တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
June 7, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၁ ရက်မှ ၇ ရက်အထိ စစ်ကောင်စီကို အရေးယူဖို့ ILO ဆုံးဖြတ် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ မြန်မာစစ်ကောင်စီကို ပုဒ်မ ၃၃ အရ အရေးယူဖို့ အပြည်အပြည်ဆိုင်ရာအလုပ်သားရေးရာအဖွဲ့ချုပ် (ILO) က ဇွန်လ ၅ရက်မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ၁၁၃ကြိမ်မြောက် ILO ညီလာခံမှာ အခုလိုအရေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၃၃နဲ့ အရေးယူမှာကို ရုရှား၊ တရုတ်၊ ဘီလာရုစ်နဲ့ လာအိုတွေက ကန့်ကွက်ခဲ့ကြပါတယ်။ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုရုံးတောင်းဆိုခွင့်ဆိုင်ရာ ပြဋ္ဌာန်း ချက် ၈၇ နဲ့ အဓမ္မလုပ်အားခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက် ၂၉ စတဲ့ ILO […]


