ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားအချို့နေရာပြောင်းရွှေ့နေဟုဆို
Dawei Watch
February 11, 2025ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားအချို့ နေရာပြောင်းရွှေ့နေကြကြောင်း မြို့ခံအချို့က ပြောသည်။ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန်ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများတွင် လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများသည် ဖေဖော်ဝါရီလ ၂၈ရက် မတိုင်မီ အမြန်ဆုံးထွက်ခွာပေးကြရန် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ အမှတ် ၂ နည်းဗျူဟာက ဖေဖော်ဝါရီလ ၉ ရက်တွင် ထုတ်ပြန်သည်။ ထိုသို့ ထုတ်ပြန်ပြီးနောက် တရုတ်နိုင်ငံသားအချို့သည် ဘုရားသုံးဆူမြို့ပြင်ရှိ DKBA က ဆောက်လုပ်ထားသည့် အဆောက်အအုံနေရာသို့ အဓိကပြောင်းရွှေ့နေကြောင်း မြို့ခံတို့က ဆိုသည်။ သို့သော် တရုတ်နိုင်ငံသားအများစုမှာ မြို့ပေါ်တွင် ကျန်နေသေးကြောင်း မြို့ခံတို့က ပြောဆိုသည်။ “စာထုတ်တဲ့နေ့ကတည်းက တရုတ်တချို့ကတော့ မြို့အပြင်ဘက် သူတို့ (DKBA) အဆောက်အအုံ ဆောက်ထားတဲ့ နေရာဘက်ပြောင်းရွှေ့သွားတာရှိတယ်။ […]


