ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူမည်

diz_admin

February 10, 2020

မွန်ပြည်နယ် ရေပိုင်နက်အတွင်းရှိ လိုင်စင်မဲ့ ငါးဖမ်းလှေများကို ထိရောက် စွာ အရေးယူမည်ဟု မွန်ပြည်နယ်အစိုးရ အဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ၁၅ ကြိမ်မြောက်အစည်း အဝေး၌ ရေးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးချစ်တင်၏ မေးမြန်းမှု အပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ကမ်းနီးရော ကမ်းဝေးရော ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စ အားလုံးကို ကျွန်တော်တို့ ပြည်နယ်ငါး လုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ငါးလုပ်ငန်း ကော်မတီက ပင်လယ်ပြင်က အချက် အလက် အခြေအနေအမှန်ကို ကောက်ယူ ပါတယ်”ဟု ဝန်ကြီး ဦးထွန်းဌေးက ပြောသည်။ မွန်ပြည်နယ်ရေပိုင်နက်အတွင်း […]

တနင်္သာရီတွင် လူကုန်ကူးနှင့် လူမှောင်ခို အမှုသုံးခု ဖမ်းမိ

diz_admin

February 10, 2020

ယမန်နှစ် တစ်နှစ်လုံး တနင်္သာရီ တိုင်းတွင် လူကုန်းကူးမှု နှစ်မှုနှင့် လူမှောင်ခိုမှု တစ်မှု စုစုပေါင်း အမှု သုံးခုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ်(၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်)ထံမှ သိရသည်။ လူကုန်ကူးမှု နှစ်ခုတွင် ရန်ကုန်မြို့ မှ နယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုပြီးနောက် ပြည့်တန်ဆာအလုပ်ကို ခိုင်းစေခဲ့သည့် အမှုဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ လူမှောင်ခိုမှုတစ်ခုမှာ မော်လမြိုင် ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင် လာသည့် ခရီးသည်တင်ကားကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် သတင်း အရ စစ်ဆေးရာမှ လူမှောင်ခိုခေါ်ဆောင် လာသည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြော […]

ပြည်သူ့ရှေ့ဆောင်ပါတီ တနင်္သာရီတိုင်းအတွက် ခြေလှမ်းပြင်

diz_admin

February 10, 2020

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် လာမည့်ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းအတွင်း ပါတီဝင်ရရှိရန် နှင့် ရုံးခွဲလာဖွင့်နိုင်ရန်အတွက် ပြင်ဆင် နေကြောင်း ယင်းပါတီရုံးချုပ်မှ ပါတီဝင် ဦးအောင်ခန့်ပိုင်က ပြောသည်။ လာမည့်ရွေးကောက်ပွဲတွင် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ဝင်ရောက်အရွေး ချယ်ခံမည်ဖြစ်သော်လည်း တနင်္သာရီ တိုင်းတွင်မူ ကိုယ်စားလှယ်လောင်းရရှိ မှုပေါ်မူတည်ပြီးမှ ဝင်ရောက်ရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခန့်ပိုင်က ပြောသည်။ “ကိုယ်စားလှယ်ကတော့ အဓိက ပေါ့လေ။ ကိုယ်စားလှယ်ရှိမှ တနင်္သာရီ တိုင်းမှာ ဝင်ပြိုင်လို့ရမှာလေ။ ဘယ်နေ ရာမှာ ဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာတော့ ပါတီလူကြီးတွေက မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။ ပြည်သူ့ရှေ့ဆောင်ပါတီကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်သက်သက်ခိုင်က ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ပါတီသစ်တစ်ခုဖြစ်သည့် သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကလည်း […]

