ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ထောင်က လွတ်ငြိမ်းဖြင့်လွတ်လာသည့် နိုင်ကျဥ်းနှစ်ဦး စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရ

Dawei Watch

March 5, 2026

ထားဝယ်အကျဥ်းထောင်က လွတ်ငြိမ်းဖြင့် လွတ်မြောက်လာသည့် ထားဝယ်မြို့ခံ နိုင်ငံရေးအကျဥ်းသားဟောင်းနှစ်ဦးထံ စစ်မှုထမ်းဆင့်ခေါ်စာပို့ခံရကြောင် ကာယကံရှင်များနှင့် နီးစပ်သူများထံမှ သိရသည်။ မတ်လ ၄ရက် မွန်းလွဲပိုင်း၌ ရပ်ကွက်လူကြီးကတစ်ဆင့် ဆင့်ခေါ်စာပို့ခိုင်းသည့်အပြင် စစ်အာဏာရှင်တပ်သားများက နေအိမ်များ၌ ကားဖြင့်လည်း လာရှာခဲ့သေးကြောင်း ဖြစ်စဥ်အားသိရှိသည့် ကာယကံရှင်းများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ဆင့်ခေါ်စာလည်းပို့တယ်။ စစ်ကားနဲ့လည်း လာရှာသေးတယ်။ ဒါပေမဲ့ အိမ်မှာ မရှိတော့ နှစ်ယောက်စလုံး မပါသွားကြဘူး” ဟု ၎င်းက ပြောဆိုသည်။ ကာယကံရှင်များ၏ အသေးစိတ်အချက်အလက်များကို သိရှိထားသော်လည်း လုံခြုံရေးအခြေအနေအရ မဖော်ပြခြင်း ဖြစ်သည်။ မတ်လ ၃ရက်နှင့် ၄ရက်တို့တွင် ထားဝယ်ခရိုင်အတွင်းရှိ မြို့အဝင်စစ်ဆေးရေးဂိတ်နှင့် စစ်အာဏာရှင်တပ်သားများ စစ်ဆေးသည့်နေရာများ၌ လူငယ်ရှစ်ဦးထက်မနည်း ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံရကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။ မတ်လ ၂ရက် […]

ထားဝယ်အရှေ့တောတွင် KTLA ဆာကဆောတပ် ပစ်ခတ်မှုကြောင့် KNLA တပ်ဖွဲ့ဝင်အချို့ဒဏ်ရာရဟု KNU ထုတ်ပြန်

Dawei Watch

March 5, 2026

ထားဝယ်အရှေ့တောဒေသတွင် ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်က ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) က ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က မတ်လ ၄ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ မတ်လ ၄ရက် ညနေ ၃နာရီခန့်တွင် ထားဝယ်အရှေ့တောဒေသ ဖောင်းတောနှင့် ပျားသားချောင်းကျေးရွာ ကြားတွင် KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်များကို တပ်မမှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ဆာကဆောတပ်က ခြုံခိုတိုက်ခိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်တပ်နှင့် စစ်ရေးဖော်ဆောင်နေသည့်နေရာသို့ အင်အားဖြည့်ရန် သွားနေစဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။ […]

