BREAKING
November 13, 2025

သတင်း

ဂါဇာရှိ ပါလက်စတိုင်းများအတွက် ယာယီခိုလှုံခွင့် အင်ဒိုနီးရှားကမ်းလှမ်း

Dawei Watch

April 9, 2025

အစ္စရေး – ဟားမတ် စစ်ပွဲဒဏ်ကြောင့် ထိခိုက်ခံစားနေရသည့် ဂါဇာရှိ ပါလက်စတိုင်းပြည်သူများအတွက် ယာယီခိုလှုံခွင့် ကမ်းလှမ်းမည်ဖြစ်ကြောင်းအင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုက ယနေ့ ဧပြီလ ၉ရက်တွင် ပြောသည်။ “ထိခိုက်ဒဏ်ရာရထားသူတွေ၊ စိတ်ဒဏ်ရာရနေသူတွေနဲ့ မိဘမဲ့ကလေးတွေအတွက်သာ သူတို့သာ ဆန္ဒရှိတယ်ဆိုရင် အင်ဒိုနီးရှားနိုင်ငံကို ကယ်ထုတ်သွားဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ သူတို့ကို သယ်ပို့ဖို့ လေယာဉ်တွေ လွှတ်ပေးဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ” ဟု ၎င်းက ဆိုသည်။ အဆိုပါ ပြောင်းရွှေ့ရေး အစီအစဉ်များကို ပါလက်စတိုင်းအာဏာပိုင်များနှင့် ချက်ချင်းဆွေးနွေးရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ပါလက်စတိုင်းပြည်သူဦးရေ ၁၀၀၀ ပါဝင်သည့် ပထမအသုတ်ကို ပထမဆုံး ရွှေ့ပြောင်းပေးရန် အဆင်သင့်ဖြစ်ပြီဟု သမ္မတဆူဘီယန်တိုက ဆိုသည်။ အဆိုပါ ပထမအသုတ်ကို ၎င်းတို့၏ […]

ကျွန်းစုဒေသခံများ စစ်ရှောင်နေချိန် ဆိုလာပြားများကို စစ်ကောင်စီတပ်နှင့်ပျူစောထီး ဖြုတ်ခိုး

Dawei Watch

April 9, 2025

ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု ကျောက်တန်းငယ်ကျေးရွာရှိ ဒေသခံများ စစ်ဘေးရှောင် ထွက်ပြေးနေချိန် နေအိမ်များတွင် တပ်ထားသော ဆိုလာပြားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျုစောထီးများ ဖြုတ်ယူခိုးသွားကြောင်း ဒေသခံများထံမှရသည်။ မန်းကြီးမြစ်ကြောင်းအတိုင်း ရှော်တောမော် ကျေးရွာဘက်စစ်‌ကြောင်းထိုးလာသည့် စစ်သင်္ဘောတစ်စီးနှင့် ပျူစောထီးများ စီးနင်းလိုက်ပါလာသည့် သားပေါက်လှေ(စက်လှေ)တစ်စီး ဧပြီလ ၄ ရက်နေ့က ကျောက်တန်းငယ်ကျေးရွာတွင် ‌ဆိုက်ကပ်ပြီးနောက် နေအိမ်ရှိ ဆိုလာပြားများကို ခိုးယူသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့နှင့် ကျွန်းစုပကဖထံမှ သိရသည်။ “စစ်ကြောင်းထိုးလာတယ်ကြားတော့ ပြည်သူတွေရှောင်တိမ်းနေကြတာဗျ။ သူတို့ (စကစ) ကျောက်တန်းငယ်ရွာကို ရောက်လာတယ်။ ဘယ်လိုပုံစံနဲခိုးသွားတယ်ဆိုတာတော့ ကျွန်တော်တို့လည်း အသေးစိတ်မသိဘူးဗျ”ဟု ကျွန်းစု မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ပြန်ကြား‌ရေးတာဝန်ခံက ပြောသည်။ ဝန်တောင်ကျေးရွာရှိ Mytel တာဝါတိုင်ဖျက်ဆီးခံရပြီးကတည်းက ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျေးရွာ အချို့တွင် ဖုန်းလိုင်းပြတ်တောက်သွားသဖြင့် ဆက်သွယ်ရေး အခက်အခဲများရှိသဖြင့် […]

