ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် မဇောကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး

Dawei Watch

August 24, 2025

မြိတ်မြို့ နယ်၊ မဇောကျေးရွာအုပ်စုရှိ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖမ်းဆီးခံရသူ သုံးဦးသည် စစ်အာရှင်တပ်၏ စစ်မှုထမ်းအတွက်ဆိုကာ ငွေကြေးအဓမ္မကောက်ခံနေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၂၂ရက် ည ၉နာရီခန့်တွင် မဇောကျေးရွာအုပ်စု လက်မဲရွာအုပ်ချုပ်ရေးအဖွဲ့ဝင် မြေယာကော်မတီဝင် ဦးထွန်းသန်း ကို ၎င်း၏နေအိမ်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက (ဦးထွန်းသန်း) ကြေးနန်းတိုင်တံတား စစ်ဆေးရေးဂိတ်မှာ အမြဲတွေ့ရတယ်။ စစ်မှုထမ်း မဲဖောက်ဖို့ ရွာအလိုက် စာရင်းလုပ်ပေးတယ်။ ဘယ်ကိုဖမ်းသွားတာလဲ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ထို့နောက် ဩဂုတ်လ ၂၃ရက် နံနက် ၃နာရီခန့်တွင် မဇောကျေးရွာအုပ်စု သကန်တောင်ပုရွာ ရာအိမ်မှူးဦးသန်းဝင်းနှင့် ဦးလူပိန် ဆိုသူတို့အား […]

ကံပေါက် ဦးပိုင်ဆီအုန်းခြံ ဝန်ထမ်းခြောက်ဦးကို ပြည်သူ့ကာကွယ်ရေးတပ် ဖမ်းဆီးစစ်ဆေး

Dawei Watch

August 24, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာတွင်ရှိသည့် စစ်အုပ်စုနှင့်ဆက်စပ်သော ဦးပိုင်ဆီအုန်းခြံက ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦး စုစုပေါင်းခုနစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။ ဂန့်ဂေါ်တောင်ရွာ၊ ဆီအုန်းခြံနှင့် ဘူတာရုံအနီး နာရေးအိမ်တစ်အိမ်တွင် အထက်ပါခုနစ်ဦးနှင့်အတူ အခြားရွာသား ၂၀ ကျော် ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သြဂုတ်လ ၂၃ရက် နံနက်ပိုင်းတွင် ခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ ယင်းနေ့ ညပိုင်းတွင်ပင် ဒေသခံရွာသား ၂၀ကျော်ကို ပြန်လွှတ်ခဲ့ပြီး ဆီအုန်းခြံ ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦး တို့ကိုမူ ကံပေါက်တိုက်နယ်အတွင်း စစ်ရေးလှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်တစ်ခုက ထိန်းသိမ်းစစ်ဆေးနေ ကြောင်း ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောဆိုသည်။ ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် စစ်ရေးလှုပ်ရှားရန် လုပ်ဆောင်စဉ် လမ်းပိုင်းတွင် ပြည်သူများ ကြားညှပ်နိုင်သဖြင့် ခေတ္တခေါ်ယူခဲ့ခြင်းသာဖြစ်ကြောင်း အဆိုပါခုနစ်ဦးအား ထိန်းသိမ်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်၏ ပြန်ကြားရေး […]

ထားဝယ်တွင် နှစ်ရက်ကြာပျောက်နေသူ ရေမြောင်းအတွင်း သေဆုံးလျက်ပြန်တွေ့

Dawei Watch

August 24, 2025

ထားဝယ်မြို့ပေါ်တွင် နှစ်ရက်ကြာ ပျောက်ဆုံးနေသူ အမျိုးသာတစ်ဦးကို ဩဂုတ်လ ၂၄ရက် ယနေ့ နံနက်ပိုင်း၌ ရေမြောင်း အတွင်း၌ သေဆုံးလျက်ပြန်လည်တွေ့ရှိကြောင်း မြိုခံအချို့ထံမှသိရှိ ရသည်။ သေဆုံးသူသည် ထားဝယ်မြို့၊ သင်္ဘောဆိပ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၇နှစ်အရွယ် ကိုမိုးဦးဖြစ်ပြီး ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်တွင် ၎င်း၏ရုပ်အလောင်းကို မြို့သစ် ၈လမ်းနှင့် ၂လမ်းထောင့်ရှိ ရေမြောင်းအတွင်း ပြန်လည်တွေ့ရှိကြောင်း အလောင်းကို ဆယ်ယူရာတွင် ကူညီဆောင်ရွက်ပေးခဲ့သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “သေတဲ့သူကတော့ လူပျောက်ကြော်ငြာထားတဲ့သူပါပဲ။ ပြင်ပဒဏ်ရာမျိုး မတွေ့ဘူး။ ရေမြုပ်သေတဲ့လို့ပဲ ယူဆရတယ်” ဟု ၎င်းက ပြောဆိုသည်။ ကိုမိုးဦးသည် လေဖြန်းထားသူဖြစ်ပြီး ဩဂုတ်လ ၂၂ ရက် ညကတည်းက ပျောက်ဆုံးနေသူဖြစ်သည်။ ကိုမိုးဦး ပျောက်ဆုံးသွားသဖြင့် ၎င်း၏မိသားစုက လူမှုကွန်ရက်တွင် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