မော်တော်ယာဉ်ဖမ်းမိက တရားစွဲရန် ခြောက်လအထိ ကြာ

diz_admin

February 10, 2020

ထားဝယ်ဒေသတွင် ဦးထုပ် မဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိခြင်း အစရှိသည့် စည်းကမ်းပျက်ယာဉ် များကို ဖမ်းဆီးရာတွင် စတင်ဖမ်းဆီး ချိန်မှ တရားစွဲသည့်အချိန်အထိ အချိန် ခြောက်လခန့်ကြာမြင့်နေ သည့်အပေါ် ပြည်သူများအကြား ပြောဆိုဝေဖန်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်း ပိုင်းတွင် ဖမ်းမိသည့် စည်းပျက်ယာဉ်ကို တရားစွဲဆိုရန် ဇွန်လမှသာ ပြန်လည် ချိန်းဆိုသည်အထိ ကြာမြင့်နေခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းမိသည့် ဦးထုပ်မဆောင်းသည့် ဆိုင်ကယ်အမှုကို ဇွန်လ ၁၁ ရက်တွင် တရားရင်ဆိုင်ရန် ချိန်းဆိုခဲ့သည်အထိ ကြန့်ကြာနေသည်။ ယင်းကဲ့သို့ အချိန်ကာလကွာဟ လွန်းနေခြင်းက အဖမ်းခံရသူများအတွက် စိတ်အနှောင့်အယှက်ဖြစ်စေသကဲ့သို့ နယ်ဒေသတွင် နေထိုင်သူများအတွက်လည်း အဆင်မပြေကြောင်း ပြီးခဲ့သည့် သုံးလခန့်က ဆိုင်ကယ်စီးဦးထုပ်မဆောင်း သည့်အတွက် အဖမ်းခံရဖူးသည့် အသက် ၄၀ […]

“တနင်္သာရီတိုင်းက မြို့အားလုံး အာဆီယံသန့်ရှင်းဆုရအောင် လုပ်ပေးပါ”

diz_admin

February 10, 2020

အမှိုက်နှင့် သန့်ရှင်းရေးကိစ္စ တိုင်းအစိုးရ ဥပဒေပြဋ္ဌာန်းချက်အတိုင်း မလုပ်နိုင်သေး တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဆိုင်ရာ နည်းဥပဒေကို တိုင်းအစိုးရက ၂၀၁၈ ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။ ထိုနည်းဥပဒေတွင် မြို့နယ်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း အမှိုက် များကို အမျိုးအစား ၄ မျိုးခွဲ၍ စနစ် တကျ စွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်း၊ အမှိုက်ကျင်းတွင် စွန့်ပစ်ခြင်းတို့ ပြုလုပ် ရမည်ဟု ပါဝင်သည်။ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ဆိုသည်မှာ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ယခုနှစ် နောက်ဆုံး ထား သွတ်သွင်းသွားသည့် ကျေးရွာများပါ ပါဝင်သည်။ အမှိုက် အမျိုးအစား ၄ မျိုးခွဲ၍ အထုပ်ဖြင့် စွန့်ပစ်ခြင်းကို ပထမအဆင့် အနေနှင့် ဟိုတယ်၊ စားသောက်ဆိုင်၊ ကွန်ဒို၊ ပြင်ပကျောင်း၊ ဆေးရုံတို့တွင် […]

ဘိုးဘွားပိုင်မြေဖြစ်က ဟိုတယ်များ စက်မှုမြေငှားဂရန် လျှောက်ရန်မလိုတော့ ဟုဆို

diz_admin

February 10, 2020

တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ် လိုင်စင် အသစ်လျှောက်ထားခြင်းနှင့် လိုင်စင်သက်တမ်းတိုးရာတွင် ဘိုးဘွားပိုင် မြေဖြစ်က စက်မှုစီးပွားဂရန် လျှောက်ရန် မလိုတော့ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ဟိုတယ်/ခရီး)ထံမှ သိရသည်။ ယခင်က ဟိုတယ်/ခရီးဌာန လိုင်စင် ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများ သက်တမ်းတိုးရာတွင် စက်မှု^စီးပွား မြေငှားဂရန် ပြောင်းလဲကြရန် အထက်ပါ ဌာနက ညွှန်ကြားခဲ့ဖူးသည်။ လက်ရှိတွင် တိုင်းဒေသကြီးခရီးသွား ကော်မတီ၏ ၁/၂၀၂၀ အစည်းအဝေးဆုံး ဖြတ်ချက်အရ ဘိုးဘွားပိုင်မြေများကို စက်မှု^စီးပွားမြေငှားဂရန် ပြောင်းလဲရန် မလိုတော့ကြောင်း အထက်ပါဌာနရှိ ဟိုတယ်^ခရီးသွားလိုင်စင်ဌာနခွဲ တာဝန်ခံ ဦးလေးကြိုင်က ဆိုသည်။ “ဘိုးဘွားပိုင်မြေဟာ လက်ရှိလုပ် ကိုင်နေသူရဲ့ အမည်ပေါက်ဖို့တော့လိုတယ်။ စက်မှုစီးပွားဂရန်လုပ်ဆောင်စရာ မလိုပါဘူး”ဟု ဦးလေးကြိုင်က ပြောသည်။ ဘိုးဘွားပိုင်မြေတွင် အခြားတစ်ဦး ၏ […]

