သန်းခေါင်စာရင်းကောက်ရန် စီစဉ်သဖြင့် ဖမ်းဆီးထားသူများကို ပြန်လွှတ်
diz_admin
November 6, 2024သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ကူညီလုပ်ဆောင်သည့်အတွက် ဖမ်းဆီးထိန်းသိမ်းထားသည့် အုပ်ချုပ်ရေးမှူးလင်မယားနှင့် ဆရာ၊ ဆရာမ ခုနှစ်ဦးကို ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ(၁) ထံမှ သိရသည်။ သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် လုပ်သဖြင့် ရန်တောင်ရွာအုပ်ချုပ်ရေးမှူး၊ မူလွန်ကျောင်းအုပ်ဆရာ၊ ဆရာမများနှင့် ပူးပေါင်းပါဝင်သူ ကိုးဦးကို အောက်တိုဘာ ၉ ရက်တွင် ဒေါင်းညီနောင်စစ်ကြောင်းက ဖမ်းဆီးသွားခဲ့သည်။ နိုဝင်ဘာ ၁ ရက်ညပိုင်းတွင် ရန်တောင်ရွာက အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ဇနီး ဒေါ်သန်းစိုး၊ ကျောင်းဆရာမနှစ်ဦးအပါအဝင် သရက်နှစ်ခွရွာက ဆရာမနှစ်ဦး၊ မဲနယ်အိုးရွာက ဆရာမတစ်ဦးကို ပြန်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း ယင်းတပ်ခွဲ(၁)က ဆက်သွယ်ရေးတာဝန်ခံက ပြောသည်။ အဆိုပါ လူပုဂ္ဂိုလ်ခုနှစ်ဦးမှာ သန်းခေါင်စာရင်းကောက်ရန် သင်တန်းတက်ရောက်ခဲ့သည်မှာ မှန်သော်လည်း သန်းခေါင်စာရင်း ကောက်ယူရာတွင် မပါဝင်သေးသည့်အချက်နှင့် ၎င်းတို့ကို စတင်ဖမ်းဆီးစဉ်ကတည်းက သန်းခေါင်စာရင်း […]