BREAKING
November 13, 2025

သတင်း

စစ်ကောင်စီတပ် လောင်းလုံးမြို့နယ်ကို လက်နက်ကြီးဖြင့်ဆက်တိုက်ပစ်၊ အရပ်သားတစ်ဦးကို ဖမ်းဆီး

Dawei Watch

April 11, 2025

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးနေသည့်အပြင် ထားဝယ်မြို့ပေါ်ကလည်း လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။ ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၆ နာရီခန့်တွင် မင်းရပ်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ နံနက် ၉နာရီခန့်မှ ၁၁ နာရီခန့်အထိ ထားဝယ်မြို့ပေါ်ရှိ အမြောက်တပ်က လက်နက်ကြီးဖြင့် ခုနစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ရာ ဝေဒီ၊ အင်းဇောက်၊ ရွာဟောင်းဝကျေးရွာတို့အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ဝေဒီရွာ ဓနိတောရယ်၊ ရှင်းကြီးအိမ် (ရွာရှင်နတ်အိမ်) နားမှာ (လက်နက်ကြီးကျည်) ကျတယ်။ ကျန်တာကတော့ အင်းဇောက်တို့၊ ရွာဟောင်းဝတို့နားကျတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းအပြင် မင်းရပ်ကျေးရွာ မြင်သုံးမြင်ဘုရားအနီး ရော်ဘာတောထဲတွင် ရော်ဘာခြစ်နေသည့် ရွာဟောင်းရွာသား အသက် ၂၀ […]

ထားဝယ်တွင် ယခုနှစ် ဆားအထွက်လျော့

Dawei Watch

April 11, 2025

ရာသီဥတုမကောင်းခြင်း၊ အလုပ်သမားရှားပါးခြင်းတို့ကြောင့် ထားဝယ်တွင် ယခုနှစ် ဆားထွက်နှုန်းလျော့ကျကြောင်း ဆားလုပ်ငန်းလုပ်ကိုင်သူ အချို့က ပြောသည်။ သီတင်းကျွတ်ကာလ အောက်တိုဘာလမှ မေလအထိ ဆားထုတ်လုပ်သည့် ပွင့်လင်းရာသီကာလတွင် ဖျက်မိုးများခြင်း၊ မိုးရိပ်တက်ခြင်း တို့ကြောင့် နေလှန်းဆား၊ မီးချက်ဆားထုတ်လုပ်မှု လျော့ကျခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ဆားပိဿာချိန် လေးသောင်းကျော်ရရှိသော်လည်း ယခုလက်ရှိတွင် ဆားပိဿာချိန် သုံးသောင်းကျော်သာ ရသေးကြောင်း မီးချက်ဆားထုတ်လုပ်သည့် သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “မနှစ်ကထက် လျော့တယ်။ ဖျက်မိုးများတယ်လေ။ မိုးရိပ်တက်လိုက် မိုးရွာလိုက်နဲ့ ဆားငန်ရေက မီးနဲ့ ချက်လို့ရတဲ့အဆင့်ကို မရောက်ဘူးဖြစ်နေတယ်။ ပြီးတော့ ထင်းရှားတယ်၊ ဝယ်မရဘူး။ ယောင်္ကျားသားတွေ မလုပ်ကြတော့ မိန်းမသားတွေက ကိုယ်နိုင်တဲ့အင်အားနဲ့ ထင်းကိုကိုယ်တိုင် ဝင်ယူနေရတယ်” ဟု ၎င်းက ပြောသည်။ မိုးရိပ်တက်ခြင်း၊ […]