လောင်စာဆီ ပြည်ပတင်ပို့မှုရပ်ရန် ကုမ္ပဏီများအား တရုတ်အစိုးရညွှန်ကြား

Dawei Watch

March 5, 2026

သန့်စင်ပြီးသား လောင်စာဆီများ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းထားရန် ကုမ္ပဏီများအား တရုတ်အစိုးရက ညွှန်ကြားထားကြောင်း ယနေ့ မတ်လ ၅ ရက်တွင် Reuters သတင်းဌာနက ဖော်ပြသည်။ ယင်းအပြင် တင်ပို့ရန် သဘောတူထားသည့် စာချုပ်များကိုလည်း ကြိုးစားဖျက်သိမ်းကြရန် ကုမ္ပဏီများအား တရုတ်အစိုးရက တိုက်တွန်းထားသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကြောင့် ရေနံချက်စက်ရုံများ၏ ထုတ်လုပ်မှုကျဆင်းလာချိန်တွင် တရုတ်အစိုးရ၏ ယင်းညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့ရာတွင် နိုင်ငံတကာခရီးစဉ်များအတွက် လေယာဉ်ဆီဖြည့်တင်းခြင်း၊ သင်္ဘောလောင်စာဆီထောက်ပံ့ခြင်း၊ ဟောင်ကောင်နှင့် မကာအိုသို့ လောင်စာဆီ ပို့ဆောင်ခြင်းတို့မှာမူ ယင်းညွှန်ကြားချက်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း ဆိုသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့ဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မှ တာဝန်ရှိသူများက ရေနံချက်စက်ရုံကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ သန့်စင်ပြီးသား လောင်စာဆီတင်ပို့မှုများကို လက်ငင်းချက်ချင်း ဆိုင်းငံ့ထားရန် နှုတ်ဖြင့် […]

သရက်ချောင်းတွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်နေသူသုံးဦး မူးမေ့လဲကျ

Dawei Watch

March 5, 2026

သရက်ချောင်းမြို့တွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်ဆိုင်သူသုံးဦး မူးမေ့လဲကျကြောင်း မြိုခံအချို့က ပြောသည်။ သရက်ချောင်းမြို့မရဲစခန်းအနီးရှိ Petro Green စက်သုံးဆီဆိုင်တွင် မတ်လ ၄ ရက် မွန်းလွဲပိုင်းတွင် ဆီဖြည့်ရန် စောင့်ဆိုင်း နေသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မူးမေ့လဲကျခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “နေပူလို့ ဖြစ်တာပေါ့နော်။ ကြီးကြီးမားမားတော့ မဖြစ်ဘူး။ တစ်ယောက်ပဲ အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်” ဟု ၎င်းက ပြောဆိုသည်။ သရက်ချောင်းမြို့တွင် မတ်လ ၂ရက်ကစပြီး စက်သုံးဆီဆိုင်များပိတ်ထားခဲ့ရာမှ မတ်လ ၄ရက်တွင် မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ပြန်လည်ရောင်းချကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။ ယင်းသို့ရောင်းချနေချိန် နယ်ကျေးရွာများကပါ လာရောက်တန်းစီကာ ဆီလာဖြည့်ကြပြီး လူနှင့် ဆိုင်ကယ် ရာနှင့်ချီ နေပူ […]

သရက်ချောင်းမြို့နယ် ဝင်းဝစခန်းအနီး ရွာများကို စစ်အာဏာရှင်တပ်က ဗုံးကြဲ

Dawei Watch

March 5, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်း အနီးဝန်းကျင် ကျေးရွာများကို စစ်အာဏာရှင်တပ်က မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မင်းဒပ်ရွာထဲကို ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ခြေလျင်စစ်ကြောင်းကလည်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းတို့က ပြောသည်။ စစ်ရေးဖော်ဆောင်နေသည့်ကာလအတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း၊ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းတို့ကြောင့်နေအိမ်မီးလောင်ပျက်စီးမှု အရေအတွက်နှင့် မီးလောင်ရသည့် အခြေအနေအသေးစိတ်ကို မသိရသေးပေ။ ယနေ့(မတ် ၅) နံနက် ၉ နာရီ ၁၄ မိနစ်တွင်လည်း စုံစင်ဖျားရွာအနီးဝန်းကျင်ကို ပေါင် ၂၅၀ ကလက်စတာဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က […]

စစ်အုပ်စုကို ပိုမိုတင်းကျပ်စွာ အရေးယူမည့်ဥပဒေကြမ်း ကန်အထက်လွှတ်တော်အမတ်များ တင်သွင်း