August 23, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကိုးကန့်၊ တအာင်း၊ SSPP ကို လက်နက်၊ ငွေကြေး မပံ့ပိုးတော့ဘူးလို့ ‘ဝ’ ပြော ကိုးကန့်တပ်၊ တအာင်းတပ်၊ ရှမ်းတပ် SSPP/SSA တို့ကို လက်နက်ခဲယမ်း၊ ငွေကြေးအပါအဝင် စစ်ရေးအရ မထောက်ပံ့တော့ဘူးလို့ ‘ဝ’ တပ်ဖွဲ့ UWSA က ပြောဆိုလိုက်ပါတယ်။ ‘ဝ’ ပြည် အစိုးရအဖွဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်၊ ပြင်ပဆက်ဆံရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးကျောက်ကော်အန်း ဦးဆောင်တဲ့အဖွဲ့က ကိုးကန့်တပ်၊ တအာင်းတပ်၊ SSPP ထိပ်ပိုင်းပုဂ္ဂိုလ်တချို့ကို ‘ဝ’ တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့ကို ဩဂုတ်လ ၂၀ရက်မှာ ခေါ်ယူပြီး အသိပေးပြောဆိုခဲ့တာဖြစ်ပါတယ်။ အလွန်အရေးကြီးတဲ့အစည်းအဝေးလို့ […]

ကံပေါက်တွင် မူးယစ်ဆေးဝါးတွေ့ရှိ၍ဟုဆိုကာ လူငယ် ၆ ဦးကို မောရဝတီရေတပ်ကဖမ်းဆီး

Dawei Watch

August 23, 2025

ရေဖြူမြို့နယ် ၊ ကံပေါက်ရွာတွင် သြဂုတ်လ ၂၀ ရက်က အသက် ၂ဝ ဝန်းကျင် အရွယ် လူငယ်ခြောက်ဦးကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေသည်ဟု ဒေသခံများထံမှသိရသည်။ ကလိန်အောင် – ကံပေါက်လမ်းပိုင်း မှ တောင်ရင်းအင်းရွာဘက်သို့ ဝင်သည့် ပိတောက်ပင်လမ်းဆုံတွင် ထိုင်နေသည့် အမျိုးသား နှစ်ဦးကို ကင်းလှည့်လာသည့် မောရဝတီရေတပ်က စစ်ဆေးစဥ် မူးယစ်ဆေးဝါးများ ဖမ်းမိသည်ဟုပြောကြောင်း ဖြစ်စဉ်ကိုသိရှိသော ဒေသခံအချို့ကဆိုသည်။ ယင်းနောက် သြဂုတ်လ ၂၀ ရက်ညတွင် ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်နှင့် ဗိုလ်ချုပ်ရပ်ကွက်တို့ရှိ နေအိမ်သုံးလုံး ဝင်ရောက်စစ်ဆေးခံရပြီး အမျိုးသားလေးဦး ထပ်မံအဖမ်းခံရကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူများထံမှသိရသည်။ “တောင်ရင်းအင်းလမ်းဆုံက ကွင်းဆက်နှစ်ယောက်နဲ့ နောက်ထပ်လေးယောက်ထပ်ဖမ်းတာ။ မူးယစ်ဆေးဝါး ကိစ္စတွေနဲ့ ဖမ်းတာပါ “ ဟု အဖမ်းခံရသူတစ်ဦး ၏ အိမ်နီးနားချင် […]

