BREAKING
November 17, 2025

သတင်း

တိုက်ခိုက်မှုများ ဆက်လုပ်မည်ဟု အစ္စရေး၊ အီရန် နှစ်ဘက်စလုံးပြော

Dawei Watch

June 14, 2025

နှစ်နိုင်ငံ အပြန်အလှန် တိုက်ခိုက်မှုများ ဇွန်လ ၁၃ရက်က ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် နောက်ထပ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း အစ္စရေးနှင့် အီရန် နှစ်ဘက်စလုံးက ပြောဆိုသည်။ ဇွန်လ ၁၃ ရက် နံနက်အစောပိုင်းတွင် အစ္စရေးက အီရန်သို့ စတင်တိုက်ခိုက်လိုက်ပြီးနောက် နှစ်နိုင်ငံအကြား အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများ ညတွင်းချင်း ပေါ်ပေါက်လာခဲ့သည်။ ဇွန်လ ၁၃ရက် ညအချိန်တွင် နှစ်ဖက်အပြန်အလှန် တိုက်ခိုက်မှုများကြောင့် အစ္စရေးနိုင်ငံ တဲလ်အဗီးမြို့ ၊ ဂျေရုဆလင်မြို့နှင့် အီရန်နိုင်ငံ တီဟီရန်မြို့တို့တွင် ပေါက်ကွဲသံများကို ကြားခဲ့ရကြောင်း နိုင်ငံတကာသတင်းများက ဖော်ပြသည်။ သောကြာနေ့ညတွင် အီရန်ဘက်က ပစ်ခတ်လာသည့် ပဲ့ထိန်းဒုံးကျည်များက အစ္စရေးနိုင်ငံ၏ အစိတ်အပိုင်းအချို့ကို ထိမှန်ခဲ့သည်။ အစ္စရေးနိုင်ငံထဲတွင် ပြည်သူများ အကာအကွယ်ယူကြရန် သတိပေးဥဩသံ အကြိမ်ရေ အတော်များများ ထွက်ပေါ်လာခဲ့သည်။ အီရန်၏ […]

လောင်းလုံးတွင် စစ်ရေးတင်းမာလာပြန်သဖြင့် ဒေသခံများ ထပ်မံထွက်ပြေး

Dawei Watch

June 14, 2025

စစ်ကောင်စီတပ်က စစ်ကြောင်းလှုပ်ရှားမှုရှိလာသဖြင့် လောင်းလုံးမြို့အနီးတွင် တစ်ကျော့ပြန် စစ်ရေးတင်းမာလာပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့ နံနက် ၃ နာရီအချိန်တွင် စစ်ကောင်စီစစ်ကြောင်းသည် လောင်းလုံးမြို့ဘက်မှ စစ်ပြဲကျေးရွာဖက်ကို ဦးတည်စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ကျွန်မတို့ မနက် ၄ နာရီလောက်ကတည်းက ထပြေးနေရတာရှင်” ဟု ထွက်ပြေးနေရသည့် စစ်ပြဲကျေးရွာမှ အမျိုးသမီးတစ်ဦးကဆိုသည်။ နံနက် ၈ နာရီခန့်တွင်မူ စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးဖြင့် စတင်ပစ်ခတ်လာခဲ့ကြောင်း ဒေသခံများကဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး ရှေ့ဆက်တိုးလာနေသဖြင့် စစ်ပြဲ၊ ညင်းမော်၊ ပြင်းထိန် စသည့်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ “လက်နက်ကြီးက ကိုယ့်နားမှာလာကျနေသလိုမျိူးပဲ ကြားနေရတာဆိုတော့ အိမ်မှာ မနေရဲတော့ဘူး” ဟု စစ်ပြဲဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ဇွန်လ ၁၂ ရက်ကလည်း ထားဝယ်မြစ်ရှိစစ်သင်္ဘောပေါ်မှ […]

တနင်္သာရီ၊ ကရင်နှင့် ရှမ်းတို့တွင် မြွေမျိုးစိတ်သစ်တစ်ခု တွေ့ရှိကြောင်း မှတ်တမ်းတင်

