BREAKING
November 13, 2025

သတင်း

အိမ်ထောင်သက် ၉ နှစ်အကြာတွင် ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ လမ်းခွဲပြတ်စဲရန်စီစဉ်

Dawei Watch

April 17, 2025

အားကစားလောကရဲ့ အထင်ကရစုံတွဲတစ်တွဲအဖြစ်သတ်မှတ်ခံထားရတဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါနှင့် ဆားဘီးယားတင်းနစ်မယ်ဟောင်း အိုင်ဗန်နိုဗစ်တို့သည် အိမ်ထောင်သက် ၉ နှစ်အကြာတွင် လမ်းခွဲပြတ်စဲရန် စီစဉ်ကြောင်း Goal က ဖော်ပြထားသည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ ဇနီးမောင်နှံ၏ဆက်ဆံရေးသည် အေးစက်သောအခြေအနေတစ်ရပ်ဆီသို့ ရောက်သွားခဲ့ပြီဖြစ်ပြီး ၎င်းတို့နှစ်ဦး အတူမနေတော့သည်မှာလည်း ကာလတစ်ခုရှိလာခဲ့ပြီဖြစ်သည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် လွန်ခဲ့သော ၉ နှစ်က အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး အိမ်ထောင်သက် ၉ နှစ်တာကာလအတွင်း သား သုံးဦး ထွန်းကားထားသည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် Post တစ်ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ နောက်ဆုံးအကြိမ်အဖြစ် အတူတကွ ပူးတွဲတင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများထက်၌ ၎င်းတို့နှစ်ဦးကို အတူယှဉ်တွဲ၍ မတွေ့ရတော့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ကို […]

မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ရန် မောင်မောင်လွင်ကို AFF ရွေးချယ်

Dawei Watch

April 17, 2025

အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) သည် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့ ယှဉ်ပြိုင်ရန် စီစဉ်ထားသော ခြေစမ်းပွဲတွင် ASEAN-All Stars အသင်းဘက်က ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ကွင်းလယ်လူ မောင်မောင်လွင်ကို ထည့်သွင်းရွေးချယ်လိုက်သည်။ မန်ချက်စတာယူနိုက်တက်အသင်းနှင့် အာဆီယံညွန့်ပေါင်း ASEAN-All Stars တို့သည် လာမည့် မေလ ၂၈ ရက်တွင် မလေးရှားနိုင်ငံရှိ ဘူကစ်ဂျာလီကွင်းကြီးတွင် ခြေစမ်းပွဲယှဉ်ပြိုင်ကြမည်ဖြစ်သည်။ အဆိုပါခြေစမ်းပွဲ၌ ASEAN-All Stars အသင်းဘက်က ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မောင်မောင်လွင် ကို ရွေးချယ်လိုက်ကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က မြန်မာဘောလုံးအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားထားပြီဖြစ်သည်။ မောင်မောင်လွင်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် ၎င်းကိုယ်စားပြုကစားနေသော ထိုင်း ပရီးမီးယားလိဂ်ကလပ် Lamphun Warriors FC […]