ဘုတ်ပြင်းတွင် သီဟိုဠ်စေ့ ဈေးကောင်းရသော်လည်း အထွက်နည်း

Dawei Watch

April 9, 2025

ဘုတ်ပြင်းမြို့နယ်တွင် သီဟိုဠ်စေ့ ဈေးကောင်းရနေသော်လည်း အထွက်နည်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ သီဟိုဠ်စေ့ဈေးနူန်းမှာ ယမန်နှစ်ထက် နှစ်ဆနီးပါးမြင့်တက်လာပြီး လက်ရှိတွင် သီဟိုဠ်စေ့တစ်ပိဿာလျှင် ကျပ်ခုနှစ်ထောင်ဝန်းကျင် ဈေးပေါက်နေသည်။ ပြီးခဲ့သည့်နှစ်ကမူ တစ်ပိဿာလျှင် ကျပ်လေးထောင်ဝန်းကျင်သာရှိကြောင်း တောင်သူအချို့က ဆိုသည်။ သီဟိုဠ်စေ့ဈေးကောင်းရနေသော်လည်း ယခုနှစ် သီဟိုဠ်ပန်းပွင့်ရာသီတွင် ရာသီဥတုကြောင့် ပန်းပွင့်အကြွေများသဖြင့် အသီးထွက်နှုန်းနည်းရခြင်းဖြစ်ကြောင်း မနိုးရုံးကျေးရွာနေ တောင်သူတစ်ဦးက ဆိုသည်။ “မိုးရွာလိုက် နေပူလိုက်နဲ့ ရာသီဥတုက မမှန်ဘူး။ပန်းပွင့်တဲ့အချိန်မှာ ပန်းတွေက နေပူအရှိန် ပြင်းတာရော မိုးကြမ်းတာရောကြောင့် ကြွေကုန်ရောဗျာ။ဒီနှစ်တော့ သုံးပုံ တစ်ပုံလောက်ပဲ အသီးတင်တယ်”ဟု ၎င်းကပြောသည်။ ရာသီဥတု မူမမှန်သဖြင့် ပြီးခဲ့သည့်နှစ်က သီဟိုစေ့ပိဿာချိန် ၄၀၀ ခန့်ရနေပြီဖြစ်‌သော်လည်း ယခုနှစ်တွင်မူ ပိဿာချိန်၂၀၀ ပင်မပြည့်သေးကြောင်း အထက်ပါတောင်သူက ဆိုသည်။ ဘုတ်ပြင်းမြို့နယ်အပြင် မြိတ်၊တနင်္သာရီ နှင့် အခြားမြို့နယ်များတွင်လည်း […]

ခဲလုပ်ကွက်များကြောင့် တနင်္သာရီထွက် ရေချိုခရု ရှားပါးလာ

Dawei Watch

April 9, 2025

တနင်္သာရီမြို့နယ်အတွင်းရှိ ခဲလုပ်ကွက်များကြောင့် ယခုနှစ်တွင် ရေချိုခရုရှားပါးလာပြီး ဈေးမြောက်လာကြောင်း ခရုငုပ်ဖမ်းဆီးသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။ ခဲလုပ်ကွက်များ များလာသည့်အတွက် တနင်္သာရီမြစ်နှင့် အခြားမြစ်ချောင်းများတွင် ရေနောက်ကျိလာပြီး ရေချိုခရုဖမ်းဆီးရမိမှု လျော့ကျသွားခြင်းဖြစ်ကြောင်း အသက် ၃၀ အရွယ် ခရုငုပ်ပြီး ဖမ်းဆီးနေသူတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့နယ်ရှိ ဘန်းသဲ၊ ကျောက်မီးကျောင်း၊ မြေမအုံ၊သကျက်ချောင်းဝ စသည့်ကျေးရွာများမှ ထွက်ရှိသည့် ရေချိုခရုများရှားပါးလာခြင်းဖြစ်သည်။ အာဏာသိမ်ပြီးနောက်ပိုင်း အဆိုပါဒေသတွင် ခဲလုပ်ကွက်များလာပြီး တနင်္သာရီမြစ်နှင့် မြို့နယ်အတွင်းရှိ မြစ်ချောင်းတစ်လျှောက် နောက်ကျိနေသည့် ရေစီးဆင်းလာပြီး ရေချိုခရုရှားပါးလာခြင်းဖြစ်ကြောင်း၎င်းက ပြောသည်။ ရေချိုခရုမှာ နှစ်စဉ်တပေါင်းလနှင့်တန်ခူးလတွင် ရှာဖွေဖမ်းဆီးရမိလေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ”ခဲမိုင်း ရေနောက်တွေ ကျ(စီးဆင်း)ပြီးတော့ ရှားကုန်တာ။ သူက ရေကြည်နေရာမှာပဲ ရှိတယ်” ဟု ခရုဖမ်းဆီးနေသည့် အမျိုးသားက ပြောသည်။ ခရုကို […]