Dawei Watch

June 14, 2025

တနင်္သာရီ၊ ကရင်နှင့်ရှမ်း စသည့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော ဒေသသုံးခုတွင် မြွေမျိုးစိတ်အသစ် တစ်ခုကို တွေ့ရှိကြောင်း မှတ်တမ်းတင်နိုင်ခဲ့သည်ဟု မြွေများအကြောင်း သုတေသနပြုလုပ်နေသည့် Snakes of Myanmar အဖွဲ့မှ ဇွန်လ ၁၀ ရက်က ၎င်းတို့၏ လေ့လာချက်မှတ်တမ်းကို ထုတ်ပြန်သည်။ မှတ်တမ်းတင်နိုင်ခဲ့သည့် မြွေမျိုးစိတ်သစ်သည် လာအိုမြွေဝံပုလွေ အမျိုးအစားဖြစ်ကြောင်း ယင်းမှတ်တမ်းတွင်ဖော်ပြသည်။ ” အခုမျိုးစိတ်က လုံးဝမရှိတဲ့ မျိုးစိတ်အသစ်ကို တွေ့တာမဟုတ်ဘူး။ အရင်ရှိပြီးသားမျိုးစိတ်၊ တခြားနိုင်ငံတွေမှာ ရှိပြီးသားမျိုးစိတ်၊ မြန်မာနိုင်ငံ မှာ အရင်မရှိသေးဘူး။ အခုမှ မြန်မာနိုင်ငံ မှာ မှတ်တမ်းရှိတယ် ဆိုပြီး ချပြနိုင်တာဖြစ်တယ်” ဟု Snakes of Myanmar အဖွဲ့မှ သုတေသန ပြုလုပ်နေသူ မစိုးသန္တာအောင်ကပြောသည်။ လာအိုမြွေဝံပုလွေကို ယခုမှတ်တမ်းမထုတ်ပြန်မီ လေးနှစ်တာကာလအတွင်း […]

မဲဆောက်တွင် လျှပ်စစ်စက်ဘီး စီးသူများကိုဖမ်းဆီးနေ၍ မြန်မာများ အခက်တွေ့

Dawei Watch

June 14, 2025

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် လျှပ်စစ်စက်ဘီး (E-Bike) စီးနင်းသူများကို ဇွန်လ ၇ ရက်နေ့မှစတင်ကာ မဲဆောက်ရဲတပ်ဖွဲ့က ဆက်တိုက် ဖမ်းဆီးမှုလုပ်လာ၍ E-Bike အသုံးပြုသည့် မြန်မာများ အခက်အခဲကြုံတွေ့နေကြရကြောင်း မြန်မာအချို့ကပြောသည်။ မဲဆောက်ခရိုင်တွင် လျှပ်စစ်စက်ဘီးနှင့် စကူတာများအသုံးပြုသူများလာကာ လမ်းပေါ်တွင် အဆင်မပြေမှုများနှင့် လုံခြုံမှုမရှိဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားမှုများ ရှိနေသည်။ ယင်းအတွက်ကြောင့် လျှပ်စစ်စက်ဘီးများကို အများပြည်သူပိုင်လမ်းပေါ် တွင် မောင်းနှင်ခြင်းမပြုရန် လျှပ်စစ်ယာဥ်အသုံးပြုမှု ထိန်းချုပ်ရေး အစီအမံများချမှတ်ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။ ယခုကဲ့သို့ လျှပ်စစ်စက်ဘီး ဖမ်းဆီးလာသဖြင့် အလုပ်သွားရေးလာရေးအပါအဝင် ကလေး ကျောင်းကြို၊ ကျောင်းပို့ကိစ္စများလည်း အခက်တွေ့လာရကြောင်း မဲဆောက်ရောက် မြန်မာအချို့ကဆိုသည်။ “အခုက E bike တွေ ဖမ်းဆီးနေတယ်ဆိုတော့ အလုပ်ကိုလည်း ရပ်ထားရပါတယ်။ နေ့တိုင်း […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

June 13, 2025

ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၇ ရက်မှ ၁၃ ရက်အထိ အီရန်မြို့တော်ကို အစ္စရေးက ဗုံးကြဲတိုက်ခိုက် အီရန်နိုင်ငံမြို့တော် တီဟီရန်ကို အစ္စရေးနိုင်ငံက လေကြောင်းကနေ ဇွန်လ ၁၃ ရက် နံနက်ပိုင်းမှာ စတင်တိုက်ခိုက်လိုက်ပါတယ်။ Rising Lion စစ်ဆင်ရေးအနေနဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားအဆောက်အအုံတွေအပါအဝင် စစ်ရေးပစ်မှတ်တွေကို အစ္စရေးဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အီရန်နိုင်ငံဘက်ကတော့ အရေးပေါ်အခြေအနေ ကြေညာလိုက်ရပြီး ချက်ချင်း ပြန်လည်တုံ့ပြန်ဖို့ ကြေညာလိုက်ပါတယ်။ တိုက်ခိုက်မှုအတွက် အစ္စရေးဘက်က ပြန်လည်ပေးဆပ်ရမယ်လို့လည်း တုံ့ပြန်ထားပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့တော်ထဲ ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် သေဆုံးမှုတွေရှိခဲ့တယ်လို့ အီရန်ဘက်က ထုတ်ပြန်ပါတယ်။ ဒါပေမယ့် တိတိကျကျ အတည်ပြုနိုင်တာမျိုးတော့ […]

