တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ရက်ဆက်ဗုံးကြဲ
Dawei Watch
March 6, 2025ကရင်ပြည်နယ်၊ ကော့ကရိတ်တောင်ပိုင်းဒေသဘက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ကော့ကရိတ်ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ကော့ကရိတ်တောင်ပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား မတ်လဆန်းကစပြီး တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲဖြစ်ပွားနေသည့် အစွန်း၊ ကော့နွဲ့နှင့် ရွာသစ်ကုန်းကျေးရွာဘက်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် နေ့စဉ် လာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။ “တိုက်ပွဲက ရွာထဲမှာဖြစ်နေတာ မဟုတ်ပေမယ့် အခု လေယာဉ်နဲ့ ဗုံးလာကြဲနေတာက ရွာထဲမှာဖြစ်နေတယ်။ လေယာဉ်နဲ့က တစ်နေ့ ၃/၄ ကြိမ်လောက် လာနေတယ်။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း မသိတော့ဘူး။ လူတွေလည်း ထွက်ပြေးကုန်ပြီ။ ရွာမှာဆိုတော့ အိမ်တွေ ထိတယ်။ လူတွေလည်း ထိတယ်” ဟု […]


