BREAKING
November 13, 2025

သတင်း

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်

Dawei Watch

April 17, 2025

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း နှစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ ဧပြီလ ၁၄ရက်နှင့် ၁၅ရက် သိန်ခွန်းရွာတွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြောင်း အသက် ၄၃နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ”တိုက်ပွဲက တော်တော်လေးပြင်းတယ်။ (စစ်ကောင်စီ) သူတို့ဘက်က အထိနာသွားတယ်။ ကျွန်တော်တို့ဘက်က နှစ်ဦးဒဏ်ရာ ရသွားသေးတယ်” ဟု ၎င်းက ပြောဆိုသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် သိန်ခွန်းနယ်မြေတစ်ဝိုက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်း အသက် ၃၂နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ”သိန်ခွန်းမှာ တစ်ရက်ခြား နှစ်ရက်ခြား တိုက်ပွဲမကြာခဏ ဖြစ်နေတယ်။ အချို့တိုက်ပွဲဆိုရင် ကျွန်တော်ဘက်ကလည်း အထိနာတာရှိသလို သူတို့လက်နက်ပြန်ရတာလည်းရှိတယ်” ၎င်းက ပြောသည်။ နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ […]

မြန်မာနှစ်ဆန်းတစ်ရက် ညနေပိုင်း ထားဝယ်မြို့၏ ဘုရားသွားကျောင်းတက်ပုံရိပ်များ

Dawei Watch

April 17, 2025

ထားဝယ်မြို့ ၊ ရွှေတောင်စားစေတီ၊ လောကမာရဇိန်ဘုရားကြီးနှင့် ရှင်ကိုးရှင် စာရင်းဝင် ရှင်ပင်ခရု ဘုရားတို့တွင် မြန်မာနှစ်ဆန်းတစ်ရက် ယနေ့ ဧပြီလ ၁၇ ရက် ညနေပိုင်း တွင် ဘုရားဖူးများဖြင့် စည်ကားနေသည် ။ အတာအိုးလာပို့သူများ ၊ ဘုရားဖူးလာသူများအား အအေး၊ စတုဒီသာ ကုသိုလ်ပြု လှူဒါန်းနေမှုများကိုလည်း တွေ့ရသည် ။ ဘုရားများနှင့် ဘုရားသွားရာလမ်းကြောင်းများတွင် စစ်ကောင်စီက နေရာယူထားခြင်းမျိုး မတွေ့ရကြောင်း မြို့ခံဘုရားဖူးများက ဆိုသည် ။ မြန်မာနှစ်ဆန်းတစ်ရက် ညနေဘက်အထိ ထားဝယ်မြို့ပေါ်တွင် ရေကစားသူ ၊ ရေပက်သူများ နှင့် သင်္ကြန်လည်နေသူများ ရှိနေသေးကြောင်း မြို့ခံများထံကသိရသည် ။

မနက်ဖြန် ထိုးရမည့်ပွဲတွင် ဆရာဝန်က သန့်ဇင်ကို ထိုးခွင့်မပြု၍ ပွဲပျက်

Dawei Watch

April 17, 2025

ထိုင်းဖိုက်တာ ပက်ဆူကန်ဗစ်နှင့် မနက်ဖြန် (ဧပြီလ ၁၈ ရက်) တွင် ထိုးရမည့် ပွဲစဉ်အတွက် မြန်မာဖိုက်တာ သန့်ဇင်ကို ဆရာဝန်က ပွဲထိုးခွင့်မပြုသဖြင့် ပွဲပျက်ကြောင်း ပက်ဆူကန်ဗစ်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အတည်ပြုလိုက်သည်။ သန့်ဇင်သည် ပွဲထိုးရန်အတွက် စိတ်ချရသောအခြေအနေတွင် ရှိမနေခြင်းကြောင့် ဆရာဝန်က ပွဲထိုးခွင့် မပြုခြင်းဖြစ်သည်။ ဆေး စစ်ဆေးရာတွင် ပြဿနာတွေ့သည့်အတွက် ဆရာဝန်က ပွဲဆက်ထိုးရန် သန့်ဇင်ကို ထောက်ခံချက် မပေးသောကြောင့် ပွဲပျက်သွားရခြင်းဖြစ်ကြောင်းလည်း ပက်ဆူကန်ဗစ်က ရှင်းပြထားသည်။ ယခုတစ်ကြိမ်သည် သန့်ဇင်အတွက် ကျန်းမာရေးပြဿနာကြောင့် ဒုတိယအကြိမ်မြောက် ပွဲပျက်ရခြင်းဖြစ်ပြီး ပထမ တစ်ကြိမ်တွင် ပွဲပျက်ခဲ့ရသည်မှာ အူအတက်ပေါက်သည့်အတွက် အရေးပေါ် ခွဲစိတ်ကုသမှုခံယူရန် လိုအပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ပက်ဆူကန်ဗစ်နှင့် သန့်ဇင်တို့၏ပွဲစဉ်သည် နိုင်ပွဲလိုအပ်ချက် ပြင်းထန်နေသောဖိုက်တာနှစ်ဦး ထိပ်တိုက်တွေ့ပေးထားသည့် ပွဲစဉ်ဖြစ်နေခြင်းကြောင့် ပရိသတ်စိတ်ဝင်စားမှု […]