ငလျင်လှုပ်ပြီးနောက် သင်္ကြန်ပစ္စည်း အရောင်းပါး

Dawei Watch

April 11, 2025

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ပြီးနောက် သင်္ကြန်ရာသီ ရေကစားပစ္စည်းများနှင့် အလှဆင်ပစ္စည်းများ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် အရောင်းပါးနေကြောင်း သင်္ကြန်ပစ္စည်းရောင်းသူများထံမှ သိရသည်။ သင်္ကြန်ပန်းကုံး ၊ ကလေးကစားစရာနှင့် အလှဆင်ပစ္စည်းစျေးနှုန်းမှာ အနည်ဆုံးတန်ဖိုး ငါးရာကျပ်မှ အမြင့်ဆုံးတန်ဖိုး ကျပ်ငါးသောင်းဝန်းကျင်အထိ စျေးနှုန်းအမျိုးမျိုး ရှိကြောင်း စျေးကွက်အတွင်းမှ သိရှိရသည်။ “ငလျင်မလှုပ်ခင်တုန်းက သင်္ကြန်ကစားစရာတွေ လာဝယ်နေကြသေးတယ်။ ငလျင်လှုပ်ပြီးတဲ့ နောက်ပိုင်းမှာတော့ လာဝယ် သူတောင် မရှိတော့ဘူး။ ပစ္စည်းတွေတော့ ကျန်နေတာပေါ့။ အရင်ရောင်းကောင်းပြီးမှ သင်္ကြန်နီးလာတော့ အရောင်းပြန်ပါး သွားတယ်” ဟု မြိတ်မြို့က ကလေးကစားစရာ ရောင်းသူတစ်ဦးက ပြောသည်။ မြိတ်မြို့က သင်္ကြန်ပစ္စည်း လက္ကားဆိုင်ပိုင်ရှင်တစ်ဦးကမူ သင်္ကြန်ပစ္စည်းများကို ဖေဖော်ဝါရီလကတည်းက ကြိုတင် ရောင်းချသဖြင့် ပစ္စည်းပြတ်လပ်သွားပြီဖြစ်ကြောင်း ဆိုသည်။ သို့သော် လက်လီရောင်းသူများထံတွင်မူ သင်္ကြန်ပစ္စည်းများရှိနေဆဲဖြစ်ပြီး အရောင်းပါးနေခြင်းဖြစ်ကြောင်း […]

ဘန်ကောက်ပြိုကျအဆောက်အအုံထဲမှ ဖုန်းမီးအချက်ပြ၍ ကယ်ဆယ်နိုင်ရေးကြိုးပမ်း

Dawei Watch

April 11, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အအုံအပျက်အစီးများ အောက်က ဖုန်းမီးအချက်ပြလာ၍ အသက်ရှင်ကျန်ရစ်သူ ရှိနိုင်သေးသည်ဟု မျှော်လင့်ချက်ဖြင့် ကယ်ဆယ်နိုင်ရေး ကြိုးပမ်းနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများအောက်ကို အောက်ဆီဂျင်များရောက်နိုင်စေရန် ပိုက်လိုက်သွင်း၍ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုဖြစ်ပြီး ၁၄ ရက်အကြာ ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် အပျက်အစီးများအောက် ၃ မီတာအနက်၌ ဖုန်းမီးအလင်းရောင် ထွက်ပေါ်လာသည်ကို ကယ်ဆယ်ရေးသမားများက စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးသမားများက ဖုန်းမီးကို မှိတ်တုတ်မှိတ်တုတ်လုပ်၍ အချက်ပြရန် ပြောသောခါ ဖုန်းက ပြန်လည်ပြုလုပ်ပြသဖြင့် အသက်ရှင်နေဆဲဖြစ်သည်ဟု ယူဆထားကြကြောင်း ဖော်ပြသည်။ နောက်ထပ် ရောင်ခြည်စက်များဖြင့် စမ်းသပ်သောအခါ ၁ မီတာအနက်တွင် တစ်ဦးနှင့် ၃ မီတာအနက်တွင် တစ်ဦးကို […]

ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန်ရှိဟု ပြင်သစ်သမ္မတပြော

Dawei Watch

April 11, 2025

ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် အသိအမှတ်ပြုသွားရန်ရှိကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က ဗုဒ္ဓဟူးနေ့တွင် ပြောဆိုလိုက်သည်။ “ကျွန်တော်တို့အနေနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုသွားဖို့ လိုအပ်ပါတယ်။ လာမယ့် လအနည်းငယ်အတွင်းမှာ ကျွန်တော်တို့ အသိအမှတ်ပြုသွားမှာပါ။ တစ်စုံတစ်ယောက် စိတ်ကျေနပ်စေဖို့ လုပ်တာ မဟုတ်ပါဘူး။ တချိန်ချိန်မှာ ဒါက လုပ်သင့်တဲ့ အရာတစ်ခုမို့လို့ ဒါကို ကျွန်တော် လုပ်မှာပါ”ဟု မက်ခရွန်က France 5 ရုပ်မြင်သံကြားနှင့် အင်တာဗျူးအစီအစဉ်တွင် ပြောကြားခဲ့သည်။ ယင်းသို့ အသိအမှတ်ပြုလိုက်ပါက အရှေ့အလယ်ပိုင်းရှိ နိုင်ငံအချို့ကလည်း အစ္စရေးကို နိုင်ငံတစ်နိုင်ငံအနေဖြင့် အသိအမှတ်ပြုလာစေနိုင်သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ပါလက်စတိုင်းကို အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် နိုင်ငံပေါင်း ၁၅၀ နီးပါးက အသိအမှတ်ပြုထားသော်လည်း အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် ၊ ပြင်သစ် ၊ ဂျာမဏီနှင့် […]

