ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လွှတ်တော်ကိုယ်စားလှယ် သက်တမ်းပြည့်က ပိုင်ဆိုင်မှုစာရင်းတင်ပြမည်ဟု ဦးဇော်ဟိန်းပြော

diz_admin

June 29, 2020

လွှတ်တော်ကိုယ်စားလှယ် ငါးနှစ် သက်တမ်းပြည့်သည့်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို အင်န်အယ်ဒီပါတီသို့ တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ကျွန်းစုမြို့နယ် မဲဆန္ဒနယ်အမှတ် ၇ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကိုယ်စားလှယ်မဖြစ်ခင်အချိန်တွင် ပိုင်ဆိုင်မှုစာရင်းများကို ပါတီသို့ တင်ပြထားရပြီး လွှတ်တော်သက်တမ်း ငါးနှစ်ပြည့်ချိန်တွင် ကိုယ်စားလှယ် လောင်းများ၏ ပိုင်ဆိုင်မှုစာရင်းများကို တင်ပြရန် ညွှန်ကြားမှု မရှိသေးကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောပြသည်။ “ညွှန်ကြားချက် ရှိရှိ၊ မရှိရှိ တင်ပြ မယ်” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။ ယခင်တင်ပြထားသည့် စာရင်းများ နှင့် ပြန်လည်နှိုင်းယှဉ်ပြီး တိုးတက်မှု ရှိမရှိကို ပြည်သူများသိရှိနိုင်ရန် ပြန်လည်တင်ပြရခြင်း ဖြစ်ကြောင်း ဦးဇော်ဟိန်းက ပြောပြသည်။ “ပြည်သူလူထုကို အမြင်ရှင်းစေချင်တဲ့ ဆန္ဒနဲ့တင်ပြတာပေါ့” ဟု မဲဆန္ဒ […]

ကမ်းဝေးရေလုပ်သားများကို ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းပေးမည်

diz_admin

June 29, 2020

ကမ်းဝေးရေလုပ်သားများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တိုင်းအတွင်းရှိ ခရိုင်အလိုက် သင်တန်းပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ လက်ရှိ ငါးမဖမ်းရရာသီသတ်မှတ်ထားသည့် အချိန်သုံးလတွင် သင်တန်းပေးမည်ဖြစ်ပြီး စုစုပေါင်း ၁၆ ကြိမ်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဦးတင့်အောင်က ဆိုသည်။ ထားဝယ်တွင် နှစ်ကြိမ်၊ မြိတ်နှင့် ကော့သောင်းတို့တွင် ခြောက်ကြိမ်စီ သင်တန်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ သင်တန်းတွင် ငါးလုပ်ငန်းဦးစီး ဌာန၊ မီးသတ်တပ်ဖွဲ့၊ အလုပ်သမားဌာန အစရှိသည့် ဌာနများက အသီးသီးပို့ချ မည်ဖြစ်ကြောင်း ဦးတင့်အောင်က ဆိုသည်။ ငါးလုပ်ငန်းဦးစီးဌာနက မျိုးသုဉ်း ရှားပါးနေသည့် ရေသတ္တဝါအကြောင်း၊ ငါးလုပ်ငန်းဥပဒေ၊ ပင်လယ်ပြင်နေထိုင် လုပ်ကိုင်စဉ် အသက်အန္တရာယ် ကင်းဝေးရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက် များ၊ VMS စနစ်အကြောင်း စသည့် အချက်များကို ပို့ချမည်ဖြစ်ကြောင်း […]

ထားဝယ်လူမိုက်အဖွဲ့ဖမ်းမိ၊ နောက်တစ်ကြိမ်ဖမ်းမိပါက မည်သူ့မျက်နှာမျှ မထောက်ဟု နယ်/လုံဝန်ကြီးပြော