တိုက်ပွဲငြိမ်သော်လည်း ရွှေဂူတံတားအနီး နေထိုင်သူအချို့ နေရပ်မပြန်နိုင်သေး

Dawei Watch

June 13, 2025

ထားဝယ်မြို့နယ် ရှင်မုတ္ထီးကျေးရွာအုပ်စုရှိ ရွှေဂူတံတားအနီးတွင် နေထိုင်သူများသည် တိုက်ပွဲငြိမ်သက်သွားပြီ ဖြစ်သော်လည်း နေရပ်တွင် ပြန်လည် မနေထိုင်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁ ရက်က ရွှေဂူတောင်ပေါ် နှင့် တံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးအင်အားစု တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် တံတားအနီး နေထိုင်သည့် စော်ဝရွာနှင့် ရွှေဂူတောင်ရွာဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရသည်။ တိုက်ပွဲငြိမ်သက်သွားပြီးနောက် ဇွန်လပထမအပတ်အတွင်း နေရပ်စွန့်ခွာသူအများစု နေရပ်ပြန်လာကြသော်လည်း ရွှေဂူ တောင်ရွာတွင် နေထိုင်သူများမှာမူ တိုက်ပွဲထပ်ဖြစ်မည်စိုးရိမ်၍ ပြန်လည် မနေထိုင်ရဲကြသေးကြောင်း စော်ဝရွာခံများက ပြောသည်။ “တိုက်ပွဲဖြစ်ပြီးတော့ စော်ဝရွာမှာတော့ ပြန်လာနေကြပြီ။ ဒါပေမဲ့ ရွှေဂူတံတားနားမှာ နေသူတွေကတော့ မနေရဲကြဘူး။ မြို့ပေါ်ရွှေ့သူနဲ့ အခြားဆွေမျိုးတွေဆီ သွားနေသူတွေ ရှိတယ်။ တချို့ကလည်း နေ့ဘက်လာနေပြီး ညဘက် […]

ထရမ့်အစိုးရ၏ စွက်ဖက်မှုများကြောင့် အမေရိကန် ဖူးလ်ဘရိုက် ပညာသင်ဆုဘုတ်အဖွဲ့ဝင်အားလုံးနုတ်ထွက်

Dawei Watch

June 13, 2025

အမေရိကန်အစိုးရက နိုင်ငံတကာဘွဲ့လွန်ကျောင်းသားများသို့ နှစ်စဉ်ပေးလေ့ရှိသည့် ဖူးလ်ဘရိုက်ပညာသင်ဆုဘုတ်အဖွဲ့က အဖွဲ့ဝင်အားလုံး နုတ်ထွက်ပြီ ဖြစ်သည်။ ဘုတ်အဖွဲ့၏ လုပ်ငန်းစဉ်ထဲ ထရမ့်အစိုးရ၏ ကြားဝင်စွက်ဖက်မှုများကြောင့် ယင်းသို့ နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဇွန်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည့် ဘုတ်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ဖူးလ်ဘရိုက် ပညာသင်ဆု ရွေးချယ်ခံရသည့် ကျောင်းသားအများအပြားကို ပညာသင်ဆုပေးအပ်ရန် ထရမ့်အစိုးရက ငြင်းဆန်ခဲ့သည်။ ယင်းလုပ်ရပ်မှာ ဖူးလ်ဘရိုက်ပညာသင်ဆုဘုတ်အဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာကို လုယူစွက်ဖက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည့် အဆိုပါဘုတ်အဖွဲ့က ဆိုသည်။ လက်ရှိတွင်လည်း ထရမ့်အစိုးရက ဖူးလ်ဘရိုက်ပညာသင်ဆုရ နောက်ထပ် နိုင်ငံတကာကျောင်းသားဦးရေ ၁၂၀၀ ကို တရားမဝင် သုံးသပ်စိစစ်မှုပြုလုပ်နေပြီး ပညာသင်ဆု ငြင်းပယ်မှုများ ထပ်လုပ်သွားရန် ရှိနေသည်ဟု ဘုတ်အဖွဲ့က ဆိုသည်။ […]

လောင်းလုံး ကညုံကျွန်းရွာကို စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများထွက်ပြေး

Dawei Watch

June 13, 2025

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ‌ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ထားဝယ်မြစ်ထဲမှတစ်ဆင့် လှေဖြင့် ကညုံကျွန်းရွာကို ယနေ့ ဇွန်လ ၁၃ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ‌တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။ “(စစ်ကောင်စီတပ်တွေ သေနတ်) ပစ်ပစ်ပြီး လှေတွေနဲ့ (ကညုံကျွန်းရွာထဲကို) ဝင်လာနေတယ်လို့တော့ ကြားရတယ်။ တချို့ကလည်း ရွာထဲရောက်နေပြီလို့လည်း ပြောကြတယ်” ဟု တိမ်းရှောင်နေရသည့် ကညုံကျွန်းရွာသူတစ်ဦးက ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပြောဆိုသည်။ ဇွန်လ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်သည် ကညုံကျွန်းရွာကို လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင်မူ […]