ဘန်ကောက် အဆောက်အအုံပြိုရာတွင် ပျောက်ဆုံးနေသည့် မြန်မာ ၁၈ ဦး၏ မိသားစု ဆက်သွယ်မှုမရှိသေး

Dawei Watch

April 9, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မတ်လ ၂၈ ရက်က မြေငလျင်ကြောင့် ဆောက်လက်စအထပ်မြင့် အဆောက်အအုံ ပြိုကျမှုတွင် ပျောက်ဆုံးသွားသည့် မြန်မာ ၂၀ ခန့်၏ မိသားစုဝင်များ လာရောက်ဆက်သွယ်ခြင်းမရှိ၍ အဆက်အသွယ်မရသေးဟု သိရသည်။ အဆောက်အအုံပြိုကျရာတွင် ပျောက်ဆုံးနေသူများအနက် မိသားစုက စာရင်းပေးသွင်း ဆက်သွယ်အကြောင်းကြားခြင်း မရှိသေးသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦးရှိကြောင်း ထိုင်း-မြန်မာ စကားပြန်/ဘာသာပြန်များအသင်း(TMIA) ထံမှသိရသည် ။ အဆိုပါ မြန်မာနိုင်ငံသား ၁၈ ဦး ၏ အမည်စာရင်းကို TMIA ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားကြောင်း၊ ၎င်းတို့၏မိသားစု၊ သူငယ်ချင်းများနှင့် သက်ဆိုင်သူများ သိရှိကာလာရောက် အကြောင်းကြားပြီး ရသင့်ရထိုက်သော ထောက်ပံ့မှုများ […]

ရနောင်းတွင် ပေါက်ကွဲစေတတ်သည့် သတ္တုအမှုန့်များ သယ်လာသဖြင့် မြန်မာငါးဖမ်းလှေဖမ်းဆီးခံရ

Dawei Watch

April 9, 2025

ထိုင်း-မြန်မာနယ်စပ် ရနောင်းရေပိုင်နက်ထဲတွင် ပေါက်ကွဲစေတတ်သော ဓါတုသတ္တုအမှုန့်များ သယ်ဆောင်လာသော မြန်မာငါးဖမ်းလှေတစ်စီးကို ဖမ်းဆီးရမိကြောင်း အမှတ် ၃ ထိုင်းရေတပ်က ထုတ်ပြန်သည်။ ဧပြီလ ၈ ရက် နံနက် ၉ နာရီခန့်က ရနောင်းခရိုင်အတွင်းရှိ ကော့ချန်းကျွန်းအနီးတွင် မြန်မာငါးဖမ်းလှေတစ်စီး ဝင်ရောက်လာသဖြင့် ရေတပ်က သွားရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ လှေပေါ်တွင် ဓါတုသတ္တုအမှုန့်ပေါင်း ၇၉ တန်ခန့် (၇၉၀၀၀ ကီလို) သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဆိုသည်။ လှေသမားများက ရနောင်းသို့ ကုန်ပစ္စည်းများပို့ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ၎င်းတို့သယ်ဆောင်လာသော ပစ္စည်းများသည် သံဖြူ (Tin)ဖြစ်ကြောင်း ထွက်ဆိုသည်ဟု ဖော်ပြသည်။ သို့သော်လည်း စစ်ဆေးစဉ် လှေပေါ်တွင် ပါလာသော ပစ္စည်းများသည် HT Li (Lithium ဓါတ်ပေါင်း) များဖြစ်နေပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများထုတ်လုပ်ရာတွင် […]

