BREAKING
November 17, 2025

သတင်း

လော့စ်အိန့်ဂျလိစ်မြို့ဆန္ဒပြပွဲ လေးရက်မြောက်တွင် မရိန်းတပ်ဖွဲ့ကိုပါ ထရမ့်စေလွှတ်

Dawei Watch

June 10, 2025

လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ဆန့်ကျင်သည့် လော့စ်အိန့်ဂျလိစ်မြို့ လမ်းပေါ်ဆန္ဒပြပွဲများ လေးရက်မြောက်နေ့တွင် မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ခန့်ကို သမ္မတထရမ့် စေလွှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြသည်။ နောက်ထပ်နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များ ထပ်မံရောက်ရှိလာသည့်အချိန်အထိ မရိန်းတပ်ဖွဲ့ဝင်များကို အမေရိကန်စစ်တပ်က လော့စ်အိန့်ဂျလိစ်မြို့သို့ ယာယီတပ်ဖြန့်စေလွှတ်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။ ဆန္ဒပြပွဲများ လေးရက်မြောက်နေ့တွင် ထရမ့်အစိုးရ၏ တုံ့ပြန်မှု ပိုမိုတင်းမာအရှိန်မြင့်လာခြင်း ဖြစ်သည်။ ဆန္ဒပြပွဲများကို ဖြိုခွင်းရန် နိုင်ငံတော်စောင့်တပ်ဖွဲ့ (National Guard) ဝင်များကို စနေ့နေ့တွင် ထရမ့်အစိုးရ စေလွှတ်တပ်ဖြန့်လိုက်ပြီးကတည်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား တင်းမာမှု မြင့်တက်နေသည်။ တနင်္လာနေ့ ညနေပိုင်းတွင် လော့စ်အိန့်ဂျလိစ်မြို့လယ်ခေါင်ရှိ ဖက်ဒရယ်ထိန်းသိမ်းရေးစခန်းအပြင်တွင် စုဝေးနေကြသည့် ရာပေါင်းများစွာရှိသည့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က စတင်လူစုခွဲခဲ့သည်။ ထရမ့်အစိုးရက ဖမ်းဆီးထားသည့် ရွှေ့ပြောင်းနေထိုင်သူများကို အဆိုပါ ဖက်ဒရယ်ထိန်းသိမ်းရေးစခန်းတွင် […]

ပုလဲတွင် စစ်ကောင်စီ တိုက်လေယာဉ်ကို ပစ်ချကြောင်း PLA ပြော

Dawei Watch

June 10, 2025

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် တစ်စင်းကို ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁၂နာရီကျော်တွင် ပစ်ချနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) က ကနဦးသတင်းထုတ်ပြန်ထားသည်။ မည်သည့်တပ်ဖွဲ့တို့က မည်ကဲ့သို့ ပစ်ချနိုင်ခဲ့သည်တို့ကိုမူ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အသေးစိတ်အချက်အလက်များကို ဆက်လက်ဖော်ပြမည်ဟုသာ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်တွင်းသတင်းတချို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပွိုင့်ဖိုက် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသလို သတင်းအချို့တွင်မူ တိုက်လေယာဉ်ပျက်သည်ဟု ဖော်ပြသည်ကို တွေ့ရသည်။ လေယာဉ်ပျက်ကျပြီးနောက် ကျေးရွာတစ်ရွာ၏ လမ်းများတွင် လေယာဉ်အပိုင်းအစများတွေ့ရသလို ဘုန်းကြီးကျောင်းဝင်းရှိ အဆောက်အအုံများ မီးလောင်နေသည်တို့ကို လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ပြည်တွင်းသတင်းတချို့တွင် […]

ထိုင်းတောင်ပိုင်း လုပ်ငန်းခွင်များအတွင်း ဝင်ရောက်စစ်ဆေး၊ မြန်မာ ၁၄ ဦး ဖမ်းဆီးခံရ

Dawei Watch

June 10, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၁၄ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်သည်။ စွန်ခရာခရိုင် ဟတ်ယိုင်ဒေသရှိ လုပ်ငန်းခွင်များထဲတွင် နိုင်ငံခြားသားများ တရားမဝင် လုပ်ကိုင်မှုမရှိရေး ထိုင်းအလုပ်သမားဝန်ကြီးဌာနအဖွဲ့က ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အထူးသဖြင့် ထိုင်းအနှိပ်သည်လုပ်ငန်း၊ ဖုန်းအရောင်းဆိုင်များ၊ စတိုးဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင်၊ အသားဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၈ ဦး စုစုပေါင်း မြန်မာနိုင်ငံသား ၁၄ ဦးပါဝင်ကြောင်း သိရသည်။ ၎င်းတို့အနက် ၁၂ ဦးသည် အလုပ်လုပ်ခွင့်လက်မှတ်များရှိသော်လည်း အနှိပ်သည်၊ […]

ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်ပြီး ရွှေဆိုင်ကို ဆက်ကြေးတောင်းစာပို့

Dawei Watch

June 10, 2025

ထားဝယ်ခရိုင် တပ်ပေါင်းစု အယောင်ဆောင်ကာ ထားဝယ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ခြိမ်းခြောက် ဆက်ကြေးတောင်းသည့်ဖြစ်စဥ် ဇွန်လ ၈ ရက်က ဖြစ်ခဲ့ကြောင်း ထားဝယ်ခရိုင် တပ်ပေါင်းစု ထံမှသိရသည်။ တပ်ပေါင်းစုအနေဖြင့် ဆက်ကြေးတောင်းသည့် ဖြစ်စဥ် မရှိခဲ့ဘဲ ယင်းငွေလိမ်တောင်းသည့် ကိစ္စကိုလည်း စုံစမ်းဖော်ထုတ်သွားမည်ဟု ထားဝယ်ခရိုင်တပ်ပေါင်းစု က ဇွန်လ ၉ ရက်တွင် ထုတ်ပြန်အသိပေးသည်။ Dawei Watch ဖတ်ရှုခဲ့ရသည့် ခြိမ်းခြောက်စာအတုတွင် ထားဝယ်ခရိုင် တပ်ပေါင်းစု၏ စည်းတံဆိပ် နှစ်ခုပါဝင်ပြီး Dwipdf@gmail.com အမည်ဖြင့် Email လိပ်စာတစ်ခုပါဝင်သည်။ ယင်းခြိမ်းခြောက်စာသည် Viber အကောင့်တစ်ခုမှ ပို့လာခြင်းဖြစ်ပြီး ထားဝယ်မြို့ ရှိ ရွှေဆိုင်တစ်ဆိုင် ၏ ပိုင်ရှင်အမည် ၊ လိပ်စာ နှင့် ဖုန်းနံပါတ် များကို လိပ်မူထားသည်။ ဇွန်လ […]

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ကို Ranking 1 ဖိုက်တာနဲ့ ဇွန်လ ၂၉ ရက်မှာ ပွဲထိုးဖို့ UFC စီစဉ်ပေးလိုက်ပြီ

Dawei Watch

June 10, 2025

ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ကတော့ ချက်ချင်းပဲ ပွဲထပ်ရသွားပါပြီ။ ရွိုင်းဗောလ်နဲ့ မာနယ်ကိပ်တို့ ထိုးဖို့ စီစဉ်ပေးထားတဲ့ပွဲမှာ မာနယ်ကိပ် ဒဏ်ရာရသွားလို့ Ranking 6 ဖိုက်တာ မာနယ်ကိပ်ရဲ့နေရာမှာ ဂျိုရှူအာဗန် ကို Short Notice နဲ့ အစားထိုးထည့်သွင်းလိုက်တာပါ။ မြန်မာစံတော်ချိန်အရ ရွိုင်းဗောလ်နဲ့ ဂျိုရှူအာဗန်တို့ဟာ လာမယ့်ဇွန်လ ၂၉ ရက် မနက်ပိုင်းမှာ ထိုးကြရပါတော့မယ်။ ဂျိူရှူအာဗန် ဟာ ဒီပွဲအတွက် ပြင်ဆင်ချိန် ၁၈ ရက်လောက်ပဲ ရှိပါတော့တယ်။ Ranking 2 ဖိုက်တာ မိုရီနိုနဲ့ ထိုးချင်လှပါတယ်ဆိုတဲ့ ချင်းဖိုက်တာလေး ဂျိုရှူအာဗန် ဟာ အခုတော့ Ranking 1 ဖိုက်တာ ရွိင်းဗောလ်နဲ့ ကံကြမ္မာမျက်နှာသာပေးမှုကြောင့် ပွဲထိုးခွင့်ရသွားပါပြီ။ ဒီပွဲမှာသာ အနိုင်ရလဒ် ရယူပြနိုင်ခဲ့ရင်တော့ ဂျိုရှူအာဗန်ဘက်ကနေ […]

