွေ့ တိုင်းတာရေးစခန်းများအနီးတွင် အရပ်သားတစ်ဦး မိုင်းနင်းမိ
Dawei Watch
January 13, 2025ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်နှင့်ရေဖြူမြို့နယ်၊ ဇောတိက-ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ တိုင်းတာရေးစခန်းများအကြားရှိ လမ်းပိုင်းတစ်နေရာတွင် ဇန်နဝါရီလ ၁၁ ရက်နေ့က အမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည် ။ မိုင်းနင်းခံရသည့် အမျိုးသားသည် ဒေသခံမဟုတ်ဘဲ သစ်လုပ်ငန်းတွင် သစ်ဆွဲလုပ်သားအဖြစ် အခြားနေရာမှ လာရောက်လုပ်ကိုင်နေသူဖြစ်ပြီး ဟင်းစားအတွက် ငါးရှာရင်း ချောင်းအနီး မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ အဆိုပါအမျိုးသားတွင် မိုင်းထိသဖြင့် ပေါင်(ခြေတောက်)တစ်ဘက်တွင် ပြင်းထန်ဒဏ်ရာရရှိသွားသည်ဟု ဖြစ်စဥ်အားသိရှိသည့် ကလိန်အောင်ဒေသခံတစ်ဦးက ပြောသည် ။ မိုင်းနင်းမိသည့် နေရာသည် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်း နှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းအကြားရှိ နေရာတွင် ဖြစ်သည်ဟု သဘာဝဓာတ်ငွေ့ စီမံကိန်းများနှင့် နီးစပ်သူ ဒေသခံများထံမှသိရသည်။ ယင်းသို့ မိုင်းနင်းမိပြီးနောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဝန်ထမ်းများကို လမ်းပိုင်းတွင် လုံခြုံရေးဂရုစိုက်ရန် […]


