ထားဝယ်အထူးစီးပွားရေးဇုန်က ဒေသခံတစ်ဦး အသတ်ခံရမှု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ထိန်းသိမ်း
Dawei Watch
May 28, 2025ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဗျစ်နီရွာသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ခုက ထိန်းသိမ်းထားကြောင်း ဒေသခံများထံမှ သိရသည်။ အသတ်ခံရသူမှာ အသက် ၅၁ နှစ်အရွယ် ဦးအေးစိုး (ခေါ်) ဦးကျော်သူရဖြစ်ကြောင်း သေဆုံးသူမိသားစုနှင့် နီးစပ်သူများက ပြောသည်။ မေလ ၁၃ ရက် ညပိုင်းတွင် ဦးအေးစိုး ဥယျာဉ်ခြံတဲတွင် ရှိနေစဉ် ပျောက်ဆုံးသွားခဲ့ပြီး လိုက်လံစုံစမ်းရှာဖွေသော်လည်း ၁၀ ရက် ကျော်ကြာ အဆက်အသွယ်မရဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ မေလ ၂၅ရက်တွင်မူ မူးဒူးရွာ ရပ်မိရပ်ဖတစ်ဦးက ဦးအေးစိုး၏ ရုပ်အလောင်းမြေမြှုပ်ထားသည့် နေရာအား ရှာဖွေတွေ့ရှိ သည်ဟု ဆက်သွယ်လာသဖြင့် သွားရောက်ဖော်ယူ၍ ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ ရုပ်အလောင်းမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီဖြစ်ရာ မည်သည့်ဒဏ်ရာတို့ဖြင့် သေဆုံးခဲ့သည်ကို […]


