BREAKING
November 13, 2025

သတင်း

သင်္ကြန်အကြတ်နေ့ ကမ်းနီးရွာဗုံးကြဲခံရမှု ဒေသခံခြောက်ဦးသေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ

Dawei Watch

April 16, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီ‌စံပြကျေးရွာနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့) နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံအရပ်သား ခြောက်ဦး သေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ကမ်းနီးကျေးရွာထဲနှင့် ဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ရွာထဲရှိ ကမ်းနီးကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံဘေးတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ကားတစ်စီးထိမှန်သွားသည့်အပြင် ဓမ္မာရုံလည်း ထိမှန်သွားကြောင်း ဒေသခံများက ပြောဆိုသည်။ ဗုံးစထိမှန်ကာ ကလေးအပါအဝင် အမျိုးသမီး၊ အမျိုးသား ခြောက်ဦးသေဆုံးပြီး၊ ရဟန်း၊ ကိုရင်များ အပါအဝင် ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ၎င်းတို့က ဆိုသည်။ “လေယာဉ်ဗုံးကြဲခံရမှုမှာ သေဆုံးသွားတာက ခြောက်ဦး၊ […]

သင်္ကြန်အကျနေ့ ထားဝယ်မြို့ပေါ် တွင် ယာဉ်မတော်တဆမှုကြောင့် နှစ်ဦးသေဆုံး

Dawei Watch

April 15, 2025

သင်္ကြန်အကျနေ့ ထားဝယ်မြို့ပေါ် ၌ ယာဉ်မတော်တဆမှုကြောင့် အမျိုသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း ကူညီဆောင်ရွက် ပေးနေသူများထံမှသိရသည်။ ဧပြီ ၁၄ရက် မွန်းတည့် ၁၂ နာရီ ခန့်က ထားဝယ်မြို့ ၊ဝဲကျွန်းရပ်ကွက် သမီးတော် သောက်ရေသန့် စက်ရုံအနီးတွင် သားအမိနှစ်ဦး ဆိုင်ကယ်စီးလာစဉ် အမေဖြစ်သူ ဆိုင်ကယ်ပေါ်က လိမ်ကျသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် အမျိုသားတစ်ဦးကပြောသည်။ “ရေပက်တဲ့ နေရာရောက်တော့ ရုတ်တရက် ဆိုင်ကယ် အရှိန်လျှော့ လိုက်တာ အဲဒီမှာ နောက်ကထိုင်လိုက်လာတဲ့ သူ့အမေက လိမ့်ကျပြီး ဆုံးသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ယင်းအပြင် ထားဝယ်မြို့ မီးသတ်ဦးစီး ဌာနရုံးအနီးတွင်လည်း မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင့် အမျိုးသား တစ်ဦး မော်တော် ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပြီး သေဆုံးခဲ့ ကြောင့် […]

ထားဝယ်သပိတ်ကော်မတီက ‘ပိတောက်တွေနီစေ သင်္ကြန်မြေ’ ခေါင်းစဉ်ဖြင့် သံချပ်ဖြင့် ဖျော်ဖြေ

Dawei Watch

April 14, 2025

ထားဝယ်သပိတ်ကော်မတီက လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် သံချပ်၊ သင်္ကြန်အကတို့ဖြင့် သင်္ကြန်အကျနေ့တွင် ဖျော်ဖြေခဲ့သည်။ “ပိတောက်တွေနီစေ သင်္ကြန်မြေ” ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်အား ဆန့်ကျင့်သည့် သံချပ်စားသားများ‌ဖြင့် ဖျော်ဖြေခဲ့သည့်အပြင် တော်လှန်ရေးကာလ NUG နှင့် ပသုံးလုံးအဖွဲ့တို့၏ စီမံခန့်ခွဲမှုအလွဲများကိုလည်း အပြု‌သဘော ဝေဖန်ထောက်ပြခဲ့ကြသည်။ ယင်းအပြင် သင်္ကြန်အကတို့ဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။

မဟာချိုင်တွင် သင်္ကြန်ရေကစားရင်း မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်၊ ပုလောဒေသခံတစ်ဦး သေဆုံး

Dawei Watch

April 14, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် သင်္ကြန်ကာလ ရေကစားနေရင်း မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်ရာမှ ပုလောဒေသခံ ၁ ဦးသေဆုံးကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။ ယနေ့ (ဧပြီ ၁၄) ညနေ ၃ နာရီခန့်တွင် ဝီလ ၁၇ လမ်းထဲ ရေကစားနေရင်း ဓားထိုးမှုဖြစ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။ “သင်္ကြန်ဆိုတော့ဗျာ အချင်းချင်း သနပ်ခါးတွေ လိမ်းကြတာ ရှိမှာပေါ့။ အဲဒါကနေစပြီး ရန်ဖြစ်သွားကြတာဗျ” ဟု အမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုနေလင်းသူက ဆိုသည်။ သေဆုံးသူသည် အသက် ၂၅ နှစ်အရွယ် ကိုဇေယျာကျော်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပုလော၊ ပလောက်ဒေသခံတစ်ဦးဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရေကစားနေရင်း အချင်းချင်း စကားများခဲ့စဉ် ကိုဇေယျာကျော်က ထွက်ပြေးခဲ့သော်လည်း တစ်ဖက်မြန်မာနိုင်ငံသားအုပ်စုက လိုက်လာပြီး တစ်ဦးက ဓါးဖြင့် […]