KIA နှင့် TNLA အငြင်းပွားမှု နှစ်ဖက်ဆွေးနွေးမှုစတင်

Dawei Watch

April 9, 2025

ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ကြား နယ်မြေ အငြင်းပွားမှုများကို နှစ်ဖက်စတင်ညှိနှိုင်းနေပြီဖြစ်ကြောင်း KIO/KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏ လူမှုကွန်ရက် အကောင့်မှတစ်ဆင့် ရေးသားအသိပေးထားသည်။ “KIO နှင့် PSLF နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများစတင်နေပါပြီ” ဟု ၎င်းက ရေးသားထားသည်။ တွေ့ဆုံမှု အခြေအနေများကိုမူ ထည့်သွင်းရေးသားထားခြင်း မတွေ့ရပေ။ ဗဟိုကော်မတီ တွေ့ဆုံသည့်အဆင့် မဟုတ်သေးဘဲ ဗဟိုကော်မတီအဆင့် တွေ့ဆုံမည့်နေရာ၊ အချိန်၊ မည်ကဲ့သို့ တွေ့ဆုံမည်တို့ကို ညှိနှိုင်းနေသည့်အဆင့်ဖြစ်ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသတင်းတစ်ရပ်တွင် ပြောဆိုသည်။ KIA နှင့် TNLA ကြားတွင် မန်တုံ၊ နမ့်ခမ်း၊ နမ့်ဖက်ကာ၊ မုံးကိုး စသည့်နေရာများတွင် နယ်မြေအငြင်းပွားမှုများဖြစ်ပွား နေသည်။ ပြီးခဲ့သည့် မတ်လ […]

မော်လမြိုင်ကမ်းနားလမ်းရှိ သင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များကို ပြန်ဖျက်

Dawei Watch

April 9, 2025

မော်လမြိုင်ကမ်းနားလမ်းတလျှောက်တွင် ဆောက်လုပ်ထားသည့် သင်္ကြန် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်များကို ပြန်ဖျက်နေကြောင်း မြို့ခံများထံမှ သိရသည်။ ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရန်အတွက် မွန်ပြည်နယ်စစ်ကောင်စီက မော်လမြိုင် ကမ်းနားလမ်းတွင် ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍပ်ကို မတ်လနောက်ဆုံးအပတ်ခန့်က စတင်ဆောက်လုပ်ခဲ့သည်။ “ဗဟိုမဏ္ဍပ်ကိုတော့ မနေ့က (ဧပြီ ၈) က ပြန်ဖျက်နေတာ တွေ့ရတယ်။ ရေကစားတာတော့ ရှိဦးမယ်လို့ ပြောသံကြားတယ်။ ဖျော်ဖြေရေးတွေပဲ မလုပ်တော့တာ၊ ကမ်းနားမှာ လမ်းလျှောက်သင်္ကြန်လုပ်ဖို့အတွက် လုပ်နေတာတော့ တွေ့ရတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ ဗဟိုမဏ္ဍပ်အပါအဝင် ဖျော်ဖြေရေးမဏ္ဍုပ်များကိုသာ ပြန်ဖျက်နေပြီး ရေကစားမဏ္ဍပ်များကိုမူ လုပ်ဆောင်နေဆဲဖြစ်ကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။ ယင်းအပြင် ပြည်နယ်စစ်ကောင်စီ၏ အစီအစဉ်ဖြင့် မော်လမြိုင်ကမ်းနားလမ်း မြစ်ကန်သာ အပန်းဖြေနေရာတွင် လမ်းလျှောက်သင်္ကြန်ကျင်းပရေးနှင့် စတုဒီသာကျွေးမွေးရန် အစီအစဉ်လည်း ဆက်လုပ်နေကြောင်း […]