Dawei Watch

March 5, 2026

မြန်မာစစ်အုပ်စုအပေါ် အမေရိကန်အစိုးရက ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်သည့် BRAVE Burma Act ဥပဒေကြမ်းကို ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ရပ်စလုံးမှ အမေရိကန်အထက်လွှတ်တော်အမတ်များက မတ်လ ၄ ရက်နေ့တွင် တင်သွင်းလိုက်သည်။ ၂၀၂၂ ခုနှစ် BURMA Act ဥပဒေကို အခြေခံ၍ ရေးဆွဲထားသည့် BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act) ဥပဒေမူကြမ်းသည် မြန်မာစစ်အုပ်စု၏ လုပ်ငန်းစဉ်များကို ရန်ပုံငွေထောက်ပံ့နေသည့် အဖွဲ့အစည်းများအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ မြန်မာစစ်အုပ်စု၏ ဝင်ငွေလမ်းကြောင်းကို ပိတ်ပင်တားဆီးသွားရန် ၊ ဒေသတွင်း၌ ကြီးထွားလာနေသည့် တရုတ်နှင့် ရုရှား၏ ဩဇာကြီးထွားလာမှုကိုလည်း တန်ပြန်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။ ယင်းဥပဒေကြမ်းအရ […]

သီရိလင်္ကာအနီးတွင် အီရန်စစ်သင်္ဘောကို ကန်ရေငုပ်သင်္ဘော တိုက်ခိုက်နစ်မြှုပ်

Dawei Watch

March 4, 2026

သီရိလင်္ကာနိုင်ငံ တောင်ပိုင်းကမ်းလွန်ပင်လယ်တွင် အီရန်စစ်သင်္ဘောတစ်စင်းကို အမေရိကန် ရေငုပ်သင်္ဘောက တိုက်ခိုက်နစ်မြှုပ်ခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆတ်က ယနေ့ မတ်လ ၄ ရက်တွင် ပြောကြားသည်။ IRIS Dena အမည်ရှိ အဆိုပါ အီရန်စစ်သင်္ဘောတွင် လူပေါင်း ၁၈၀ လိုက်ပါခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီး ဗီဂျီသာ ဟီရတ်က နိုင်ငံ့လွှတ်တော်သို့ တင်ပြသည်။ အဆိုပါ အီရန်စစ်သင်္ဘောသည် ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၅ ရက်အထိ ဘင်္ဂလားပင်လယ်အော်တွင် ပြုလုပ်ခဲ့သည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ဝက်ဆိုဘ်တစ်ခုက ဖော်ပြထားသည်။ ဖြစ်စဉ်ဖြစ်ပွားရာ ပင်လယ်ပြင်မှ ရုပ်အလောင်းအချို့ကို ဆယ်ယူရရှိခဲ့ကြောင်း သီရိလင်္ကာရေတပ် ပြောရေးဆိုခွင့်ရှိသူ ကွမ်မန်ဒါ ဘူဒီကာ ဆမ်ပက်သ်က ဆိုသည်။ လူပေါင်း ၃၂ ဦးကို […]

အီရန် မိန်းကလေးစာသင်ကျောင်းတိုက်ခိုက်ခံရမှု နှစ်ရာနီးပါးသေဆုံး၊ အမြန်ဆုံးစုံစမ်းစစ်ဆေးရန် ကုလတိုက်တွန်း

Dawei Watch

March 4, 2026

အီရန်နိုင်ငံတောင်ပိုင်း မီနပ်မြို့ရှိ မိန်းကလေးမူလတန်းကျောင်းတစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်အများစု အပါအဝင် လူ ၁၇၅ ဦးထက်မနည်း သေဆုံးကြောင်း အီရန်အစိုးရပိုင် မီဒီယာက ဖော်ပြသည်။ ယင်းဖြစ်စဉ်မှာ လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲတွင် အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသေအပျောက် အများဆုံးဖြစ်စဉ် ဖြစ်မည်ဟု ယူဆရကြောင်း The New York Times သတင်းတွင် ဖော်ပြသည်။ အဆိုပါ မိန်းကလေး မူလတန်းစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်မှာ အမေရိကန်နှင့် အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်သည့် ဖေဖော်ဝါရီလ ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်တစ်ဝက်နီးပါး ပျက်စီးသွားပြီး လူပေါင်း ၁၇၅ ဦးထက်မနည်း သေဆုံးခဲ့ရကာ သေဆုံးသူအများစုမှာ ကလေးသူငယ်များဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ အဆိုပါ ကျောင်းကို တိုက်ခိုက်ရသည့် […]