တနင်္သာရီ ဘန်းလမွတ်ဒေသခံ အမျိုးသားငါးဦးကို စစ်ကောင်စီတပ်ဖမ်း၊ သုံးဦးပြန်မလွတ်သေး
Dawei Watch
April 4, 2025တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၌ အမျိုးသားငါးဦးကို ဧပြီလ ၃ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါနေ့ နံနက် ၁၁နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ထုံနွယ်ရွာခံ အမျိုးသား သုံးဦးနှင့် ပနပ်ငယ်ရွာခံ အမျိုးသား နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သိန်ခွန်းရွာအနီးဝန်းကျင်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း ဒဏ်ရာရစစ်ကောင်စီတပ်သားများကို မြိတ်မြို့သို့ သယ်ဆောင်ရန် လမ်းကင်းချထားသည့် အဖွဲ့က ဒေသခံများကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ဘန်းလမွတ်ရွာနေ ဒေသခံတစ်ဦးက ပြောသည်။ ၎င်းတို့အနက် ပနပ်ငယ်ရွာခံအမျိုးသားနှစ်ဦးကို ညနေ ၃နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်သော်လည်း ထုံနွယ်ရွာသား သုံးဦးကိုမူ ပြန်မလွှတ်သေးကြောင်း ၎င်းက ဆိုသည်။ “(ထုံနွယ်ရွာသား) သုံးဦးစလုံးကို ကြိုးတုပ်ထားတယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ ထုံနွယ်ရွာခံသုံးဦးဖြစ်သည့် ဦးထွန်းကြိုင်၊ ဦးထွန်းကိုနှင့် ဦးမြင့်ကိုတို့သည် လယ်ဦးကျေးရွာတွင် ရာဘာခြစ်သည့် အလုပ်ကို […]


