BREAKING
November 17, 2025

သတင်း

ဂါဇာအပစ်ရပ်ရေး အမေရိကန်အဆိုပြုချက်သစ်ကို ဟားမတ်စ် ငြင်းပယ်

Dawei Watch

May 30, 2025

ဂါဇာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံပြန်လွှတ်ပေးရေး သဘောတူညီချက်သစ်ရရှိရေးအတွက် အမေရိကန် အဆိုပြုချက်ကို ငြင်းပယ်သွားမည်ဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့၏ အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားသည်။ အစ္စရေးဘက်က အဆိုပါ အဆိုပြုချက်ကို သဘောတူညီထားပြီးဖြစ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအဆိုပြုချက်အပေါ် ဟားမတ်စ်ဘက်က တရားဝင်တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြောင်း အိမ်ဖြူတော်က ဆိုသည်။ အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟုက ၎င်းအနေဖြင့် အမေရိကန်၏ အဆိုပြုချက်ကို လက်ခံကြောင်း အစ္စရေးဓားစာခံများ၏ မိသားစုများကို ပြောကြားခဲ့သည်။ အသက်ရှင်နေသေးသည့် အစ္စရေးဓားစာခံ ၁၀ ဦးနှင့် ဓားစာခံ ၁၈ ဦး၏ ရုပ်အလောင်းကို ဟားမတ်စ်ဘက်က ပြန်လွှဲ ပြောင်းပေးလျှင် အစ္စရေးဘက်က ရက် ၆၀ ကြာ အပစ်အခတ်ရပ်စဲရမည်ဟု အမေရိကန်၏ အဆိုပြုချက်တွင် ပါရှိသည်။ ယင်းအပြင် အစ္စရေးဘက်က ဖမ်းဆီးထိန်းသိမ်းထားသည့် ပါလက်စတိုင်းအကျဉ်းသားများကိုလည်း ပြန်လွှတ်ပေးရမည်ဟုလည်း […]

ကံပေါက်တွင် အိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ပြန်ဖြစ်လာ

Dawei Watch

May 29, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ရွာတွင် ယခုမေလအတွင်း အိမ်ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ပြန်ဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၂၇ ရက်နှင့် ၂၈ ရက် ည သန်းခေါင်ကျော်အချိန်တွင် လှည်းကုန်းရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့ရှိ နေအိမ်နှစ်လုံး ဖောက်ထွင်းခံရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ လှည်းကုန်းရပ်ကွက်က ဖောက်ထွင်းခံရသည့်အိမ်တွင် တယ်လီဖုန်းခိုးယူခံရပြီး သီရိမင်္ဂလာရပ်ကွက်တွင် ဖောက်ထွင်းခံရသည့်အိမ်တွင်မူ သူခိုးဝင်စဥ် အိမ်ရှင်များနိုးလာသဖြင့် ပစ္စည်းခိုးခံရခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည်။ “သူခိုးဝင်နေတုန်း အိမ်ရှင်က နိုးလာတယ်။ ရပ်ကွက်ကို အကူအညီတောင်းပြီး ဝိုင်းလိုက်တာ သူခိုးတော့မမိဘူး။ သူခိုးစီးလာတဲ့ ဆိုင်ကယ်တစ်စီးတော့ ကျန်ခဲ့တယ်” ဟု သီရိမင်္ဂလာရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည် ။ မေလ ဒုတိယအပတ်ကလည်း ကံပေါက်ရွာ လှည်းကုန်းရပ်ကွက်နှင့် မိကျောင်းအိုင်ရပ်ကွက်တို့တွင် အိမ်ဖောက်ထွင်းကာ ဆိုင်ကယ်လေးစီး ခိုးယူခံရကြောင်း ခိုးယူခံရသည့် ကာယကံရှင်များနှင့် နီးစပ်သူများထံမှ […]

ထိုင်းတွင် မြန်မာလုပ်သားသေဆုံးမှု နစ်နာကြေးအတွက် အလုပ်ရှင်တာဝန်မယူဘဲ မိသားစုဝင်ကို ခြိမ်းခြောက်

