BREAKING
November 13, 2025

သတင်း

တနင်္သာရီ၊ ချောင်းနောက်ပြန်ရွာကို လေကြောင်းကဗုံးကြဲပြီး ထိုးစစ်ဆင်

Dawei Watch

April 5, 2025

တိုက်ပွဲရက်ရှည်ပြင်းထန်နေသည့် တနင်္သာရီမြို့နယ် သိန်ခွန်းရွာအနီးရှိ ချောင်းနောက်ပြန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကတိုက်ခိုက်ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ ဧပြီ ၄ ရက်နေ့ မနက်က ချောင်းနောက်ပြန်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နေ့လယ် ၁၂ နာရီခန့်တွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာကြောင်း အသက်၃၄နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “တိုက်ပွဲက မိုးလင်းစောစောကတည်းက ဖြစ်နေတယ်။ နေ့လယ်လောက် လေယာဥ်နဲ့လာကြဲတယ်။ ပွိုင့်ဖိုက်(စက်သေနတ်) နဲ့လည်း ပစ်တယ်” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်က ချောင်းလမုရွာနှင့် ချောင်းနောက်ပြန်ရွာဘက်ကို စစ်ကြောင်းထိုးနေပြီး အဆိုပါကျေးရွာများကို နယ်မြေ​စိုးမိုးမှုယူရန် ကြိုးပမ်းနေပုံရကြောင်း အသက်၄၅ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “လေယာဥ်နဲ့ လာပစ်ပြီးလည်း နှစ်ကြိမ်လာသေးတယ်။ လေယာဥ်က အဲနားတစ်ဝိုက်ပဲ ပတ်ဝဲနေတာ။ […]

မိုးရွာသွန်းမှုကြောင့် တနင်္သာရီက စစ်ရှောင်များ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်

Dawei Watch

April 4, 2025

မတ်လကုန်ပိုင်းမှစကာ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်များ အမိုးအကာနှင့် စားနပ်ရိက္ခာလိုအပ်နေကြောင်း စစ်ရှောင်နေရသူများနှင့် စစ်ရှောင်ကူညီနေသူအချို့ထံမှ သိရသည်။ မတ်လ၂၉ရက်မှစကာ မိုးအဆက်မပြတ်ရွာသွန်းနေသဖြင့် ရက်ရှည်စစ်ဘေးရှောင်နေရသည့် သိန်ခွန်းရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများက စစ်ဘေးနေရသူများမှာ အမိုးအကာနှင့် စားနပ်ရိက္ခာများ ပို၍လိုအပ်လာခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီပေးနေသည့် အသက်၂၇နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါ စစ်ရှောင်များမှာ တောတောင်အတွင်းနေထိုင်ကြရပြီး အမိုးအကာအလုံအလောက်မရှိသဖြင့် အဝတ်အစားနှင့် ရိက္ခာကဲ့သို့ ပစ္စည်းများကို အမိုးအကာအောက်ထားပြီး လူကအမိုးအကာအပြင်ဘက်တွင် နေရသူများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။ “တာလပတ်ကတော့ လူတိုင်းမှာမရှိဘူး။ တချို့ကျတော့ ထန်းခက်တွေ အမိုးလုပ်ပြီးနေနေကြတယ်။ သူတို့မှာပါလာကြတဲ့ တာလပတ်တွေကလည်း အချို့ဆို ဆွေးနေတာတွေ ပေါက်ပြဲတာတွေရှိတယ်။ မိုးရွာတော့ မိုးယိုတာပေါ့” ဟု အထက်ပါစစ်ရှောင်နေသူက ပြောဆိုသည်။ စစ်ဘေးရှောင်များတွင် ယာယီတဲထိုးပြီး နေရသူများသည့်အတွက် နေထိုင်ရန် အဆင်မပြေသလို […]

