ဆေးရုံပိတ်ခံထားရသည်ကို မသိဘဲလာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦး အရေးပေါ်ကားပေါ် ကလေးမွေး
Dawei Watch
March 31, 2025ထားဝယ်တွင် ပုဂ္ဂလိကဆေးရုံအချို့ ပိတ်ခံထားရချိန် ရက်ချိန်းလာပြသည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ယနေ့(မတ် ၃၁ ) နံနက်စောစောတွင် အရေးပေါ်ကားပေါ် ၌ ကလေးမွေးဖွားလိုက်ရကြောင်း ရင်ခုန်သံ သွေးနှင့်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ ထံမှသိရသည်။ အဆိုပါ အမျိုးသမီးမှာ မယ်ဒီလန်းဆေးရုံတွင် ကိုယ်ဝန်ပြရန်အတွက် ထားဝယ်သို့ ရောက်လာခြင်းဖြစ်ကြောင်း အထက်ပါအသင်းထံမှသိရသည်။ ထားဝယ်သို့ ရောက်လာချိန် မယ်ဒီလန်းဆေးရုံမှာ အပိတ်ခံထားရသည့်အတွက် အခြားဆေးရုံတစ်ရုံကို ပြောင်းပြရန် အိမ်ရှေ့ပြင် ရပ်ကွက်ရှိ တည်းခိုခန်းတစ်ခုတွင် ညအိပ်လိုက်ရသည်ဟု ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောဆိုချက်အရသိရသည်ဟု အထက်ပါအသင်းတာဝန်ရှိသူကပြောသည်။ သို့ သော် ယနေ့ နံနက် ၃ နာရီအချိန်တွင် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဗိုက်နာလာသည့်အတွက် ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ချိန် အရေးပေါ်ကားပေါ် ၌ ကလေးထွက်လာသည့်အတွက် ရင်ခုန်သံ အရေးပေါ် အဖွဲ့ ၏ စေတနာဝန်ထမ်းများက […]


