ပလမြို့ ရဲစခန်းအနီး ပစ်ခတ်မှုဖြစ်
Dawei Watch
April 25, 2025ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးတွင် အင်အားဖြည့်လာသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ (ဧပြီလ ၂၅ ရက်) နံနက် ၁၁ နာရီခွဲခန့်တွင် ပလမြို့ရဲစခန်းသို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီတပ်သားများကို လယ်ကွင်းအတွင်းမှ စောင့်ကြိုပစ်ခတ်ရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောပကဖ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ ၁၅ မိနစ်ခန့်အကြာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်မှုမရှိသလို တော်လှန်ရေးတပ်ဘက်ကလည်း ထိခိုက်မှုမရှိခဲ့ကြောင်း ၎င်းက ပြောသည်။ “နောက်ပိုင်းမှာတော့ ဒရုန်းနဲ့ကင်းထောက်ပြီး ဗုံးသီးချဖို့လုပ်နေတယ်လို့ ပြောတယ်။ အသေးစိတ်တော့ ကျွန်တော်တို့လည်း အတိအကျမသိသေးဘူးခင်ဗျား”ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်ပ လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ အဆိုပါစစ်ကောင်စီတပ်သားများမှာ […]


