ထားဝယ်အရှေ့တောတွင် ငါးရှာသွားသည့် ဇနီးမောင်နှံမိုင်းနင်းမိပြီး အမျိုးသမီးဖြစ်သူသေဆုံး
Dawei Watch
February 18, 2025ထားဝယ်အရှေ့တောဒေသ မေတ္တာမြို့၊ မြေးခံဘော်ကျေးရွာအုပ်စုတွင် သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦး ငါးသွားရှာပြီး ပြန်လာစဥ် မိုင်းနင်းမိကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းအန္တရာယ်ရှိသဖြင့် မသွားကြရန် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) က တားမြစ်ထားသည့် ဧရိယာ အတွင်းရှိ ရေချောင်းတစ်ခုအနီး၌ ဖေဖော်ဝါရီလ ၁၅ ရက်က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အသွားတုန်းက ရေချောင်းအတိုင်းဆန်တတ်သွားကြတယ်။ အပြန်မှာ ရေကြောင်းအတိုင်းပြန်မလာဘဲ ရေချောင်းဘေး ကနေ ကုန်းပေါ်က တက်သွားရာမှာ (မိုင်း) နင်းမိကြတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အမျိုးသားဖြစ်သူ ရှေ့ကသွားပြီး အမျိုးသမီးဖြစ်သူ နောက်ကလိုက်လာစဉ် အမျိုးသမီးဖြစ်သူ မိုင်းနင်းမိကာ သေဆုံး ကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။ အမျိုးသမီးဖြစ်သူ မိုင်းနင်းမိသဖြင့် အမျိုးသားဖြစ်သူ ပြန်လာခေါ်စဉ် အမျိုးသားဖြစ်သူလည်း […]