ထားဝယ်ထောင်က အကျဉ်းသား ၂၀ကျော်လွတ်၊ နိုင်ကျဉ်းတစ်ဦးသာပါ

Dawei Watch

April 17, 2025

မြန်မာနှစ်ဆန်းတစ်ရက် စစ်ကောင်စီ၏ လွတ်ငြိမ်ခွင့်တွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ၂၂ ဦး နှင့် အကျဥ်းသူ တစ်ဦး စုစုပေါင်း ၂၃ဦး ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် လွတ်မြောက်လာကြောင်း သွားရောက်စောင့်ဆိုင်းခဲ့သူများထံမှ သိရသည်။ လွှတ်ပေးရာတွင်ပါဝင်သူများကို နံနက် ၁၁ နာရီခန့်တွင် ထောင်မှ မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ ခံဝန်ထိုးခိုင်း၍ ရဲစခန်းမှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။ “အမျိုးသမီးထဲမှာ နိုင်ငံရေးအမှု မပါဘူး။ လောင်းကစားမှု လွတ်ရက်စေ့ခါနီး တစ်ယောက်ပါတယ်။ ကျန်တာက ယောင်္ကျားတွေပဲ ပါတယ်။ လာစောင့်ပြီး မပါသူတွေလည်း ရှိတယ်” ဟု မြို့မရဲစခန်း ရှေ့တွင် လွတ်လာမည့်သူများအား သွားရောက်စောင့်ဆိုင်းခဲ့သည့် အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။ ပြန်လွတ်လာသည့် အမျိုးသား ၂၂ ဦးတွင် ပုဒ်မ ၅၀၅ က […]

ယခုနှစ် ထားဝယ်သင်္ကြန်လည်ပတ်သူများ

Dawei Watch

April 17, 2025

ထားဝယ်ခရိုင်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယခုနှစ်ကျရောက်သည့် အတာသင်္ကြန်၌ ရေကစားကြသူများ၊ ရေပက်ခံ ထွက်သူများဖြင့် စည်ကားခဲ့ပြီး အာဏာသိမ်းပြီးနောက် ပါဝင်ဆင်နွှဲသူ အများဆုံးဖြစ်ကြောင်း မြို့ခံများနှင့် ရေပက်ခံထွက် သူများက ပြောသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပသည့် သင်္ကြန်ပွဲများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှု၊ တော်လှန်ရေး အင်အားစုများ၏ မေတ္တာရပ်ခံမှု၊ ဒေသတွင်း မတည်ငြိမ်မှု၊ စစ်ကောင်စီ လုံခြုံရေးတင်းကျင်မှု စသည်တို့ကြောင့် ရေပက်ခံထွက်သူ၊ ရေကစားသူ နည်းခဲ့သည်။ ယခုနှစ်တွင်မူ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကျပ်မှု မရှိသလို မြို့ပေါ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မတွေ့ရသည့်အပြင် သင်္ကြန်တွင် မပျော်ရသည့် နှစ်ကာလလည်း ကြာမြင့်လာသဖြင့် ယခုနှစ်တွင် သင်္ကြန်ရေပတ်ခံထွက်သူ၊ ရေကစားသူ များပြားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။ […]

ဆူဒန်တွင် စင်ပြိုင်အစိုးရ တည်ထောင်

Dawei Watch

April 17, 2025

ဆူဒန်ပြည်တွင်းစစ်တွင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် Rapid Support Forces (RSF) တပ်ဖွဲ့က ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စင်ပြိုင်အစိုးရတစ်ရပ် တည်ထောင်ကြောင်း ဧပြီလ ၁၄ရက်က ကြေညာလိုက်သည်။ ယင်းမှာ ဗိုလ်ချုပ် Abdel Fattah al-Burhan ဦးဆောင်သော ဆူဒန်စစ်အစိုးရကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ဆူဒန်ပြည်တွင်းစစ်ဖြစ်ပွားပြီး ၂နှစ်အကြာ လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီးနောက် အဆိုပါ စင်ပြိုင်အစိုးရ ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။ Mohamed Hamdan Dagalo ဦးဆောင်သည့် RSF တပ်ဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအစိုးရ (Government of Peace and Unity) ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ဆိုသည်။ RSF တပ်ဖွဲ့နှင့် ၎င်းတို့၏ […]

မြန်မာနှစ်ဆန်းတစ်ရက်နေ့ မိုးကုတ်ကို စစ်ကောင်စီ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

April 17, 2025

တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နယ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တအာင်းတပ်က ထုတ်ပြန်သည်။ မိုးကုတ်မြို့အရှေ့ပိုင်း ကဆုတ်ကျေးရွာကို ယနေ့ ဧပြီလ ၁၇ ရက် နံနက် ၁၀နာရီတွင် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ဗုံးကြဲမှုကြောင့် ထိခိုက်မှု အခြေအနေများကို ဆက်လက်ဖော်ပြမည်ဟု တအာင်းတပ်က ဆိုသည်။ စစ်ကောင်စီတပ်သည် ဧပြီလ ၂ရက်မှ ၂၂ရက်အထိ ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲထားသော်လည်း တအာင်းတပ် ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်သည် သင်္ကြန်ကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရခိုင်၊ ကရင် […]

မြန်မာနှစ်ဆန်းတစ်ရက်နေ့ အကျဉ်းသား ၄၉၀၀ နီးပါးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပြု၊ နိုင်ကျဉ်းပါဝင်မှု အလွန်နည်း

Dawei Watch

April 17, 2025

မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ ရက်တွင် အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်လျှင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု လွန်စွာနည်းပါးပြီး အကျဉ်းထောင်အချို့တွင် နိုင်ငံရေးအကျဉ်းသား လုံးဝ မပါဝင်သည်ကို ကနဦးတွေ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုန်ပြန်ထားသည်။ စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူများကို ၎င်းတို့ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ချသည့် အမိန့်တစ်ရက်လည်း ထုတ်ပြန်ထားသည်။ သို့သော် ပြစ်ဒဏ်လျှော့ပေးရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ဖောက်ခွဲမှု၊ လက်နက်မှု၊ မတရားအသင်းအက်ဥပဒေအရအမှုများ၊ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအမှု၊ အဂတိအမှု၊ […]