ပုလော ဆင်ထိုးကြီးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံး

Dawei Watch

April 4, 2025

ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းရှိ ဆင်ထိုးကြီးရွာက အမျိုးသားတစ်ဦး ဧပြီ ၃ ရက်တွင် မြေမြှုပ်မိုင်းနင်းမိကာ သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၆၇ နှစ်ခန့်ရှိ ဦးသိန်းသိန်းသည် ဧပြီလ ၃ရက် နံနက်ပိုင်းတွင် တစ်ဦးတည်း ငါးဖမ်းပိုက်ထောင်ပြီးအပြန်တွင် ၎င်း၏ ဥယျာဉ်ခြံအတွင်း သီဟိုဠ်စေ့ ဝင်ကောက်ရာမှ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဆင်ထိုးကြီးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “သူ့မိန်းမလည်းပေါ့တယ်။ သူ့ယောင်္ကျားပြန်မလာတာကို လာမပြောဘူး။ ညနေမှ လာပြောတော့ KNLA အဖွဲ့တွေက ဝင်ရှာပေးတာမှာ လဲနေပြီဆိုပြီးပြောတယ်။ အဲဒီမှာ ရွာကလူတွေဝင်ယူပြီး ဝိုင်းကူပေးလိုက်တယ်” ဟု အထက်ပါ အမျိုးသားက ပြောဆိုသည်။ ဦးသိန်းသိန်းသည် မိုင်းနင်မိပြီး ခြေကျင်းဝတ်အထက်ပိုင်းပြတ်တောက်ခဲ့ကာ နာရီပေါင်းများစွာ ကူညီပေးမည့်သူ မရှိသဖြင့် သွေးထွက်လွန် သေဆုံးခဲ့ခြင်းကြောင်း ဒေသခံများက ပြောသည်။ ယင်းကျေးရွာတွင် […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

April 4, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မတ်လ ၂၈ ရက်နေ့မှ ဧပြီ ၄ ရက်နေ့အထိ Amazon က TikTok ကို ဝယ်ယူရန် ကမ်းလှမ်း Amazon စီးပွားရေးလုပ်ငန်းကနေ တရုတ်ကုမ္ပဏီဆီက TikTok ကို ဝယ်ယူနိုင်ဖို့ အိမ်ဖြူတော်ဆီ ကမ်လှမ်းချက် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ Amazon ကုမ္ပဏီဘက်က ဒုသမ္မတ ဂျေဒီဗန့်စ်နဲ့ ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက် လတ်နစ် တို့ကို အဆိုပြုလွှာ တင်သွင်းခဲ့တာပါ။ အိမ်ဖြူတော်ကလည်း ဧပြီ ၅ ရက် နောက်ဆုံးထားပြီး TikTok ကို အမေရိကန်ပြည်တွင်းမှာ အပိတ်မခံရဖို့အတွက် တရုတ်ကုမ္ပဏီမဟုတ်တဲ့ ဝယ်ယူသူကို ရှာဖွေနေတာ ဖြစ်ပါတယ်။ အဲဒီနောက် မိုဘိုင်းလ်နည်းပညာကုမ္ပဏီ […]

မြန်မာ့ငလျင်ဘေးကူညီရန် ထိုင်းနှင့် မြန်မာပူးပေါင်းပြီး ရန်ပုံငွေတေးဂီတပွဲ ချင်းမိုင်တွင် လုပ်မည်

Dawei Watch

April 4, 2025

ငလျင်ဘေးသင့် မြန်မာပြည်သူများကို ကူညီရန် ထိုင်းနိုင်ငံသားဂီတပညာရှင်များနှင့် မြန်မာနိုင်ငံသားဂီတပညာရှင်များ ပူးပေါင်း၍ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါပွဲကို North Gate Jazz bar အဖွဲ့ ၊ River Catchers အဖွဲ့နှင့် Do One Thing အဖွဲ့တို့က အဓိကပါဝင် ပူးပေါင်းစီစဉ်ကြခြင်းဖြစ်ကြောင်း သိရသည်။ “ဒီပွဲကို စလုပ်ဖို့ စဉ်းစားတဲ့အချိန်မှာ ထိုင်းနိုင်ငံမှာအခြေစိုက်နေတဲ့ ထိုင်းနိုင်ငံသား ဒီဂီတပညာရှင်တွေကလည်း ကူညီချင် တယ်။ စိတ်အားထက်သန်မှုကို ပြတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ အတူတူပေါင်းလုပ်ကြမလားဆိုပြီးတော့ တိုင်ပင်ဖြစ်ရာ ကနေ ကျွန်မတို့ စပြီးတော့ အကောင်အထည်ဖော်ဖြစ်တာ ဖြစ်ပါတယ်” ဟု ပွဲစီစဉ်ရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။ အဆိုပါ ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို လာမည့် […]

မြန်မာစစ်ခေါင်းဆောင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားပြန်လွတ်၊ မြန်မာနှစ်ဦး ပြန်မလွတ်သေး

