ငလျင်ဒဏ်သင့်ဒေသများတွင်လည်း မိုးထစ်ချုန်းရွာဖွယ်ရှိ၍ အမိုးအကာများ အရေးပေါ်လိုအပ်
Dawei Watch
March 31, 2025ငလျင်ဒဏ်သင့်ထားသည့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးနှင့် ရှမ်းပြည်နယ် ဒေသများအပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားတွင် ဧပြီလဆန်း၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန MOHADM-NUG ၏ မိုးလေဝသဌာနက ခန့်မှန်းထားသည်။ ဧပြီလ ၄ ရက်မှ ၆ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ဧပြီလ ၆ ရက်တွင် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမိုးရွာနိုင်ကြောင်း MOHADM-NUG ၏ မိုးလေဝသဌာန က ခန့်မှန်းဖော်ပြထားသည်။ စစ်ကိုင်းမြို့တွင် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မုံရွာအခြေစိုက် လူမှုကယ်ဆယ်ရေး အင်အားစု တာဝန်ရှိသူထံသို့ ဆက်သွယ်မေးမြန်းကြည်ရာ ယနေ့ မတ်လ ၃၁ ရက်တွင် စစ်ကိုင်းမြို့၌ ရာသီဥတု ကြည်လင်နေပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလုပ်နေဆဲဖြစ်ကြောင်း၊ သို့သော်မိုးရွာလာပါက […]