ထိုင်းတွင် ကျောင်းသားဗီဇာဖြင့်နေသူ တစ်သောင်းနီးပါးကို ဗီဇာရုပ်သိမ်း

Dawei Watch

August 23, 2025

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် နေထိုင်နေသော နိုင်ငံခြားသား ၁၀၀၀၀ နီးပါးကို နေထိုင်ခွင့် ဗီဇာ ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆင့်မြင့်ပညာဝန်ကြီးဌာနက ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိသော ရေတိုကျောင်းသားဗီဇာ ၁၀၀၀၀ ကျော်ကို နေထိုင်ခွင့် ပြန်လည်ရုပ်သိမ်းထားကြောင်း ဝန်ကြီး Sudawan Wangsuphakijkosol က ဩဂုတ်လ ၂၁ ရက်နေ့က ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြန်လည်ရုပ်သိမ်းခံရသော နိုင်ငံခြားသားများမှာ မည်သည့်နိုင်ငံသားများဖြစ်ကြောင်း ဖော်ပြထားခြင်းမရှိပေ။ ဘွဲ့ဒီဂရီပေးအပ်ခြင်းမရှိသော ရေတို နိုင်ငံတကာကျောင်းသားဗီဇာများကို အလွဲသုံးစားပြုလုပ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသူများလာသဖြင့် အဆင့်မြင့်ပညာရေးဝန်ကြီးဌာနနှင့် လဝကတို့ ပူးပေါင်း၍ အချက်အလက်များကို ကောက်ယူကာ နေထိုင်ခွင့် ဗီဇာများကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ဝန်ကြီးကပြောသည်။ ပြီးခဲ့သော ၂၀၂၅ ခုနှစ် မေလကတည်းက နိုင်ငံတကာကျောင်းသားများကို […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

August 22, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ် ၁၆ မှ ၂၂ ရက်အထိ ကမ္ဘာ့အသက် အကြီးဆုံးပုဂ္ဂိုလ် ၁၁၆ နှစ်ပြည့်လာ ကမ္ဘာ့အသက်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ အဘွားအို အီသဲလ်ကတ်တာဟမ်ဟာ သူ့ရဲ့ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့အတူ အင်္ဂလန်နိုင်ငံက သူ့နေအိမ်မှာကျင်းပခဲ့ပါတယ်။ ကတ်တာဟမ်ဟာ ဒီနှစ် မေလကတည်းက ကမ္ဘာ့အသက်အကြီးဆုံးဖြစ်လာခဲ့တာပါ။ သူမကို ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က တရားဝင်အသိအမှတ်ပြုထားတာဖြစ်ပါတယ်။ ကတ်တာဟမ်ဟာ ၁၉၀၉ ခုနှစ် ဩဂုတ် ၂၁ ရက်မှာ မွေးဖွားခဲ့ပြီး မွေးချင်း ၈ ဦးမှာ ဒုတိယမြောက်သမီးဖြစ်ပါတယ်။ အသက်ရှည်ဖို့အတွက် နည်းလမ်းက ကိုယ်မြတ်နိုးတဲ့ ဝါသနာကို ရှာဖွေတွေ့ရှိဖို့နဲ့ အဲဒီဝါသနာကတဆင့် မိတ်ဆွေဖွဲ့ဖို့ ဖြစ်တယ်လို့ ကတ်တာဟမ်က ပြောကြားခဲ့ပါတယ်။ […]

သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာတွင် စစ်အာဏာရှင်တပ်က နေအိမ်များကိုမီးရှို့ 

Dawei Watch

August 22, 2025

သရက်ချောင်းမြို့နယ်၊ မိုးရွှေကုန်းရွာတွင် ယနေ့(ဩဂုတ် ၂၂) နံ နက်ပိုင်းက စစ်အာဏာရှင်တပ်စစ်ကြောင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံအချို့က ပြောသည်။  ယနေ့နံနက်တွင် လက်နက်ကြီး လက်နက်ငယ်များ တစ်ဖက်သတ်ပစ်ခတ်နေပြီး တစ်နာရီခန့်အကြာတွင် မိုးရွှေကုန်းရွာဘက်မှ မီးခိုးလုံးများတက်လာသည်ဟု ၎င်းတို့က ပြောသည်။ “ကျွန်မတို့ရွာကလူတွေ တောစပ်ကနေ မိုးရွှေကုန်းရွာဘက်ကိုလှမ်းကြည့်တာ သူ့အိမ်ပါ ငါ့အိမ်ပါဆိုပြီးပြောနေကြတယ်၊ အိမ်အရေတွက်ဘယ်လောက်ပါသွားပြီလဲ ဆိုတာတော့မသိဘူးပေါ့၊ မီးခိုးလုံးတွေတော့ တက်လာနေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ရွာသားများထွက်ပြေးတိမ်းရှောင်နေရသလို စစ်အာဏာရှင်တပ်ကလည်းရွာထဲတွင် ဆက်ရှိနေသေးသဖြင့် မီးလောင်သည့် အိမ်အရေအတွက်ကို တိတိကျကျမသိနိုင်သေးဟု မိုးရွှေကုန်းရွာအနီးက ဒေသခံအမျိုးသမီးနောက်တစ်ဦးက ဆိုသည်။ အဆိုပါစစ်ကြောင်းသည် ဩဂုတ်လ ၁၅ ရက်တည်းက သရက်ချောင်းမြို့နယ် ဥတ္တူရွာ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ စော်ဖျားကျေးရွာများကို စစ်ကြောင်းနှစ်ကြောင်း ဖြန့်၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ယင်းနေ့တွင်ပင် […]