BREAKING
November 17, 2025

သတင်း

ရေဖြူ၊ ပယရွာရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်

Dawei Watch

June 16, 2025

ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများနှင့် တော်လှန်ရေးတပ်များ ဇွန်လ ၁၅ ရက် နံနက်အစောပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံ မှသိရသည်။ ပယရွာ ရွာလယ်ရှိ ရွှေမိုးညိုစေတီ ပတ်ဝန်းကျင်တွင် ဂိတ်ဖွင့်ကာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်များက သွားရောက်တိုက်ခိုက်ရာမှ ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်များက ဆိုသည်။ “ဂိတ်ကို သွားတိုက်ခိုက်ခဲ့တာပါ။ သူတို့(စစ်ကောင်စီ) ဘက်က အနည်းဆုံး သုံးယောက်လောက် ထိခိုက်သေဆုံးမှုရှိတယ်။ ဖြစ်စဥ်အသေးစိတ်ကို ထုတ်ပြန်ဖို့ရှိပါတယ်” ဟု တိုက်ပွဲ တွင်ပါဝင်သည့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ပယရွာဘက်သို့ […]

ICJ အခြေစိုက်ရာ သည်ဟိဂ်မြို့တွင် ဂါဇာအရေး လူသိန်းချီ ဆန္ဒပြ

Dawei Watch

June 16, 2025

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) အခြေစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဂိဟ်မြို့လယ်တွင် တနင်္ဂနွေနေ့က သိန်းနှင့်ချီသည့် ဆန္ဒပြသူများက အနီရောင်အင်္ကျီများ ဝတ်ဆင်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်။ ဂါဇာတွင် အစ္စရေး၏ ဖိနှိပ်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ပြသရန်၊ အစ္စရေးနှင့် ပတ်သက်၍ နယ်သာလန်အစိုးရက ပိုတင်းမာပြတ်သားစွာ အရေးယူဆောင်ရွက်မှုရှိရေး တောင်းဆိုရန် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဂါဇာတွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် အစ္စရေးအနေဖြင့် မျဉ်းနီကို မကျော်ရန် လုပ်ဆောင်ဖို့ နယ်သာလန်အစိုးရ၏ ပျက်ကွက်မှုကို သင်္ကေတပြုရန် အနီရောင်အင်္ကျီဖြင့် ယင်းသို့ ချီတက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ “Red Line” ဆန္ဒပြပွဲဟု အမည်တပ်ထားသည့် တနင်္ဂနွေနေ့က ဆန္ဒပြပွဲသည် မေလတုန်းက အလားတူ ဆန္ဒပြပွဲထက် ပါဝင်ပူးပေါင်းသူဦးရေ ပိုမိုများပြားကြောင်း သိရသည်။ တနင်္ဂနွေနေ့က ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက သည်ဟိဂ်မြို့လယ်ခေါင်တွင် ၃ […]

ပုလော ခန္တီရွာသို့ လှေဖြင့်လာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်

Dawei Watch

June 15, 2025

ပုလောမြို့နယ်၊ ခန္တီကျေးရွာသို့ လှေဖြင့်‌လာရောက်သည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တို့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ပုလောမြို့ဘက်မှ ခန္တီကျေးရွာဘက်သို့ ကင်းမွန်မီးထွန်းလှေနှစ်စီးဖြင့် လာရောက်သော စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၄ ရက် ‌မွန်းတည့် ၁၂ နာရီခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာ ဖြစ်ပွားကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။ “စစ်ကောင်စီဘက်က ထိခိုက်မှုရှိတော့ လှေက ဥယျာဥ်ကမ်း (ရွာ) ကို ကပ်ပြီး ဆေးကုနေတယ်လို့သိရတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။ ယင်းနောက် မွန်းလွဲ ၁ နာရီခန့်တွင် ဥယျာဉ်ကမ်းရွာဘက်မှ စစ်ကောင်စီလှေ ပြန်ထွက်လာချိန်တွင်လည်း ‌ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့သေးကြောင်း ၎င်းက […]

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ရနောင်းတွင်ကျင်းပ

Dawei Watch

June 15, 2025

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ယနေ့(ဇွန်လ၁၅ ရက်)နံနက်က ကျင်းပခဲ့သည်။ အဝေးရောက်သွေးချင်းများကွန်ရက် အဖွဲ့ခွဲ(ကပိုး)ထောက်ပို့အဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