၂၀၂၆ နှစ်ကုန်တွင် ဆီးရီးယားက အစ္စရေးကို အသိအမှတ်ပြုမည်ဟုဆို

Dawei Watch

April 16, 2025

ဆီးရီးယားကြားကာလအစိုးရက အစ္စရေးကို ၂၀၂၆ နှစ်ကုန်တွင် အသိအမှတ်ပြုသွားရန် ရှိသည်ဟု ဗြတိန်သံအမတ်ဟောင်း တစ်ဦးဖြစ်သူ Craig Murray က အင်တာနက်လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုလိုက်သည်။ အစ္စရေးကို နိုင်ငံတစ်ခုအဖြစ် ၂၀၂၆နှစ်ကုန်တွင် အသိအမှတ်ပြုသွားမည်ဟု ဆီးရီးယားကြားကာလသမ္မတ အာမက်အယ်လ်ရှာရာက ဗြိတိန်အစိုးရကို ကတိပြုပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။ နှစ်နိုင်ငံသံအမတ်များ အပြန်အလှန်ခန့်အပ်သွားရန် ရှိသည်ဟုလည်း ဥဇဘက်ကစ္စတန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Craig Murray က ပြောဆိုသည်။ အာဏာရှင် ဘာရှာအာဆတ်ပြုတ်ကျပြီးနောက် တက်လာသည့် ဆီးရီးယားအစိုးရသစ်၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ဆီးရီးယားအပေါ် ချမှတ်ထားသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကို ဖယ်ရှားခံရရေးနှင့် အနောက်နိုင်ငံအစိုးရများထံမှ ဆီးရီးယားအတွက် ဘဏ္ဍာရေးအထောက်အပံ့များ ရရှိရန်အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆီးရီးယားနယ်မြေများကို အစ္စရေးက သိမ်းပိုက်ထားမှုကို ပြန်လည်စွန့်လွှတ်ရန်ကိစ္စကိုမူ ဆီးရီးယားကြားကာလသမ္မတက ထည့်သွင်းဆွေးနွေးခဲ့ခြင်း […]

ကျုံဒိုးတွင် ကျေးရွာများကို စစ်ကောင်စီတပ် လေယာဉ်ဖြင့်ဆက်တိုက်ဗုံးကြဲ

Dawei Watch

April 16, 2025

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအနားတဝိုက်ရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၁၆ ရက်နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ကော့ကရိတ်-ကျုံဒိုး ကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဧပြီလ ၁၅ ရက်ကစပြီး တိုက်ပွဲပြင်းထန်ခဲ့သည်။ တိုက်ပွဲဖြစ်ပွားနေသည့်ဒေသရှိ ကျေးရွာများထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဒရုန်းဖြင့် ဗုံးချခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။ ယနေ့ ဧပြီလ ၁၆ ရက် နံနက်အစောပိုင်းတွင် ကျုံဒိုးဘက်ရှိ နွားခြံကုန်း၊ လေးတိုင်၊ ငါးတိုင်၊ ကိုးတိုင်၊ ရေပူအစရှိသည့် ကျေးရွာများကို ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် […]

တိတ်တိတ်ပုန်းချစ်သူကို အိမ်သာထဲ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုပြီး ပါယက် ရဲတိုင်ခံရ

Dawei Watch

April 16, 2025

ဝက်စ်ဟမ်းကွင်းလယ်လူဟောင်း ပါယက်သည် ၎င်း၏တိတ်တိတ်ပုန်းချစ်သူကို အိမ်သာခွက်ထဲသို့ ခေါင်းနှစ်၍ ကျင်ငယ်ရေ သောက်ခိုင်းသည်ဆိုကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခံရပြီး ရဲတပ်ဖွဲ့က ယင်းအမှုကို စုံစမ်းစစ်ဆေးနေကြောင်း Metro က ဖော်ပြသည်။ ပါယက်သည် လက်ရှိတွင် ဘရာဇီးကလပ် ဗာစကိုဒဂါးမားကို ကိုယ်စားပြု၍ ကစားသမားဘဝဖြတ်သန်းနေပြီး ဘရာဇီးသို့ ရောက်ပြီးချိန်တွင် အသက် ၂၈ နှစ်အရွယ် ရှေ့နေ လာရစ်ဆာနှင့် ဇာတ်လမ်းများ ဖြစ်ခဲ့ခြင်းဖြစ်သည်။ ပါယက်နှင့် လာရစ်ဆာတို့အကြားတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလမှစ၍ ပြီးခဲ့သည့် မတ်လထိတိုင် ပတ်သက်ဆက်နွှယ်မှုများ ရှိခဲ့ပြီး ရဲမှတ်တမ်းများ၌ ပါယက်က လာရစ်ဆာအပေါ် ကျူးလွန်မှုများမှာ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဘရာဇီးသတင်းမီဒီယာ G1 နှင့် တွေ့ဆုံခဲ့ရာတွင် […]

ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များကို စစ်ဆေးနေကြောင်း NUG ပြော