Dawei Watch

May 29, 2025

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေစဉ် သေဆုံးခဲ့သော မြန်မာအလုပ်သမား၏ နစ်နာကြေးနှင့်ပတ်သက်၍ အလုပ်ရှင်က တာဝန် မယူသည့်အပြင် မိသားစုဝင်ကိုပါ ရဲတပ်ဖွဲ့ခေါ်ပြီး ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်နေကြောင်း အမှုကိုကူညီဆောင်ရွက်ပေး နေသော မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ WAG ထံမှ သိရသည်။ မြန်မာအလုပ်သမား ကိုဝင်းဆန်းသည် ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင် ဖပဒဲယ်ဒေသရှိ နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အလုပ်လုပ်နေစဉ် မေလ ၂၅ရက်က အိမ်ခေါင်မိုးပေါ် မှ မတော်တဆပြုတ်ကျသေဆုံးခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အလုပ်ရှင်ဖြစ်သူက နစ်နာကြေးရရှိရန် တာဝန်ယူ လုပ်ဆောင်ပေးခြင်း မရှိဘဲ အလောင်းကို ချက်ချင်းသင်္ဂြိုလ်ရန် ဇနီးဖြစ်သူကို အတင်းအကျပ် လက်မှတ်ထိုးစေခဲ့ကြောင် WAG အဖွဲ့မှ တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ ထို့ကြောင့် ကျန်ရစ်သူဇနီးသည်က ကိုဝင်းဆန်း သေဆုံးမှုအတွက် နစ်နာကြေးရရှိရေး ကူညီဆောင်ရွက်ပေးရန် WAG […]

ထားဝယ်အထူးစီးပွားရေးဇုန်တွင် တိုက်ပွဲထပ်ဖြစ်

Dawei Watch

May 29, 2025

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာနောက်ကျောတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ ယနေ့ (မေ ၂၉) နံနက်ပိုင်းမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ မေလ ၂၁ ရက်နေ့မှစ၍ ရေဖြူမြို့ဘက်မှလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့ ယနေ့ နံနက် ရှစ်နာရီခန့်တွင် တစ်ကြိမ်၊ နေ့လယ် ၁၂ နာရီခန့်တွင် တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေကြောင်း နဘုလယ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ “မနက် ၈ နာရီလောက်စပြီးပစ်နေတာ ၊မိုးနဲ့ဆိုတော့ ကြားတစ်ချက်မကြားတစ်ချက်ပဲ”ဟု ယင်းအမျိုးသမီးကပြောသည်။ ယင်းစစ်ကြောင်းမှာ အင်အား ၁၀၀ခန့်ရှိပြီး ဝက်ချောင်းမှဧကနိအထိ တောလမ်းအတိုင်းဝင်လာခြင်းဖြစ်ကြောင်း ဧကနိရွာသားတစ်ဦးကပြောသည်။ “ခု ကျွန်တော်တို့ ရွာနောက်ကျောက ချောင်းနဘေးရောက်နေပြီ”ဟု ယင်းအမျိုးသားက ယနေ့ နေ့လယ် ၁၂ နာရီခန့်တွင် Dawei Watch သို့ပြောသည်။ ထို့ကြောင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာရှိ […]

ကန်အစိုးရ စွမ်းဆောင်ရည်ဌာနမှ အီလွန်မတ် နုတ်ထွက်တော့မည်

Dawei Watch

May 29, 2025

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာမိတ်ဖြစ်သူ ဘီလျံနာသူဌေး အီလွန်မတ်သည် ၎င်းဦးဆောင်သည့် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) မှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း မေလ ၂၈ ရက်တွင် X လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် ကြေညာသည်။ အီလွန်မတ်က ၎င်း၏ အထူးတာဝန် သတ်မှတ်ပြီးဆုံးသွားပြီ ဖြစ်ပြီး အပြုန်းအတီးများသည့် အစိုးရအသုံးစရိတ်များကို ဖြတ်တောက်ခွင့်ပေးသည့် သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်း ရေးသားပြောဆိုခဲ့သည်။ သို့သော် အစိုးရစွမ်းဆောင်ရည်ဌာန (DOGE) ၏ လုပ်ငန်းစဉ်များမှာ အချိန်နှင့်အမျှ အားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အီလွန်မတ် ရာထူးမှ နုတ်ထွက်တော့မည်ဆိုသည်မှာ မှန်ကန်ကြောင်း အိမ်ဖြူတော်ကလည်း အတည်ပြုထားသည်။ မကြာသေးမီက ထရမ့်၏ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ၎င်းတို့နှစ်ဦးကြား အငြင်းပွားခဲ့ကြပြီးနောက် အီလွန်မတ်၏ ရာထူးမှ နုတ်ထွက်မည့်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်အစိုးရစွမ်းဆောင်ရည်ဌာနတွင် အီလွန်မတ် […]

လာမည့်ဆွေးနွေးပွဲတွင် ရုရှားဘက်မှ ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ချပြမည်ဟုဆို

Dawei Watch

May 29, 2025

ယူကရိန်းစစ်အဆုံးသတ်ရေးအတွက် ၎င်းတို့၏ တောင်းဆိုချက်များ ပါဝင်သည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ယူကရိန်းဘက်သို့ ချပြသွားမည်ဟု ရုရှားအစိုးရက မေလ ၂၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ လာမည့် ဇွန်လ ၂ ရက်နေ့တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ပြုလုပ်မည့် ရုရုားနှင့် ယူကရိန်းအကြား ဒုတိယအကြိမ် တိုက်ရိုက်ဆွေးနွေးပွဲတွင် အဆိုပါ မူကြမ်းကို ချပြသွားမည်ဟု သိရသည်။ ရုရှားဘက်မှ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ယူကရိန်းဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပေ။ ယူကရိန်းစစ်အဆုံးသတ်ရေးနှင့် ပတ်သက်၍ သံတမန်ရေးအရ ကြိုးပမ်းအားထုတ်မှုများမှာ မကြာသေးခင် ရက်သတ္တပတ်များအတွင်း အရှိန်မြှင့်တက်လာခဲ့သည်။ ယခုနှစ် မေလ ၁၆ ရက်တွင် တူရကီနိုင်ငံ ၊ အစ္စတန်ဘူလ်မြို့၌ ယူကရိန်းနှင့် ရုရှားဘက်မှ နှစ်ဖက်ကိုယ်စားလှယ်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းမှာ […]

တရုတ်ကျောင်းသားဗီဇာအားလုံးကို အမေရိကန် ပယ်ဖျက်သွားမည်

Dawei Watch

May 29, 2025

အမေရိကန်အစိုးရက တရုတ်ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း မေလ ၂၈ ရက်နေ့က ကြေညာလိုက်သည်။ ယင်းမှာ ယခုနောက်ဆုံးထွက်ပေါ်လာသည့် အမေရိကန်အဆင့်မြင့်ပညာရေးအပေါ် ထရမ့်အစိုးရ၏ ထိုးနှက်တိုက်ခိုက်မှုဖြစ်သည်။ ကမ္ဘာအနှံ့မှ ကျောင်းသားများအတွက် ဗီဇာအင်တာဗျူးရက်ချိန်းများကို ရပ်ဆိုင်းမည့် ထရမ့်အစိုးရ၏ ဆုံးဖြတ်ချက်ကို တရုတ်အစိုးရက ဝေဖန်ခဲ့ပြီးနောက် ယင်းကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကန်တက္ကသိုလ်များ၌ ပညာသင်ကြားနေသော နိုင်ငံခြားကျောင်းသားများတွင် တရုတ်ကျောင်းသားများမှာ အများဆုံးဖြစ်သည်။ တရုတ်ကျောင်းသားများ၏ ဗီဇာဖျက်သိမ်းမှုကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆိုသည်။ ယင်းသို့ ဗီဇာဖျက်သိမ်းခံရမှုတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်စပ်နေသည့် ကျောင်းသားများ ၊ နိုင်ငံရေးအရ အရေးကြီးဘာသာရပ်များကို လေ့လာနေသည့် တရုတ်ကျောင်းသားများလည်း အပါအဝင် ဖြစ်သည်ဟု ၎င်းက ပြောသည်။ ဗီဇာထုတ်ပေးသည့် သတ်မှတ်ချက်များကိုလည်း ပြင်ဆင်ပြောင်းလဲသွားမည်ဟုလည်း ၎င်းက ပြောသည်။ […]

ဂဏဝိမုတ်ကူးတို့ဂိုဏ်း ဒုတိယဂိုဏ်းချုပ် ထားဝယ် ဇေယျဝတီ တိုက်အုပ် ဆရာတော် ပျံလွန်တော်မူ

Dawei Watch

May 29, 2025

ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက်ရှိ ဇေယျဝတီ စာသင်တိုက်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရိယ သည် မေလ ၂၉ ရက် နံနက် ၁၂ နာရီ ၁၉ မိနစ်တွင် သီတင်းသုံးသည့် စံကျောင်း၌ပင် လူကြီးရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း ယင်းစာသင်တိုက်ထံမှသိရသည် ။ ဆရာတော်သည် ပျံလွန်တော်မူချိန်တွင် သက်တော် ၉၆ နှစ် ၊ သိက္ခာတော် ၇၆ ဝါ ရှိပြီဖြစ်သည် ။ ဆရာတော် ၏ စျာပနအခမ်းအနား ကို ကျောင်းတိုက်တွင် ၅ ရက်အပူဇော်ခံမည်ဖြစ်ပြီး ဇွန်လ ၂ ရက်တွင် ထားဝယ်မြို့ ၊ ဘုန်းကြီးပျံကုန်းတွင် အန္တိမအဂ္ဂိစျာပန ပြုလုပ်ကာ မီးသင်္ဂြိုဟ် ပူဇော်မည်ဖြစ်ကြောင်း ဇေယျဝတီစာသင်တိုက် စာချနာယကအဖွဲ့ဝင်ဆရာတော်တစ်ပါးကမိန့်သည် ။ ဘဒ္ဒန္တသူရိယသည် ထားဝယ်မြို့နယ် […]