နှစ်လအတွင်း ကျပ်သန်းတစ်သောင်း ခွဲခန့်တန်ဖိုးရှိ လုပ်ငန်းလေးခု ရင်းနှီးမြှုပ်နှံခွင့်ပြု

diz_admin

February 10, 2020

ယခုနှစ်ဆန်းပိုင်းအတွင်း ကျပ် သန်းပေါင်း တစ်သောင်းခွဲခန့် တန်ဖိုးရှိ လုပ်ငန်းလေးခုကို ရင်းနှီးမြှုပ်နှံခွင့်ပြု လိုက်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ(TRIC) ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ လက်ရှိအချိန်ထိ ခွင့်ပြု ပေးခဲ့သည့် လုပ်ငန်းများဖြစ်သည်။ မြိတ်မြို့နယ်အတွင်းရှိ အသင့်ဖျော် ဘိလပ်မြေ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း နှစ်ခု၊ ငါးအမှုန့်ထုတ်လုပ်ဖြန့် ဖြူးခြင်းလုပ်ငန်း တစ်ခုနှင့် ကွန်ကရစ် ပိုင်တိုင်ထုတ်လုပ်ခြင်းလုပ်ငန်း တစ်ခု တို့ကို လုပ်ငန်းလုပ်ကိုင်ခွင့် ပြုလိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။ အတည်ပြုမိန့်ထုတ်ပေးခဲ့သည့် ကျောက်ဖျာကျေးရွာအုပ်စုတွင် လုပ်ကိုင်မည့် ငါးအမှုန့်ကြိတ်လုပ်ငန်းက အနံ့ဆိုး ထွက်မှု မရှိစေရန် ထိုင်းနိုင်ငံနည်းပညာဖြင့် လုပ်ကိုင်မည်ဖြစ်သည့်အတွက် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ထွန်းထွန်းက ဆိုသည်။ အမေရိကန်ဒေါ်လာ […]

သင်တန်းအတွက် စားပွဲခင်း ၁၄ သိန်းဖိုး ဝယ်သည့်ဌာန

diz_admin

February 10, 2020

တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် ၂၀၁၈ ခုနှစ်က သင်တန်းလုပ်ရန် စာပွဲခင်း ၁၄ သိန်းဖိုး ဝယ်ယူခဲ့ကြောင်း တိုင်းဒေသကြီးစာရင်း စစ်ချုပ်က လွှတ်တော်တွင် အစီရင်ခံသည်။ စားပွဲခင်းများမှာ ပြန်အသုံးပြု၍ ရသော်လည်း သင်တန်းဖွင့်လှစ်မှု ၉ ကြိမ်တွင် တစ်ကြိမ်လျှင် ပျမ်းမျှ ၈၉ ကိုက်နှုန်းဖြင့် စာပွဲခင်းကိုက် ၈၀၀ ဝယ်ခဲ့ကြောင်း ၁၅ ကြိမ်မြောက် တိုင်း လွှတ်တော်အစည်းအဝေးတွင် အစီရင်ခံခြင်း ဖြစ်သည်။ ယင်းသို့ ဝယ်ယူခြင်းမှာ အသုံး စရိတ်တစ်ရပ်ကို အမှန်တကယ် လိုအပ် သည်ထက် ပိုမိုသုံးစွဲထားသဖြင့် ဘဏ္ဍာ ရေးကျင့်စဉ်ကြီးများနှင့် မညီညွတ်သည်ကို တွေ့ရကြောင်း စာရင်းစစ်ချုပ်က ပြောဆိုခဲ့သည်။ Dawei Watch