ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မူဆလင်ကျောင်းသားအများစု ဝင်ခွင့်ရပြီးနောက် ကက်ရှ်မီးယားမှ ဆေးကောလိပ်ကို မိုဒီအစိုးရ ပိတ်သိမ်း

Dawei Watch

January 15, 2026

အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသမှ ပုဂ္ဂလိကဆေးကောလိပ်တစ်ခု၌ မူဆလင်ကျောင်းသားအရေအတွက် အများအပြား ဝင်ခွင့်ရရှိခဲ့၍ ဟိန္ဒူဘာသာဝင်များ၏ ကန့်ကွက်ဆန္ဒပြမှု ပေါ်လာပြီးနောက် အဆိုပါ ဆေးကောလိပ်ကို အိန္ဒိယအစိုးရက ပိတ်လိုက်သည်။ အိန္ဒိယအမျိုးသား ဆေးဘက်ဆိုင်ရာကော်မရှင် (NMC) က အဆိုပါ Shri Mata Vaishno Devi Medical Institute (SMVDMI) ဆေးကောလိပ်အား ဇန်နဝါရီလ ၆ ရက်တွင် အသိအမှတ်ပြုမှု ရုတ်သိမ်းလိုက်သည်။ ယမန်နှစ် နိုဝင်ဘာလတွင် အဆိုပါ ဆေးကောလိပ်၌ ငါးနှစ်သင် ဆေးပညာဘွဲ့ကြိုသင်တန်းသို့ ကျောင်းသားဦးရေ ၅၀ ဝင်ခွင့် လက်ခံခဲ့သည်။ ယင်းမှာ အဆိုပါ ဆေးကောလိပ်၌ ပထမဆုံး ဖွင့်လှစ်သည့် ဆေးပညာဘွဲ့ကြိုသင်တန်းလည်း ဖြစ်သည်။ ဝင်ခွင့်ရကျောင်းသား ၄၂ ဦးမှာ မူဆလင်ကျောင်းသားများ ဖြစ်ပြီး ဟိန္ဒူဘာသာဝင်ကျောင်းသား ၇ […]

သရက်ချောင်းတွင် အိန်ဂျယ်ယာဉ်လိုင်းက ယာဉ်တစ်စီး ဖမ်းဆီးခံရပြီး တစ်လနီးပါးအကြာတွင် ပြန်လွတ်

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ်တွင် အိန်ဂျယ်ယာဉ်လိုင်းက ကုန်ပစ္စည်းများတင်ဆောင်လာသည့် မှန်လုံမော်တော်ယာဉ်တစ်စီး ဖမ်းဆီးခံခဲ့ရပြီး တစ်လနီးပါးအကြာတွင် ပြန်လည် လွတ်မြောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၊ ဒေသခံအချို့နှင့် သက်ဆိုင်ရာယာဉ်လိုင်းတို့ထံမှ သိရသည်။ ရန်ကုန်မှ မြိတ်မြို့သို့ ထွက်ခွာလာသည့် အဆိုပါယာဉ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ဝန်းကျင်တွင် သရက်ချောင်း မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရ ကြောင်း ၎င်းတို့က ပြောသည်။ စစ်အာဏာရှင်တပ်၏ ယူနီဖောင်း၊ ဦးထုပ်စသည့် စစ်အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သရက်ချောင်းမြို့နယ်က ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကလည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ် စစ်အသုံးအဆောင်ပစ္စည်းများကို တာလပတ်ဖြင့် ခင်းကျင်းပြီး ယာဉ်မောင်းနှင့်အတူ ဓာတ်ပုံ မှတ်တမ်းယူ […]

ထားဝယ်မြို့ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

January 15, 2026

ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်) ထံမှ သိရသည်။ ကြိုးဆွဲချသေဆုံးခဲ့သူမှာ ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ အမှတ် (၃) အထက်တန်းကျောင်းရှေ့တွင်နေထိုင်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ကိုဇော်မောင်သန့် ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရှိရသည်။ ကြိုးဆွဲချသေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။ အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ကူညီသယ်ဆောင်ပေးခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်တွင် လူငယ်အမျိုးသားတစ်ဦးနှင့် ဒီဇင်ဘာလ ၂၅ ရက်တွင် အမျိုးသမီးကြီးတစ်ဦးတို့ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

ထိုင်းတွင် အလုပ်သမားကြိုပို့ယာဉ် တိမ်းမှောက်မှုကြောင့် မြန်မာ ၄၅ ဦး ဒဏ်ရာရ

Dawei Watch

January 15, 2026

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အလုပ်ကြိုပို့လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့မှုကြောင့် မြန်မာအလုပ်သမား ၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်တွင် ချွန်ဘူရီခရိုင်၊ စီရိရာချာမြို့၊ စက်မှုဇုန်အနီးတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များ ရောက်လာချိန် ဘတ်စ်ကားထဲတွင် မြန်မာအမျိုးသမီးတစ်ဦး ပိတ်မိနေဆဲဖြစ်သဖြင့် ဖြတ်တောက်ရေး ကိရိယာများသုံး၍ ကယ်ထုတ်ခဲ့ရကြောင်း ဖော်ပြထားသည်။ ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၄၅ ဦး လိုက်ပါလာပြီး အားလုံးတွင် ဦးခေါင်းနှင့် ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း၊ တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးအဖွဲ့များက […]