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်နေသော မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန္ဒပြသော ထိုင်းကျောင်းသားကို ပြန်လွှတ်ပေးလိုက်ပြီး မြန်မာနိုင်ငံသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း Milk Tea Alliance Thailand တွင် ဖော်ပြသည်။ ဘန်ကောက်မြို့ရှိ Shangri-La ဟိုတယ်တွင် အစည်းအဝေး တက်ရောက်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ယနေ့ ဧပြီလ ၄ရက် ညနေပိုင်းတွင် ထာ့မဆက်တက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦးက ဆန္ဒပြခဲ့သည်။ အဆိုပါကျောင်းသားကို လုံခြုံရေးဝန်ထမ်းများက ထိန်းသိမ်းခဲ့ပြီး ရဲတပ်ဖွဲ့များက ရာဝလတ်ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းသို့ ဖမ်းဆီးပြီး နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း Milk Tea Alliance Thailand တွင် ဖော်ပြထားသည်။ ထို့အတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြသဖြင့် မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့နှစ်ဦးသည်လည်း မတ်လ ၃ […]

မြန်မာစစ်ခေါင်းဆောင်ကို ဘန်ကောက်တွင် ဆန္ဒပြ

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် BIMSTEC အစည်းအဝေးတက်ရောက်နေသော မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်မခံကြောင်း ဘန်ကောက်မြို့တွင် ထိုင်းပြည်သူအချို့ ယနေ့ ဧပြီလ ၄ရက် ညနေပိုင်းတွင် ဆန္ဒပြကြသည်။ မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများကို သတ်ဖြတ်နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဘန်ကောက်ရှိ ပြည်သူများက မကြိုဆိုကြောင်း ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။ “မင်းအောင်လှိုင်ကို မကြိုဆိုဘူး။ ထိုင်းဝန်ကြီးချုပ်က ဖိတ်ကြားလို့ မြန်မာကိုယ်စားပြုအနေနဲ့ လာတက်တာ။ သူက မြန်မာနိုင်ငံအတွက်လည်း ကိုယ်စားမပြုသလို လူသတ်သမားသာ ဖြစ်တယ်” ဟု ဆန္ဒပြရရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း သရုပ်ဖော်၍လည်း ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ ယနေ့ည ဆန္ဒပြပွဲကို လူငယ်၊ လူကြီး ၅၀ ဝန်းကျင်က ပါဝင်ခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

K-9 ခွေးလေးများအတွက် အလှူလက်မခံ ဟု ထိုင်းအစိုးရ ပြော

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံတွင် ငလျင်ဒဏ်ကြောင့် အပျက်အစီးများကြားတွင် ပိတ်မိသွားသူများကို ကယ်တင်ရာတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ပေးနေသော K-9 ခွေးလေးများအတွက် ပြည်သူများက အလှူငွေ ထည့်ဝင်လှူဒါန်းလိုသော်လည်း အစိုးရနှင့် ထိုင်းစစ်တပ်က ခွေးလေးများအတွက် အလှူလက်ခံမည်မဟုတ်ဟု ထုတ်ပြန်အသိပေးလိုက်ပြီဖြစ်ကြောင်း The Nation က ဖော်ပြထားသည်။ ထိုင်းအစိုးရ၏လက်ထောက်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကာရွမ်း ပေါလ်ပွန်းကလန်း က K-9 တပ်ဖွဲ့ဝင် ခွေးလေးများကို အကြောင်းပြ၍ အလှူမခံရန် သတိပေးစကားပြောကြားလိုက်ပြီး အစိုးရနှင့် ထိုင်းစစ်တပ်ဘက်က ခွေးလေးများအတွက် ပြီးပြည့်စုံစွာ စီစဉ်ပေးထားကြောင်းလည်း ၎င်းက ဆက်လက် ရှင်းပြသွားခဲ့သည်။ သရုပ်ဆောင် အဆိုတော် မာရှာ က ငလျင်ဘေးသင့်ပြည်သူကို ကယ်ဆယ်ရာတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ပေးနေသော K-9 အဖွဲ့ဝင် ခွေးလေးများအတွက် အလှူငွေထည့်ဝင် မ,တည်ကာ သူမ၏ပရိသတ်များကို လှုံ့ဆော်တိုက်တွန်းမှုများ ဆောင်ရွက်လာခဲ့ပြီးသည့်နောက်၌ […]