diz_admin

June 29, 2020

လူငယ်အများစုဖြင့် ဖွဲ့စည်းထား သည့် ထားဝယ်လူမိုက်အဖွဲ့ဝင်အချို့ကို ဖမ်းမိခဲ့ပြီးနောက် နောက်တစ်ကြိမ်မကျူးလွန်ရန် ခံဝန်ထိုးစေကာ မိဘများထံ ပြန်အပ်ခဲ့သည်။ ထိုကဲ့သို့ဖမ်းမိသည့် အဖွဲ့မှာ Dawei Punk ဟု အမည်ပေးထားပြီး အဖွဲ့ဝင်အများစုမှာ အသက် ၁၈ နှစ် မပြည့်ကြပေ။ အဆိုပါ Dawei Punk အဖွဲ့ကို ဖျက်သိမ်းရန်နှင့် နောက်တစ်ကြိမ်ထပ်မံ ကျူးလွန်ပါက မည်သူ့မျက်နှာမျှ ထောက်ထားမည်မဟုတ်ဘဲ ပြတ်ပြတ်သားသား အရေးယူတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။ ထိုလူငယ်အုပ်စုသည့် ဇွန်လ ၂၁ ရက်နေ့က ထားဝယ်မြို့မှ ရေဖြူမြို့နယ်ဘက်သို့ ဆိုင်ကယ်အစီးရေ ငါးဆယ် ဝန်းကျင်ဖြင့် အုပ်စုဖွဲ့ကာ လမ်းအပြည့် စီးနင်းလာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ အချို့ဆိုင်ကယ်များတွင် သုံးဦးစီး နင်းလိုက်ပါလာပြီး အချို့တွင် […]

မြိတ်က ပုစွန်ကန် သိမ်းဆည်းမြေကိစ္စကို တိုင်းလွှတ်တော် မြေယာစောင့်ကြည့်ရေးအဖွဲ့ စစ်မည်

diz_admin

June 29, 2020

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာရှိ ပုစွန်ကန်ဆောင်ရွက်ရန်အတွက် သိမ်းဆည်းထားသော မြေယာကိစ္စကို တိုင်းလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်ရေးအဖွဲ့က စတင်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ပြောသည်။ တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာအငြင်းပွားမှုကိစ္စများအနက် ယင်းအဖွဲ့က ဦးစားပေး ကိုင်တွယ်စိစစ်မည့် မြေယာကိစ္စကို ရွေးထုတ်ခဲ့ပြီး လော့လော့ရွာက ပုစွန်ကန်ကို ပထမဆုံး စိစစ်မည် ဖြစ်ကြောင်း ဦးတိုးလွင်က ပြောသည်။ လော့လော့ကျေးရွာတွင် လယ်မြေ၊ ဓနိမြေ၊ တောရိုင်းမြေအပါအဝင် မြေဧက ၄၂၀ ကို ပုစွန်ကန် ဆောင်ရွက်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၃ ခုနှစ်တွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ သိမ်းဆည်းခံ တောင်သူတို့က လယ်မြေပြန်လုပ်ခွင့်ရရေးအတွက် တိုင်းအစိုးရ၊ နိုင်ငံတော်သမ္မတရုံးအထိ အကြိမ်ကြိမ်စာပို့ တောင်းဆိုနေကြသည်။ ယင်းမြေယာကိစ္စများ နှစ်ကြာလာပြီဖြစ်ခြင်း၊ တောင်သူများဘက်မှ တင်ပြသည့် အထောက်အထား ခိုင်လုံနေခြင်းတို့ကြောင့် […]

ပဲ့စင်ကျွန်းနှင့်ဆိုင်သည့် တိုင်းအစိုးရသဘောထား အထူးလျှို့ဝှက်ချက် ဟုဆို

diz_admin

June 29, 2020

နေပြည်တော်သို့ ပေးပို့ထားသည့် လောင်းလုံးပဲ့စင်ကျွန်းနှင့် သက်ဆိုင်သည့် တိုင်းအစိုးရ၏သဘောထားမှတ်ချက်မှာ အထူးလျှို့ဝှက်ဖြစ်၍ အများပြည်သူကို ထုတ်ပြန်၍မရကြောင်း တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမြင့်စန်းက ပြောကြားသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent Fortune Develop- ment Group ကုမ္ပဏီမှ မြေလွတ်မြေလပ် လျှောက်ထားမှုအပေါ် တိုင်းအစိုးရ သဘောထားကို ထုတ်ပြန်၍ မရကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါကျွန်းရှိ မြေဧက ၁၄၀ ပေါ် တွင် နိုင်ငံတကာအဆင့်မီ ခရီးသွား လုပ်ငန်းများ၊ အပန်းဖြေဝန်ဆောင်မှု လုပ်ငန်းများ၊ ဇိမ်ခံသင်္ဘောများရပ်နားနိုင်သည့် ဆိပ်ကမ်း၊ ရေပေါ်ရေအောက် ကစားကွင်းများနှင့် အိမ်ရာစီမံကိန်းလုပ်ရန်အတွက် အထက်ပါကုမ္ပဏီက လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လျှောက်ထားခဲ့မှု နှင့်ပတ်သက် သည့် တိုင်းအစိုးရ၏ သဘောထားမှတ်ချက်ကို ယခုလအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပေးပို့ထားကြောင်း […]

