သရက်ချောင်းမြို့နယ်တွင် ဝဲရစ်ရွာသားတစ်ဦး မိုင်းနင်းမိ
Dawei Watch
November 18, 2025သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာတွင် အမျိုးသားတစ်ဦး နိုဝင်ဘာလ ၁၃ ရက်နေ့က မြေမြှုပ်မိုင်းနင်းမိသဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဝဲရစ်ရွာက အသက် ၅၅ နှစ်အရွယ်ရှိ ဦးတင်စိုးတို့ဇနီးမောင်နှံမှာ ဆိုင်ကယ်ဖြင့်သွားမရ၍ လမ်းဆင်းလျှောက်စဉ် လယ်ထဲမရာက်ခင် လမ်းပိုင်းတစ်နေရာ၌ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ဝဲရစ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ခြေတွေလက်တွေတော့ မဖြတ်ရဘူး၊ ခြေထောက်မှာနည်းနည်း ဗိုက်မှာနည်းနည်း နံရိုးကြားလားမသိဘူး။ နည်းနည်းစီထိတယ်ပြောတယ်၊ အခုထိတော့ ဆေးရုံကမဆင်းလာသေးဘူး၊ သူ့မိန်းမတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။ သရက်ချောင်းမြို့အထွက် ဆင်ကူးမှ ဘုတ်တောင်အထိ ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်ကို အင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင်တပ်က အောက်တိုဘာ ၂၁ ရက်ကစပြီး စစ်ကြောင်းထိုးနေသည်မှာ တစ်လခန့်ရှိလာပြီဖြစ်သည်။ အဆိုပါစစ်ကြောင်းသည် ဘုတ်တောင်ကိုရောက်ရှိနေပြီး ယင်းမှတစ်ဆင့် ယနေ့တွင် ကညင်ချောင်းရွာဘက်ကို […]