ထားဝယ်မြို့ပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် လောင်းလုံးကို စစ်ကြောင်းထိုး

Dawei Watch

April 11, 2025

သင်္ကြန်ကျရန် ရက်ပိုင်းအလို ယနေ့ ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့ဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုးလာကြောင်း ဒေသခံများက ပြောသည်။ ဧပြီလ ၁၀ ရက်က ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် အကောက်ခွန်ဦးစီးဌာနဘက်ခြမ်းတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုကဲ့သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ထိုနေ့က စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်ဒုတိုင်းမှူး ဗိုလ်မှူးအောင်မျိုးထွန်း အပါအဝင် စစ်ကောင်စီခန့်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများသည် အကောက်ခွန်ရုံးနှင့် မနီးမဝေးရှိ ဆိပ်ကမ်းသာ ဘောတံတားတွင် ငါးလွှတ်ပွဲပြုလုပ်နေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “စကစဝန်ကြီးတွေ ကမ်းနားလမ်းမှာ ပွဲလုပ်နေကြတဲ့အချိန်မှာ သေနတ်ပစ်သံတွေ ထွက်လာတယ်။ အဲဒါပြီးမှာ နတလရုံးမှာ ထိုင်ထားတဲ့ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုသေးတယ်” ဟု မြို့ခံတစ်ဦးက […]

မြန်မာ့ငလျင်ဘေး ယွမ်ငွေ တစ်ဘီလီယံ ထပ်ကူမည်ဟု တရုတ်ပြော

Dawei Watch

April 11, 2025

မြန်မာနိုင်ငံငလျင်ဘေးတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေးအကူအညီအတွက် တရုတ်ယွမ်ငွေ တစ်ဘီလီယံ (ကန်ဒေါ်လာ ၁၃၇ သန်းနီးပါး) ထပ်မံပံ့ပိုးကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုရာ တရုတ်သံရုံးက ဧပြီလ ၁၀ ရက်တွင် ထုတ်ပြန်သည်။ မြန်မာနိုင်ငံ၏ ကယ်ဆယ်ရေးလုပ်ငန်းများသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး မြန်မာစစ်ကောင်စီ၏ တောင်းဆိုချက်အရ ယခုကဲ့သို့ ထပ်မံပံ့ပိုးပေးခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံတကာဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (CIDCA) ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Li Ming က ပြောသည်။ အဆိုပါငွေဖြင့် ကျန်းမာရေးနှင့်ရောဂါကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့ များ၊ ဘေးအန္တရာယ်အကဲဖြတ်ရေးအဖွဲ့များ စေလွှတ်ပြီး ပြန်လည်ထူထောင်ရေးနှင့် ဘေးအန္တရာယ် ကာကွယ်လျှော့ချရေး လုပ်ငန်းစဉ်များ ရေးဆွဲရာတွင် ကူညီမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ ထို့အပြင် ယဉ်ကျေးမှုအမွေအနှစ်နှင့် အဆောက်အအုံဆိုင်ရာ စစ်ဆေးရေးအဖွဲ့များ စေလွှတ်ကာ ပျက်စီးနေသော ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၊ […]

ဘန်ကောက်ရှိ ပြိုကျအဆောက်အအုံထဲ သေဆုံးနှင့် ပျောက်ဆုံးသူများအတွက် အလှူအတန်းပြုလုပ်

Dawei Watch

April 10, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသော အဆောက်အအုံထဲတွင် ပျောက်ဆုံးနေသူများနှင့် သေဆုံးသူများအတွက် ယနေ့ နေ့လယ်ပိုင်းတွင် သံဃာတော်အပါး ၁၀၀ ကျော်ဖြင့် အလှူအတန်းပြုလုပ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဧပြီလ ၁၀ ရက် နေ့လယ်ပိုင်းကစပြီး ဗုဒ္ဓဘာသာ ထုံးထမ်းအစဉ်အလာအရ သံဃာတော် ၁၀၃ ပါးကို ပင့်ဖိတ်ပြီး အလှူဒါနကောင်းမှုကုသိုလ်ပြုလုပ်၍ ဆုတောင်းခဲ့ကြောင်း ဖော်ပြသည်။ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၂၃ ဦးအထိရှိလာပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူ ၇၁ ဦး အထိ ရှိနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများအတွက်လည်း ဆုတောင်းမေတ္တာများ ပို့သခဲ့ပြီး သေဆုံးသူများအတွက် ရေစက်ချ အမျှဝေခဲ့ကြောင်း ဖော်ပြသည်။ လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူများထဲတွင် ပါဝင်နေသော မြန်မာနိုင်ငံသား ၁၈ ဦး၏ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးသဖြင့် […]