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ဗောဓိစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များတိုက်ခိုက်

Dawei Watch

June 10, 2025

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်၏ ဗောဓိစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဇွန်လ ၈ ရက်ကစတင်ပြီး တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှ သိရသည်။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်တွင် စစ်ကောင်စီတပ်၏ ဗောဓိစခန်းနှင့် ငါးရံ့နီစခန်းနှစ်ခုသာကျန်ရှိပြီး ယခု ဇွန်လတွင် ဗောဓိစခန်းကို ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်သည်။ ဧပြီလ ၁၉ ရက်နှင့် မေလ ၉ ရက်တို့တွင် ထိုင်း-မြန်မာနယ်စပ်က ထီးထဗျူဟာစခန်းကုန်းနှင့် ထီးခီးနယ်စပ်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူခဲ့သည်။ နယ်စပ်တွင်ရှိသည့် စစ်ကောင်စီစခန်းအားလုံးကို သိမ်းယူထိန်းချုပ်နိုင်ရန် KNLA ဦးဆောင်မှုဖြင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ “ဗောဓိစခန်းက ဘယ်လောက်အရေးပါလဲဆို နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မနီးမဝေးမှာပဲ တည်ရှိတယ်။ တောင်ပိုင်း စစ်ဆင်ရေးမူအရ […]

မြိတ်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

June 9, 2025

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်စုံခေါင်းရပ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ယနေ့ ဇွန်လ ၉ရက် နံနက် ၅နာရီခွဲခန့်တွင် ဖခင်ဖြစ်သူက သားဖြစ်သူကို အိမ်ထဲတွင် မတွေ့သဖြင့် လိုက်လံရှာဖွေရာ ရွှေပါရမီကျောင်း အရှေ့ရှိ ပေါင်းကူးတံတားတွင် သေဆုံးနေသည်ကို တွေ့ရှိကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သေဆုံးသူမှာ အသက် ၂၉နှစ်အရွယ် ကိုပြည်စုံစိုး (ခေါ် ) ကိုဝတုတ်ဖြစ်ကြောင်း ၎င်း၏ သူငယ်ချင်းတစ်ဦးက ပြောဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ကြိုးဆွဲချသေဆုံးသည်ကိုမူ မသိရသေးပေ။ သေဆုံးသူအမျိုးသား၏အလောင်းကို စစ်ကောင်စီတပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

ထားဝယ်ရှိ နယ်စည်းမထားဆရာဝန်များအဖွဲ့ တာဝန်ခံများကို စစ်ကောင်စီဖမ်း၊ မေတ္တာရိပ်ဆေးခန်းရပ်နားရဖွယ်ရှိ

Dawei Watch

June 9, 2025

ထားဝယ်မြို့ရှိ Médecins Sans Frontières (MSF) ရုံးက တာဝန်ခံဆရာဝန်၊ ဒုတာဝန်ခံနှင့် ရုံးအဖွဲ့ဝင် (စတိုတာဝန်ခံ) တစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့်အတွက် မေတ္တာရိပ်ဆေးခန်းကို ရပ်နားရဖွယ်ရှိနေကြောင်း အဆိုပါရုံးနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ မေလနှောင်းပိုင်းက နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF (ထားဝယ်) စတိုခန်းတာဝန်ရှိသူကို ဖမ်းဆီးပြီးနောက် ဇွန်လဆန်းတွင် တာဝန်ခံဆရာဝန်နှင့် ဒုတာဝန်ခံကို ဖမ်းဆီးခဲ့ကြောင်း အထက်ပါနီးစပ်များက ပြောသည်။ ဒုတာဝန်ခံကိုမူ ပြန်လွှတ်လိုက်သော်လည်း စရဖရုံးကို နေ့တိုင်းနီးပါး ခေါ်ယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ CDM ဆရာဝန်နှစ်ဦးကို အလုပ်ခန့်သည်ဟုဆိုကာ ဖမ်းဆီးရန် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လှုံ့ဆော်ပြီးနောက် ယင်းကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူအချို့က ဆိုသည်။ စစ်ကောင်စီက ထိုသို့ဖမ်းဆီးခဲ့သည့်အတွက် ကျန်သည့်ရုံးအဖွဲ့ဝင်များလည်း ကြောက်လန့်ပြီး ရှောင်တိမ်းနေရကြောင်း MSF နှင့် […]