BREAKING
November 16, 2025

သတင်း

မန်ယူနည်းပြဟောင်း အီရစ်ခ် တန်ဟတ်ဂ် ကို လေဗာကူဆင်နည်းပြသစ်အဖြစ် ခန့်အပ်မည်

Dawei Watch

May 24, 2025

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းသည် မန်ယူနည်းပြဟောင်း အီရစ်ခ်တန်ဟတ်ဂ် ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီမှုရယူလိုက်ပြီဖြစ်ကြောင်း Yahoo Sports က ဖော်ပြထားသည်။ နာမည်ကြီး အေးဂျင့် ဖာဘရီဇီယို ရိုမာနို ကလည်း လေဗာကူဆင်နည်းပြသစ်အဖြစ် အီရစ်ခ် တန်ဟတ်ဂ်က ၂ နှစ်သက်တမ်းစာချုပ်ဖြင့် တာဝန်ထမ်းဆောင်တော့မည့်အကြောင်းကို သတင်းရေးသား အတည်ပြုထားပြီဖြစ်ပြီး လေဗာကူဆင်မှာ ကိုမိုနည်းပြ ဖာဘရီဂတ်စ်ကို ခေါ်ယူရန် အဆင်မပြေဖြစ်ခဲ့ပြီးသည့်နောက် အီရစ်ခ် တန်ဟတ်ဂ် ဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။ လေဗာကူဆင်အသင်းသည် နည်းပြ အလွန်ဆို ကို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် လက်လွှတ်လိုက်ရအပြီးတွင် အသင်းနည်းပြသစ် ခန့်အပ်ရန် အပူတပြင်း ဆောင်ရွက်လိုက်ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ မကြာမီကျင်းပတော့မည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို နည်းပြ အလွန်ဆို၏ဦးဆောင်မှုဖြင့် ပြိုင်ပွဲဝင်ရန် သေချာနေပြီဖြစ်သည်။ လေဗာကူဆင်နှင့် နည်းပြ အီရစ်ခ် […]

ရေဖြူ ပယရွာနှင့်ဇာဒီရွာအကြားရှိ ရှားကုန်းစစ်ကောင်စီဂိတ် မီးရှို့ခံရ

Dawei Watch

May 24, 2025

ရေဖြူမြို့နယ် ပယရွာနှင့် ဇာဒီရွာအကြားတွင်ရှိသည့် ရှားကုန်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် မေလ ၂၃ ရက် ညနေပိုင်းက မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။ ရှားကုန်း စစ်ကောင်စီဂိတ်တွင် ယခုနှစ်ဆန်းကစ၍ စစ်ကောင်စီတပ်သားများ နေထိုင်ခြင်းမပြုတော့ဘဲ ကင်းလှည့်ပတ်ချိန်တွင် လမ်းပိုင်းစစ်ဆေးနိုင်ရန်သာ ယင်းဂိတ်တွင် ယာယီလာရောက်နေထိုင်လေ့ ရှိသည်ဟု ၎င်းတို့ကဆိုသည်။ မီးရှို့ခံရချိန်တွင် စစ်ကောင်စီတပ်သားများ ရှိမရှိကို မသိရဘဲ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုလည်း ယနေ့ မေလ ၂၄ ရက် နေ့လယ်ပိုင်းအထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ ပယရွာနှင့် ဇာဒီရွာပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုထံဆက်သွယ်မေးမြန်းကြည့်ရာတွင်လည်း ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းနှင့် အသေးစိတ် သိရှိနိုင်ရန် စုံစမ်းနေဆဲ ဖြစ်ကြောင်း တုံ့ပြန်ဖြေကြားသည်။ ရှားကုန်းဂိတ် မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ကံပေါက်-ပယလမ်းကို ယာယီပိတ်ခဲ့ပြီး ဇာဒီရွာဘက်သို့လည်း လက်နက်ကြီး […]

ဟားဗတ်တက္ကသိုလ်ကို နိုင်ငံတကာကျောင်းသားလက်ခံခွင့် ထရမ့်အစိုးရ ပိတ်ပင်မှုအပေါ် တရားသူကြီး ဆိုင်းငံ့

