ဝန်ထမ်းကောင်းတံဆိပ် လျှောက်သူ များပြား၊ ကားပါမစ်အစား ကျန်းမာရေး နှင့် နေရေးကိစ္စ စီစဉ်ပေးသင့်ဟုဆို
diz_admin
February 10, 2020ဝန်ထမ်းကောင်းတံဆိပ်ရသူများကို ကားတင်သွင်းခွင့်ပါမစ် ပေးမည်ဆိုသည့် သတင်းကြောင့် တနင်္သာရီတိုင်းတွင် ယင်းတံဆိပ်ကို လျှောက်ထားသူ အလွန်များပြားနေကြောင်း တနင်္သာရီ တိုင်း ပညာရေးမှူးရုံးထံမှ သိရသည်။ ယမန်နှစ်များက ဝန်ထမ်းကောင်း တံဆိပ်လျှောက်သူ တစ်နှစ်လျှင် ပျမ်းမျှ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း ကားတင်သွင်းခွင့်ပါမစ် ရရှိမည်ဆိုသည့် သတင်းကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ယင်းတံဆိပ်ကို ပညာရေးဝန်ထမ်းများ အကြား စိတ်ဝင်စားမှု မြင့်တက်လာ ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။ ဝန်ထမ်းကောင်း တံဆိပ်လျှောက်လွှာကို ဇန်နဝါရီလ တတိယအပတ်တွင် မြို့နယ်များသို့ စတင်ထုတ်ပေးခဲ့ပြီး ဖေဖော်ဝါရီလ ၆ ရက် နောက်ဆုံးထားကာ တိုင်းပညာရေးမှူးရုံးထံပေးပို့ရမည် ဖြစ်သည်။ “အခု မြို့နယ်က ပို့လာတဲ့ လျှောက် လွှာတွေ အရမ်းများနေလို့ အဲဒါ စိစစ်နေတယ်။ မြိတ်မြို့နယ်တစ်ခုတည်းကို (လျှောက်လွှာ) […]