ကျွန်းစု တောင်သုံးလုံးရွာ အုပ်ချုပ်ရေးမှူးနေအိမ် မီးရှို့ခံရ

Dawei Watch

January 15, 2026

ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ တောင်သုံးလုံးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ် မီးရှို့ခံရကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်သည်။ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် ဇန်နဝါရီလ ၁၁ ရက်က မီးရှို့ခံရကြောင်း ဖော်ပြသည် ။ ယင်းကိစ္စနှင့် ပတ်သက်၍ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ရှိသူအား မေးမြန်းရာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။ “ကမ်းကြီးအုပ်စုက ကျွန်တော်တို့ လက်လှမ်း မမီဘူးနော်။ ကျွန်တော်တို့ လှုပ်ရှားနယ်မြေနဲ့ဆို တောင်နဲ့ မြောက်ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ အခြား local (ဒေသကာကွယ်ရေးအဖွဲ့) တွေ ရှိတယ်” ဟု ၎င်းက ပြောသည်။ ရွေးကောက်ပွဲ မကျင်းပမီ နှစ်ရက်အလို ဇန်နဝါရီလ ၉ရက်က တောင်သုံးလုံးရွာက ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် […]

ဘန်ကောက်အနီး ဖလန်ဆောင်တံတား ထပ်မံပြိုကျမှုကြောင့် နှစ်ဦးသေဆုံး

Dawei Watch

January 15, 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် စမွတ်စခွန်ကို ဆက်သွယ်ထားသော ဖလန်ဆောင် (ရာမ ၂) မိုးပျံတံတားဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ကရိန်းပြိုကျမှုကြောင့် လူနှစ်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီကျော်တွင် တံတားဆောက်လုပ်ရေး ကရိန်းနှင့်အတူ တံတား အောက်ခံဘောင်များသည် အောက်တွင် သွားနေသော ကားများပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်သည်။ တံတားပြိုကျမှုကြောင့် နှစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ကရိန်းပြိုကျသောနေရာသည် ဘန်ကောက်မှ စမွတ်စခွန်သို့ သွားသည့်လမ်းရှိ ထာ့ချင်းမြစ်ကို ဖြတ်သော တံတားအနီးတွင် ဖြစ်သည်။ လက်ရှိအချိန်အထိ တံတားပြိုကျရသော အကြောင်းအရင်းကို မသိရသေးကြောင်း သတင်းများတွင် ဖော်ပြသည်။ ယခုဖလန်ဆောင်တံတား ဆောက်လုပ်ရေးကို အီတာလျံ-ထိုင်း ကုမ္ပဏီက တာဝန်ယူ တည်ဆောက်နေကြောင်း ဆိုသည်။ […]

သရက်ချောင်း ကျွဲဇပ်ရွာက CDM တစ်ဦးနှင့် ဝပ်ရှော့ဆရာတို့ကို စစ်ကြောင်း ဖမ်းဆီး

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းဘေးရှိ ကျွဲဇပ်ကျေးရွာက CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဝပ်ရှော့ဆရာ တစ်ဦးတို့ကို ဇန်နဝါရီလ ၁၃ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ကူးရွာတွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးနှစ်လုံးချ တိုက်ခိုက် သဖြင့် စစ်အာဏာရှင်တပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့ စစ်ကြောင်းက ကျွဲဇပ်အထိဆင်းတယ်။ အဲဒီမှာ CDM ဆရာမနဲ့ ဝပ်ရှော့ဆရာကို ဖမ်းသွားတယ်။ လမ်းမှာတွေ့တဲ့ လူတွေကိုတော့ ခဏပဲခေါ်ထားပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သက်သက်အေးနှင့် ဝပ်ရှော့ဆရာ ဦးအောင်သန်းဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးကို […]

သူပုန်များ ပိတ်ဆို့ထားသည့် အင်ဒိုနီးရှား အလုပ်သမားများကို စစ်တပ် ကယ်ထုတ်

Dawei Watch

January 15, 2026

အင်ဒိုနီးရှားနိုင်ငံ ၊ နယူးဂီနီကျွန်းရှိ ဗဟိုပါပူအာပြည်နယ်တွင် လက်နက်ကိုင်သူပုန်များ သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ ထားသည့် သတ္တုတွင်းလုပ်သား ၁၈ ဦးအား အင်ဒိုနီးရှားစစ်တပ်က ကယ်ထုတ်လာနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။ အင်ဒိုနီးရှားထံမှ ခွဲထွက်ခွင့် ရရှိရေး တောင်းဆိုတိုက်ပွဲဝင်လျက် ရှိသည့် ပါပူအာလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (Free Papua Movement) က အဆိုပါ အလုပ်သမားများကို သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ ၊ ဗဟိုပါပူအာပြည်နယ်ရှိ Freeport Indonesia သတ္တုတွင်းကုမ္ပဏီမှ လျှပ်စစ်တာဝါတိုင်ကို ပြင်ဆင်နေစဉ် အဆိုပါ အလုပ်သမားများကို သူပုန်များက သုံးရက်ကြာ ဝိုင်းပတ်ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။ “သူတို့က အလုပ်သမားတွေကို ကြောက်အောင် လုပ်ခဲ့တယ်။ စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ပြီး […]