စစ်လေယာဉ်များ မကြာခဏပျံသန်းနေ၍ ဗုံးကြဲမည်ကို တောင်ပျောက်ဒေသခံများ စိုးရိမ်

Dawei Watch

June 15, 2025

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်း စစ်ကောင်စီလေယာဥ်များ မကြာခဏ ပျံ၀ဲနေသည့်အတွက် ဗုံးကြဲမည်ကို နေ့စဉ်စိုးရိမ်နေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့အား မကြာခဏလေကြောင်းဖြင့် ဗုံကြဲတိုက်ခိုက်လေ့ရှိသည်။ Dawei Watch ၏ မှတ်တမ်းအရ မေလ ၁၉ ရက်နောက်ပိုင်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ပျောက်တိုက်နယ်အား လေကြောင်းဖြင့် အနည်းဆုံးနှစ်ကြိမ် တိုက်ခိုက်ခဲ့ဖူးသည်။ လက်ရှိအချိန်တွင် နေ့တိုင်းနီးပါး စစ်ဖက်ကဟု ယူဆရသည့် လေယာဉ်၀ဲနေသည့်အတွက် ဗုံးထပ်မံကြဲခံရမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်းဖြစ်သည်။ “အရင်ကတော့ လေယာဉ်လာလည်း လုပ်စရာရှိတာလုပ်နေတာပဲ။ အခုတော့ အသံကြားတာနဲ့ ဘယ်သူမှမရှိတော့ဘူး” ဟု တောင်ပျောက်တိုက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက Dawei Watch ကိုပြောဆိုသည်။ ကျောင်အိုင်ရွာသည် ဇွန်လ ၇ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ […]

ကော့သောင်း မြန်မာ့ဆက်သွယ်ရေးရုံးတွင် ဝန်ထမ်းတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

June 14, 2025

ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးတွင် ယနေ့ ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းက ဝန်ထမ်းအမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများ နှင့် ရွှေအဏ္ဏဝါပရဟိတအသင်းတို့ထံမှ သိရသည် ။ သေဆုံးသူသည် ကော့သောင်းဒေသခံ မဟုတ်ဘဲ မြန်မာ့ဆက်သွယ်ရေးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားဖြစ်ပြီး ရုံးအတွင်း မိသားစုနှင့်အတူနေသူဖြစ်ကြောင်း ရုပ်အလောင်းကို ဆေးရုံသို့ ပို့ဆောင်ခဲ့သည့် ရွှေအဏ္ဏဝါပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။ ” မိသားစုက တွေ့တာတော့ (နံနက်အစောပိုင်း) နှစ်နာရီခွဲလောက်ပေါ့။ ကျွန်တော်ဆီ ဆက်သွယ်လို့ သွားကူညီပေးတာက သုံးနာရီထိုးလောက်ရှိပြီ။ သေတဲ့လူက ကော့သောင်းမှာ တာဝါတိုင် ဝန်ထမ်းအဖြစ်လုပ်နေတာ ၆ နှစ်လောက်ရှိပြီ” ဟု ၎င်းက ပြောဆိုသည် ။ ကြိုးဆွဲချသေဆုံးသည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။ သေဆုံးသူ၏ ရုပ်အလောင်းကို ကော့သောင်းဆေးရုံ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 14, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ငလျင်ကြောင့် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဆုံးရှုံး၊ မြန်မာ့စီးပွားရေးလည်းကျမယ် ငလျင်ကြောင့် မြန်မာ့စီးပွားရေး ၂ဒသမ ၅ရာခိုင်နှုန်းကျော် ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ငလျင်ကြောင့် အခြေခံအဆောက်အအုံ ထိခိုက်ပျက်စီးမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိတယ်လို့ ခန့်မှန်း ထားပြီး အဲဒီပမာဏဟာ နိုင်ငံဂျီတီပီရဲ့ ၁၄ ရာခိုင်နှုန်းနဲ့ ညီပါတယ်။ ငလျင်ဘေးကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးတိုင်း တွေနဲ့ နေပြည်တော်တို့က လူ ၁၇ သန်းကို ထိခိုက်စေခဲ့ပြီး လူ ကိုးသန်း လောက်ကတော့ အတိဒုက္ခရောက်ခဲ့တယ်လို့ […]

စစ်ကောင်စီတပ် လက်နက်ကြီးပစ်သဖြင့် တနင်္သာရီတွင် ရွာနှစ်ရွာကဒေသခံများ ထွက်ပြေး

Dawei Watch

June 14, 2025

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းနှင့် အနီးတဝိုက်ရှိ ကျေးရွာနေဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများက ပြောသည်။ ဇွန်လ ၁၃ရက် ည ၁၀နာရီဝန်းကျင်တွင် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၅၆၁ ခြေမြန်တပ်က ၁၂၀ မမလက်နက်ကြီး ၁၀ချက်ကျော် ညောင်ပင်ကွင်းနှင့် ထုံမခါရွာဘက်ကို ပစ်ခတ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ခမရ ၅၆၁ တပ်ရင်းသည့် စစ်ကောင်စီ၏ အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းဖြစ်သည်။ “မနေ့က (ဇွန်၁၂ရက်) အင်အားတစ်ရာကျော် ၅၆၁ တပ်ကို အင်အားလာဖြည့်လိုက်တယ်။ ပြီးတော့ တိုက်ပွဲလည်း မဖြစ်ဘဲ ညဘက်မှာ လက်နက်ကြီး ရမ်းသမ်းထုတာပဲ” ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောဆိုသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် […]