ရေပက်ခံထွက်ကြသူများ

Dawei Watch

April 14, 2025

Dawei Watch | ဓာတ်ပုံသတင်း လောင်းလုံးမြို့နယ်တွင် ကား၊ သုံးဘီး၊ ထော်လာဂျီ၊ ဆိုင်ကယ်​တို့ဖြင့် ရေပက်ခံထွက်သူများကို သင်္ကြန်အကျနေ့၌ မြင်တွေ့ရစဉ်။

ကော့သောင်း သင်္ကြန် မြင်ကွင်း

Dawei Watch

April 14, 2025

ထိုင်းနှင့်မြန်မာ နယ်စပ်မြို့ဖြစ်သည် ကော့သောင်းမြို့တွင်ယခုနှစ် သင်္ကြန်ကာလ၌ ဖျော်ဖြေရေးမဏ္ဍပ်များအပြင် မြို့တွင်း၌ ရပ်ကွက်အလိုက် ရေကစားသူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။ ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီ က ယခုနှစ်သင်္ကြန်ကို အတီးအမှုတ် အကအခုန်များမပါဘဲ ကျင်းပမည်ဟု ကြေညာထားပြီး တနင်္သာရီတိုင်းတွင်လည်း မြို့အချို့၌ ​ဖျော်ဖြေရေးမဏ္ဍပ်များ ဖျက်လိုက်သော်လည်း ကော့သောင်းမြို့တွင်မူ မဖျက်ဘဲ ဖျော်ဖြေရေးအစီအစဥ်များဖြင့် ကျင်းပနေသည်။ ယင်းမဏ္ဍပ်အနီးတွင် စတုဒီသာ ကျွေးမွေးခြင်းလည်း ပြုလုပ်နေသည်။

သင်္ကြန်အကျနေ့ ထားဝယ်မြို့ မြင်ကွင်း

Dawei Watch

April 14, 2025

ထားဝယ်မြို့၊ မြို့တော်ခန်းမအနီးက ရေကစားမဏ္ဍပ်တွင် သင်္ကြန်အကျနေ့(ဧပြီ ၁၄)၌ ရေကစားသူ ယမန်နေ့​ကထက် ပိုများလာသည်။ မြို့ပေါ်ရပ်ကွက်များတွင်လည်း ရေကစားသူများ ၊ ရေပက်သူများဖြင့် စည်ကားနေသည်။ မြို့တော်ခန်းမအနီး ရေကစားမဏ္ဍပ်အနီးတွင်စစ်ကောင်စီက လုံခြုံရေးများချထားသည်။ ထားဝယ်မြို့တွင် ဧပြီလ ၁၁ ရက်ကတည်းကစ၍ ကလေးသင်္ကြန်ပြုလုပ်၍ ရေကစားနေကြခြင်းဖြစ်သည်။

သီဆိုကခုန် မပါဘဲသင်္ကြန်ကျင်းပမည်ဆိုသည့် စစ်ကောင်စီက ကော့သောင်း ဗဟိုမဏ္ဍပ်ကို အဆိုအကများဖြင့် ဖွင့်လှစ်

Dawei Watch

April 14, 2025

ငလျင်ဘေးကြောင့် အပျော်အပါး၊ သီဆိုကခုန်ခြင်းများမပါဝင်ဘဲ ကျင်းပမည်ဟု စစ်ကောင်စီက အသံကောင်းဟစ်ထားထားသော်လည်း ကော့သောင်းသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကိုမူ သီဆိုကခုန်မှုများဖြင့် ဖွင့်လှစ်ခဲ့သည်။ ယနေ့ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့တွင် ကော့သောင်းမြို့ စစ်ကောင်စီဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပခဲ့ပြီး ယင်းဖွင့်ပွဲတွင် ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းအကအဖွဲ့များဖြင့် ဖွင့်လှစ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ “အရင်နှစ်တွေကအတိုင်းပဲ ရပ်ကွက်လိုင်း အကဖွဲ့တွေ ဝင်ပြိုင်ပြီး ဆုပေးတယ်။ (ဗဟို)မဏ္ဍပ်ပေါ်မှာရော၊ စင်အောက်မှာပါ အကအဖွဲ့တွေ သင်္ကြန်သီချင်းနဲ့ရော၊ မြန်မာသံစဉ်သီချင်းတွေနဲ့ ကနေကြတာပဲ” ဟု မြို့ခံတစ်ဦးကဆိုသည်။ သင်္ကြန်မကျခင် ဧပြီလ ၁၁ ရက်နေ့ကလည်း ရပ်ကွက်သင်္ကြန်အကဖွဲ့များက ယိင်းအကများဖြင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ကပြခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ပြင်းထန်ငလျင်ဘေးကြောင့် ယခုနှစ်သင်္ကြန်ကို အပျော်အပါး၊ သီဆို၊ အကအခုန်များမပါဝင်ဘဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီက ဧပြီလ ၃ ရက်နေ့ကတည်းက […]