Dawei Watch

April 16, 2025

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များကို စစ်ဆေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလ ၁၅ရက်တွင် ထုတ်ပြန်သည်။ အင်းတော်မြို့တွင် အခိုင်အမာတည်ဆောက်ထားသည့် တပ်မ ၇၇ ရှေ့တန်းဌာနချုပ် ဂျပန်လှိုဏ်ဂူကို ဧပြီလ ၇ ရက်က တော်လှန်ရေးတပ်များက ဝန်းရံပိတ်ဆို့တိုက်ခိုက်စဥ် ဆုတ်ခွာထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ်အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင်များကို ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်အောင်သက်ဦးသည် တပ်မ ၇၇ တပ်မမှူးအဖြစ် တာဝန်မယူမီ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ရှိ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကော့သောင်းတွင် ယာယီဗျူဟာမှူး ၊ စစ်ဗျူဟာမှူးအဖြစ် ဒုတိယ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးရာထူးတို့ဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း စစ်ကောင်စီ၏ ပြန်ကြားရေးဌာန မှတ်တမ်းများအရ […]

ငလျင်ဘေးသင့်သူ နှစ်သန်းခန့်အတွက် အရေးပေါ် အကူအညီလို

Dawei Watch

April 16, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈က လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးဒဏ်ကို ခံရသူများအနက် လူဦးရေ နှစ်သန်းကျော်မှာ အရေးပေါ်အကူအညီများနှင့် ကာကွယ်စောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။ သန့်ရှင်းသည့် သောက်သုံးရေ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အမိုးအကာ မရှိဘဲ နေထိုင်နေကြရသူများမှာ လက်ရှိအချိန်အထိ အများအပြားရှိနေသေးကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ ဧပြီလ ၁၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လမ်း၊ အခြေခံအဆောက်အအုံများ ပျက်စီးမှုနှင့် ဆက်သွယ်ရေးစနစ်ချို့ယွင်းမှုတို့ကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများထံ အကူအညီ အရောက်ပို့ရာတွင် ပိုမိုခက်ခဲနေကြောင်းလည်း ဆိုသည်။ ငလျင်ဘေးမတိုင်မီကပင် လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေးတို့ကြောင့် လူသားချင်းစာနာသည့် အကူအညီလိုအပ်နေသူ သန်း ၂၀ နီးပါး ရှိနေသည့် မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ကြောင့်လည်း မြန်မာပြည်သူ ၁၇ သန်းကျော် ထပ်မံ […]

ဘုတ်ပြင်း ရွှေဂဲညိုရွာတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

April 16, 2025

ဘုတ်ပြင်းမြို့နယ်၊‌ ရွှေဂဲညိုကျေးရွာတွင် ယနေ့ ဧပြီလ ၁၆ ရက် နံနက် ၃နာရီဝန်းကျင်တွင် ပျူစောထီးခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင်အရွယ် ဦးဌေးဝင်းသည် ရွှေဂဲညိုကျေးရွာတွင် လှည့်ကင်းစောင့်နေချိန် လက်နက်ကိုင်အဖွဲ့တစ်ခုက သေနတ်ဖြင့် အချက်ပေါင်းများစွာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ “သေနတ်နဲ့ အချက်ပေါင်း မနည်း ပစ်သတ်သွားတယ်။ ကျန်တဲ့ ပျူစောထီးတွေကိုတော့ ဘာမှမလုပ်ဘူး။ သူတို့ (လက်နက်ကိုင်အဖွဲ့တစ်ခု) ပြန်သွားတော့ သေနတ် ၈ လက် ပါသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အဆိုပါ ပျူစောထီးခေါင်းဆောင်သည် ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ကျေးရွာဇာတိဖြစ်ပြီး ၂၀၂၄ ခုနှစ် နှစ်အလယ်ပိုင်း ဝန်းကျင်တွင် ရွှေဂဲညိုကျေးရွာသို့ ပြောင်းရွှေ့ကာ တာဝန်‌ထမ်းဆောင်နေသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ […]