ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သရက်ချောင်း ဝင်းဝစခန်းနှင့် မင်းဒပ်ရွာအနီးကို လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 19, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းနှင့် မင်းဒပ်ရွာအနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၉ရက် နံနက်အစောပိုင်းတွင် ဝင်းဝစခန်းဘက်မှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားရပြီး နံနက် ၉ နာရီ ၂၇ မိနစ်ခန့်တွင် ဝင်းဝစခန်းအနီးဝန်းကျင်ကို တိုက်လေယာဉ်ဖြင့် ဗုံးလေးလုံးကြဲချကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုမနက်စောစောပိုင်းမှာ ဝင်းဝစခန်းကိုဝင်တိုက်နေတဲ့ပုံစံမျိုး ပစ်ခတ်သံတွေကြားရတယ်။ အခုလေးတင် လေယာဉ်က ဗုံးကြဲသွားတယ်။ တစ်ခါချရင် နှစ်လုံး နှစ်ကြိမ်ကြဲသွားတယ်” ဟု ၎င်းက နံနက် ၉နာရီ ၄၀ မိနစ်ကျော်က ပြောဆိုသည်။ လေယာဉ်ဗုံးကြဲပြီးနောက် ပစ်ခတ်သံများ စဲသွားကြောင်း အထက်ပါဒေသခံက ပြောသည်။ ယခုရက်ပိုင်းအတွင်း တော်လှန်ရေးတပ်များက ဝင်းဝစခန်းကို […]

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ထိမှန်

Dawei Watch

February 18, 2026

ထားဝယ် နည်းပညာတက္ကသိုလ်တိုက်ပွဲတွင် ခရီးသွားလူငယ်တစ်ဦး ကျည်ဆန်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ရှိ စစ်အာဏာရှင်တပ်ဖွဲ့နှင့် ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းနှင့် ထားဝယ် ပကဖ (DGRF) တပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၁၆ရက် နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရာမှ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရေဖြူမြို့ဘက်မှ ထားဝယ်မြို့ဘက်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားသုံးဦး အတူစီးနင်းလာစဉ် ဘုရားမဲဂိတ်အနီးသို့ ရောက်ရှိချိန်တွင် တိုက်ပွဲစတင်ဖြစ်ပွားရာ နောက်ဆုံးတွင် လိုက်ပါလာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦး ကျည်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ဘောလုံး (ထိုင်းမှာ အလုပ်သွားလုပ်မယ့်သူ) ။ ရေဝိုင်းလမ်းကနေ အရှေ့တောဘက်ပို့ဖို့ ပွဲစားခေါ်လာတဲ့အချိန် ထိသွားတာ” ဟု ၎င်းက ဆိုသည်။ ကျည်ဆန်မှာ […]

ပုလော၊ သင်္ကန်းတောရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်အာဏာရှင်တပ် လေယာဉ်ဖြင့်ဗုံးကြဲ

Dawei Watch

February 18, 2026

ပုလောမြို့နယ်၊ ပလမြို့၊ သင်္ကန်းတောရွာတွင် စစ်အာဏာရှင်တပ်သားများနှင့် တော်လှန်‌ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် တိုက်ခိုက်ကြောင်း ဒေသခံများနှင့်‌ တော်လှန်ရေးတပ်များထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁၈ရက် ၁၀နာရီဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ညနေ ၃နာရီခွဲတွင် စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သင်္ကန်းတောကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး ပွိုင့်ဖိုက်နဲ့ပါ ပစ်သွားတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး” ဟု အထက်ပါဒေသခံက ပြောသည်။ တိုက်ပွဲမှာ ညနေ ၄ နာရီဝန်းကျင်အထိဖြစ်ပွားကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ စစ်အာဏာရှင်တပ်က ဗုံးတစ်ကြိမ်ကြဲပြီး ပြန်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ “ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောဆိုသည်။ ပလမြို့ဝန်းကျင်နှင့် မင်းပြင်ရွာတို့ဘက်သို့ […]

တရုတ်တွင် မီးရှူးမီးပန်းအရောင်းဆိုင် ပေါက်ကွဲမှုကြောင့် လူတစ်ဒါဇင် သေဆုံး

Dawei Watch

February 18, 2026

တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ရှိ မီးရှူးမီးပန်းအရောင်းဆိုင်တစ်ဆိုင်၌ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၂ ဦး သေဆုံးကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ယခုဖြစ်ရပ်သည် တရုတ်နှစ်သစ်ကူးကာလအတွင်း ဒုတိယအကြိမ်မြောက် မီးရှူးမီးပန်းအရောင်းဆိုင် ပေါက်ကွဲမှုလည်း ဖြစ်သည်။ ဟူဘေးပြည်နယ်အလယ်ပိုင်း ရှန်ယန်မြို့ရှိ အဆိုပါ မီးရှူးမီးပန်းဆိုင်မှ မီးလောင်မှုကို ယနေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးပေ။ တရုတ်နှစ်သစ်ကူးပွဲတော် ဆင်နွှဲရာတွင် မီးရှူးမီးပန်းများမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လေ့ရှိပြီး ယင်းတို့ကို အသုံးပြုမှုကြောင့် မတော်တဆ ထိခိုက်မှုများစွာလည်း ဖြစ်ပွားလေ့ရှိသည်။ တနင်္ဂနွေနေ့ကလည်း တရုတ်နိုင်ငံ၊ ရှန်စုပြည်နယ်အရှေ့ပိုင်းရှိ မီးရှူးမီးပန်းဆိုင်တစ်ဆိုင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ရာ […]

ထိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာ ၂၆ ဦး ဖမ်းဆီးခံရ

Dawei Watch

February 18, 2026

ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင် အဝေးပြေးလမ်းမကြီးပေါ်တွင် ကားများဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၆ ဦးကို ကားသမားသုံးဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက်ပိုင်းတွင် ဖိကျစ်ခရိုင် အမြန်လမ်းမကြီးပေါ်တွင် အိမ်စီးကား၊ ဗန်ကားနှင့် ပစ်ကပ်ကားများဖြင့် မြန်မာနိုင်ငံသားများကို တရားမဝင် ပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ပူးပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ယင်းအချိန် ကားသုံးစီးသည် ပုံမှန်ထက် ပိုအလေးချိန်ရှိနေပြီး မသင်္ကာစရာ အရှိန်ဖြင့် မောင်းနှင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။ ကားများပေါ်တွင် မြန်မာနိုင်ငံသား ၂၆ ဦးကို တွေ့ရပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရဟုဆိုသည်။ ကားသုံးစီးအနက် ရှေ့ပြေးဖြစ်သော အိမ်စီးကားကို မြန်မာနိုင်ငံသားတစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး နောက်ထပ် ထိုင်းကားသမားနှစ်ဦးကိုလည်း […]

သရက်ချောင်းမြို့နယ်တွင် စစ်အာဏာရှင်တပ်က နှစ်ရက်ဆက်ဗုံးကြဲ

Dawei Watch

February 18, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ မင်းဒပ်ရွာနှင့် ပင်လယ်ကမ်းခြေရွာဖြစ်သည့် ကနက်သီကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ကနက်သီရိကျေးရွာကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ “လူထိခိုက်တာတော့ မရှိဘူး။ အိမ်နှစ်လုံးတော့ ထိခိုက်ပျက်စီးတယ်။ ဘာကြောင့် လာကြဲလဲဆိုတာလဲ မသိဘူး၊ ဒီဘက်မှာ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး” ဟု အထက်ပါ ဒေသခံက ဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၈ရက် နံနက် ၁၀ နာရီခန့်တွင်လည်း မင်းဒပ်ရွာကို လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ကြောင်း ဒေသခံ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောဆိုသည်။ “အခုပဲ ဗုံးနှစ်လုံး လာကြဲချသွားတယ်။ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး။ […]

သီရိလင်္ကာတွင် လွှတ်တော်အမတ်များ ပင်စင်ခံစားခွင့် ဖျက်သိမ်း

Dawei Watch

February 18, 2026

သီရိလင်္ကာနိုင်ငံတွင် လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဖေဖော်ဝါရီလ ၁၇ ရက်က လွှတ်တော်အတွင်း ထောက်ခံမဲအပြတ်အသတ်ဖြင့် မဲပေးအတည်ပြုလိုက်သည်။ ယင်းမှာ လက်ရှိအာဏာရ မာ့စ်ဝါဒီယိမ်းအစိုးရ၏ ရွေးကောက်ပွဲအကြို ကတိကဝတ်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းလိုက်ခြင်းပင်ဖြစ်သည်။ လွှတ်တော်အမတ်များ၏ ပင်စင်ခံစားခွင့်ကို ဖျက်သိမ်းရန် ဥပဒေကြမ်းကို အဖွဲ့ဝင် ၂၂၅ ဦးပါဝင်သော လွှတ်တော်အတွင်း ထောက်ခံမဲ ၁၅၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုနိုင်ခဲ့သည်။ ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ မဲခွဲချိန်တွင် လွှတ်တော်တက်ရောက်ခြင်း မရှိခဲ့ကြပေ။ သီရိလင်္ကာတွင် ယခင်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် သက်တမ်းငါးနှစ် တာဝန်ထမ်းဆောင်ပြီးပါက ပင်စင်ခံစားခွင့် ရှိခဲ့သည်။ အင်္ဂါနေ့က အတည်ပြုလိုက်သည့် ဥပဒေသစ်အရ လက်ရှိပင်စင် ရရှိနေသူများ သို့မဟုတ် ပင်စင်ရရှိရန် သတ်မှတ်ချက် ပြည့်မီသူများ အားလုံးကို […]

CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများ ယနေ့ စဖွင့်

Dawei Watch

February 18, 2026

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) အသစ် ထုတ်ပေးရေးစခန်းများကို ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမားအကျိုးဆောင်များထံမှ သိရသည်။ CI စာအုပ်အသစ် ထုတ်ပေးရေးစခန်းများကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချင်းမိုင်၊ စူရတ်ဌာနီနှင့် ချွန်ဘူရီ စသော ခရိုင် ၅ ခုတွင် ဖွင့်လှစ်နေခြင်းဖြစ်သည်။ CI စာအုပ်အသစ် ပြုလုပ်လိုသူများအနေဖြင့် နီးစပ်ရာ 7-Eleven စတိုးဆိုင်များတွင် စာအုပ်ဖိုးကုန်ကျစရိတ် ၂၆၇၀ ဘတ်ကို ပေးသွင်း၍ ကြိုတင်ရက်ချိန်း ရယူရမည်ဖြစ်သည်။ ကြိုတင်ရက်ချိန်းနှင့်အတူ အလုပ်လုပ်ခွင့်လက်မှတ် (Work permit) စာရွက်များကို ကိုင်ဆောင်၍ မိမိရွေးချယ်ထားသော CI စခန်းများတွင် စာအုပ်အသစ် လုပ်ဆောင်ရမည်ဖြစ်သည်။ ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် […]