စင်္ကာပူအလယ်တန်းကျောင်းသားများ ကျောင်းချိန်အတွင်း စမတ်ဖုန်းသုံးခွင့် ပိုမိုကန့်သတ်မည်
Dawei Watch
December 2, 2025စင်္ကာပူနိုင်ငံတွင် အလယ်တန်းကျောင်းသားများအတွက် ကျောင်းချိန်အတွင်း စမတ်ဖုန်း၊ စမတ်နာရီ အသုံးပြုမှုကို ၂၀၂၆ ခုနှစ်မှ စတင်၍ ပိုမိုပိတ်ပင်တားမြစ်သွားမည် ဖြစ်သည်။ ကျောင်းသားများအကြား ဖန်သားပြင် (screen) အသုံးပြုမှု ပိုမိုကျန်းမာသည့် အလေ့အထဖြစ်စေရေး ပျိုးထောင်ပေးရန် အဆင့်မြှင့်တင်လိုက်သည့် စီမံချက်များကို စင်္ကာပူပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ လက်ရှိချမှတ်ထားသည့် စည်းကမ်းချက်များအရ အလယ်တန်းကျောင်းသားများအား ကျောင်းချိန်အတွင်း စာသင်ချိန်၌သာ စမတ်ဖုန်း၊ စမတ်နာရီ အသုံးပြုမှု ပိတ်ပင်ထားသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အဆိုပါ စည်းကမ်းချက်များ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး စာသင်ချိန်မဟုတ်သည့် ကျောင်းဆင်းချိန်၊ စာသင်ခန်းပြင်ပ လှုပ်ရှားမှုအချိန်နှင့် သင်ခန်းစာအားဖြည့်အပိုချိန်များပါ အကျုံးဝင်လာမည် ဖြစ်ကြောင်း စင်္ကာပူပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်က ဆိုသည်။ ကျောင်းချိန်အတွင်း ကျောင်းသားများ၏ စမတ်ဖုန်း သို့မဟုတ် […]