Dawei Watch

May 24, 2025

ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို ပိတ်ပင်သည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို ဖက်ဒရယ်တရားသူကြီးတစ်ဦးက မေလ ၂၃ ရက်နေ့က ပိတ်ဆို့ဆိုင်းငံ့လိုက်သည်။ ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဟားဗတ်တက္ကသိုလ်ဘက်မှ တရားစွဲဆိုခဲ့ရာတွင် တရားသူကြီးက ယင်းသို့ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ အိမ်ဖြူတော်၏ နိုင်ငံရေးအရ ဖိအားပေးတောင်းဆိုမှုကို ဟားဗတ်တက္ကသိုလ်က ဖီဆန်သည့်အပေါ် အမေရိကန်အခြေခံဥပဒေနှင့် ဆန့်ကျင်ကာ လက်တုံ့ပြန်မှုဖြစ်သည်ဟု ထရမ့်အစိုးရကို တက္ကသိုလ်ဘက်က ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချထားသည်။ ယင်းမှာ အမေရိကန်အခြေခံဥပဒေ ပထမပြင်ဆင်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု တက္ကသိုလ်ဘက်က သောကြာနေ့က တရားရုံးတွင် ထွက်ဆိုခဲ့သည်။ “ဖောင်တိန်တစ်ချက် ဆွဲလိုက်ရုံလေးနဲ့ အစိုးရဟာ ဟားဗတ်တက္ကသိုလ်ကျောင်းသားထုရဲ့ လေးပုံတစ်ပုံကို ဖယ်ရှားပစ်ဖို့ ကြိုးစားလိုက်တာ ဖြစ်တယ်။ နိုင်ငံတကာကျောင်းသားတွေဟာ ဟားဗတ်တက္ကသိုလ်နဲ့ တက္ကသိုလ်ရဲ့ ရည်မှန်းချက်တွေကို သိသိသာသာ ထင်ထင်ရှားရှား အကျိုးပြုနေတာ […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 24, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၇ ရက်မှ ၂၃ ရက်အထိ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ဘတ် ၁၀ ဘီလီယံ ပေးလျော်ဖို့ အမိန့်ချ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာဝပ်ကို နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုနဲ့ပက်သပ်လို့ ဘတ် ၁၀ ဘီလီယံကျော် ပေးလျော်ဖို့ ဗဟိုတရားရုံးချုပ်က မေ ၂၂ ရက်မှာ အမိန့်ချမှတ်လိုက်ပါတယ်။  ယင်လတ်ဝန်ကြီးချုပ်လက်ထက်မှာ ဆန်စပါးကို ဈေးတင်ဝယ်ယူမှုနဲ့ နိုင်ငံခြားတင်ပို့ရောင်းချမှုမှာ ဘတ် ၃၅ ဘီလီယံကျော် အရှုံးပေါ်မှုတွေ ဖြစ်ခဲ့တာပါ။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနက တရားလိုလုပ်ပြီး သူ့ကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။ ယင်လတ်ဟာ လွန်ခဲ့တဲ့ ၁၁ နှစ်က ထိုင်းနိုင်ငံရဲ့ ၂၈ ယောက်မြောက် […]

တနင်္သာရီ မော်တုန်းရွာစာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့်ဗုံးချ

Dawei Watch

May 23, 2025

တနင်္သာရီမြို့နယ်၊ မော်တုန်းရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ မေလ ၂၂ ရက်က ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စာသင်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုများရှိကြောင်း ၎င်းတို့က ပြောသည်။ ထိုသို့ဗုံးမချမီ ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့လာသည့် စစ်ကောင်စီ ရိက္ခာကားသုံးစီးကို ရမ်းဖိုရွာအရောက်တွင် တနင်္သာရီပကဖ ဇုန် ၃ က တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။ “သူတို့တက်လာမယ့်လမ်းကို သတင်းအရစောင့်ပြီး သွားပစ်တယ်။ အပြန်အလှန် ပစ်ခတ်တာက ၄၅မိနစ်လောက် ကြာတယ်။ ထိခိုက်မှုက မသိရသေးဘူး” ဟု တနသ်ာရီ ပကဖ ဇုန်၃ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ ယင်းသို့ တိုက်ပွဲဖြစ်ပြီးနောက် ရမ်းဖိုရွာအနီး ညောင်ပင်ကုန်းရွာရှိ စစ်ကောင်စီတပ်သားများက မော်တုန်းရွာ စာသင်ကျောင်းနှင့် မော်တုန်းရွာ […]

ထားဝယ်အရှေ့တောတွင် KTLA တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

May 23, 2025

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာတွင် ကော်သူးလေတပ်မတော်-KTLA ဆာကပေါတပ်မ တပ်ရင်း(၂)တပ်ခွဲ(၃)မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီပစ်ခတ်ခံရပြီး သေဆုံးကြောင်း စစ်ရေးသတင်းအရင်းအမြစ်များကပြောသည်။ ယနေ့(မေ ၂၃) မနက်ပိုင်းတွင် တောင်သုံးလုံးရွာနှင့် မြေးခံဘော်ရွာသွားသည့်လမ်းကို တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဆိုင်ကယ်စီးပြီးဖြတ်လာစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးခြင်းဖြစ်ကြောင်း တောင်သုံးလုံးရွာက ဒေသခံတစ်ဦးနှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ “သူကတော့နေရာမှာပဲ ဆုံးတယ်လို့ပြောတယ်၊ သူ့တပည့်တစ်ဦးကတော့ အဆက်သွယ်မရဘဲ ပျောက်နေတယ်လို့ကြားတယ်” ဟု အရှေ့တောအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ပြောသည်။ ဗိုလ်နှင်းဆီသည် တောင်သုံးလုံးရွာဇာတိဖြစ်ပြီး ၎င်းနှင့်အတူ ဆိုင်ကယ်ဖြင့်လာသည့် အဖွဲ့ဝင်အရေအတွက်ကိုမူ အတိအကျမသိကြောင်း တောင်သုံးလုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဗိုလ်နှင်းဆီသေဆုံးသည်မှာ မှန်ကန်ကြောင်း KTLA ဆာကဆောတပ်မ တပ်မမှူး ဗိုလ်အယ်ခွီးကလည်း အတည်ပြုပြောဆိုသည်။ “ဟုတ်ပါတယ် ကျွန်တော်လည်းအခုပဲသတင်းရတယ်၊ သူ့ဓာတ်ပုံတစ်ပုံသူများပို့ပေးတယ်” ဟု ဗိုလ်အယ်ခွီးက ဆိုသည်။ […]

အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် တစ်သင်းလုံးနီးပါးကို မန်ယူ အရောင်းဈေးကွက်တင်

Dawei Watch

May 23, 2025

မန်ယူအသင်းသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် အပါအဝင် အဓိက, ကစားသမားအများအပြားကို အရောင်းစာရင်းတင်လိုက်ပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။ မန်ယူသည် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နှင့်အတူ ကတ်စ်မဲရိုး၊ မက်ဂွိုင်းရား၊ လုခ်ရှော၊ အိုနားနား၊ ဂါနာချို၊ ဟွိုက်ဂျ်လန်းနှင့် ကိုဘီ မိုင်နူးတို့ကို အရောင်းစာရင်း တင်လိုက်ပြီဖြစ်ပြီး ရတ်ရှ်ဖို့ဒ်နှင့် အန်တိုနီတို့ကိုလည်း ကြိုက်နှစ်သက်သောဈေးနှုန်းတစ်ရပ် ရရှိမည်ဆိုပါက ရောင်းထုတ်လိုက်ရန် မန်ယူက ဆုံးဖြတ်ထားပြီဖြစ်သည်။ မန်ယူနည်းပြ အေမိုရင် သည် နွေဈေးကွက်တွင် ၎င်းကြိုက်နှစ်သက်သောကစားသမားများကို ခေါ်ယူလိုပါက အသင်းအတွက် မလိုအပ်တော့သည့်ကစားသမားများကို ဦးစွာပထမ ရောင်းထုတ်ရလိမ့်မည်ဟု အသင်းရှယ်ယာရှင် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က အသိပေးထားပြီးဖြစ်သည်။ ယူရိုပါလိဂ်ဖိုင်နယ်တွင် စပါးကို အရေးနိမ့်လိုက်ရပြီးသည့်နောက် ချန်ပီယံလိဂ်ပြိုင်ပွဲ ပါဝင်ကစားခွင့် ဆုံးရှုံးလိုက်ရခြင်းကို ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်က […]

ထားဝယ်တွင် သွေးအလှူရှင်အဖွဲ့ငါးဖွဲ့ပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ဖွဲ့စည်း

Dawei Watch

May 23, 2025

ထားဝယ်တွင် သွေးသွင်းကုသရမည့်လူနာများကို ပစ်မှတ်ထားငွေတောင်းသည့် အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီးသည့်နောက် ထားဝယ်မြို့ခံ သွေးအလှူရှင်အဖွဲ့ ငါးဖွဲ့ ပူးပေါင်းပြီး သွေးအလှူရှင်အသင်းများကွန်ရက်ကို ဖွဲ့စည်းလိုက်ကြောင်း သွေးအလှူရှင်အသင်းများကွန်ရက်ထံမှ သိရသည်။ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ ရင်ခုန်သံသွေးလှူရှင်နှင့် အရေးပေါ်လူနာတင်ယာဉ်အသင်းတွင် မေလ ၁၆ ရက်က မြို့ခံသွေးအလှူရှင်အဖွဲ့ ဦးဆောင်သူများ ညှိနှိုင်ဆွေးနွေးပြီး စတင်ဖွဲစည်းခြင်းဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။ သွေးအလှူရှင်အသင်းများကွန်ရက်တွင် ထားဝယ်ခရိုင်အခြေစိုက်သည့် ရင်ခုန်သံ၊ Best Friend၊ ပီတိအပြုံး၊ မုဒိတာနှင့် ကရုဏာမေတ္တာရှင်သွေးလှူရှင်များအဖွဲ့တို့ ပူးပေါင်းပါဝင်ကြောင်း ကွန်ရက်ထံမှ သိရသည်။ မသမာနည်းနှင့် အသုံးချပြီး သွေးလိုအပ်သည့် လူနာများအပေါ် အခကြေးငွေယူကာ ခေါင်းပုံဖြတ်ခြင်းများကို လုပ်ဆောင် နေသည့် အဖွဲ့အစည်းရှိလာခြင်းကြောင့် အားလုံးစုစည်းကာ မူတစ်ခုချမှတ်၍ ဖွဲ့စည်းခြင်းဖြစ်ကြောင်း သွေးအလှူရှင်များအသင်းကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းက ပြောသည်။ “အဓိက ပြီးခဲ့တဲ့အပတ် […]