ထားဝယ်တိုင်းရင်းသားနာမည်ရှေ့တွင် နောန်နှင့်မယ် ထည့်သွင်းရန် နှိုးဆော်မည်

diz_admin

June 29, 2020

ယခုပညာသင်နှစ် ကျောင်းအပ်ချိန်တွင် ထားဝယ်တိုင်းရင်းသားများ၏ အမည်အရှေ့၌ အမျိုးသားဖြစ်ပါက “နောန်”၊ အမျိုးသမီးဖြစ်ပါက “မယ်” ဆိုသည့် ရှေ့ဆောင်နာမည်ထည့်သွင်းသွားရန် နှိုးဆော်မည်ဖြစ်ကြောင်း ထားဝယ်လူမျိုးစုစည်းမှု ကော်မတီထံ(ဗဟို)မှ သိရသည်။ အမည်ရှေ့တွင် မောင်နှင့် မ ကို ထည့်သွင်းမည့်အစား နောန်နှင့်မယ်ကို ထည့်သွင်း ကျောင်းအပ်ပေးကြပါရန် နှိုးဆော်မည်ဖြစ်ကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဦးအောင်မျိုးက ပြောသည်။ ဇွန်လ ပထမအပတ်က မွန်နှင့် ကရင်ပြည်နယ်အစိုးရကလည်း ကျောင်းအပ်ရာတွင် ၎င်းတို့တိုင်းရင်းသားများ၏ ရှေ့ဆောင်နာမည်များကို ထည့်သွင်းသွားရန် တိုက်တွန်းနှိုးဆော်ခဲ့သည်။ ယင်းနောက် ထားဝယ်လူမျိုးစုစည်း မှုကော်မတီ(ဗဟို)ကလည်း ထားဝယ်တိုင်းရင်းသားများလည်းကျောင်းအပ်ရာတွင် ရှေ့ဆောင်နာမည် ထည့်သွင်းရေးကိစ္စကို တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီးဌာနသို့ စာပို့မေးမြန်းခဲ့သည်။ ဝန်ကြီးဌာနမှ မိမိတို့သဘောဆန္ဒအလျောက် ထည့်သွင်းခွင့်ရှိကြောင်း အကြောင်းပြန်လာသဖြင့် ယင်းကဲ့သို့ တိုက်တွန်းနှိုးဆော်ခြင်းဖြစ်ကြောင်း ဦးအောင်မျိုးက ပြောသည်။ ထားဝယ်တိုင်းရင်းသားရှေ့ဆောင် အမည်ကို […]

တနင်္သာရီတိုင်းရှိ အခြေခံကျောင်း တစ်ဝက်ခန့်သာ ပုံမှန်အတိုင်း ပြန်ဖွင့်မည်

diz_admin

June 23, 2020

တနင်္သာရီတိုင်းရှိ အခြေခံပညာကျောင်း တစ်ဝက်ခန့်ကိုသာ ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ကျောင်းများသည် အသုတ်ခွဲစနစ်ဖြင့် ပြန်ဖွင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ အောင်စာရင်းထုတ်ပြန်ပြီးသော အခြေခံကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင် ကျောင်းပြန်ဖွင့်မည်ဖြစ်ရာ တနင်္သာရီတိုင်းတွင် ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၁၃၁၁ ကျောင်းအနက် ပုံမှန်အတိုင်း ကျောင်းပြန်ဖွင့်နိုင်မည့် ကျောင်းမှာ ၅၆၉ ကျောင်းသာရှိပြီး ကျန် ၇၄၂ ကျောင်းမှာမူ အသုတ်ခွဲပြီး ကျောင်းတက်ရမည် ဖြစ်သည်။ အသုတ်ခွဲကျောင်းတက်ရမည့် ကျောင်းများအနက် တစ်ပတ်ခြား ပြန်ဖွင့်မည့်ကျောင်းမှာ ၄၄၈ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက် ၂၂၄ ကျောင်း၊ တစ်ပတ်ခြား သုံးသုတ်တက် ၇၀ ကျောင်း စသည်ဖြင့် ၇၄၂ ကျောင်း ရှိသည်။ အတန်းတစ် […]

ပန်းရောင်အိမ်ကလေး၏ ကြမ္မာ

diz_admin

June 23, 2020

အိမ်ဝန်းကျင်တွင် ဝါးရုံတောများ၊ သစ်ပင်ချုံနွယ်များဖြင့် စိမ်းစိုနေသည်။ အိမ်အနောက်ဘက်တွင် စမ်းချောင်းလေးက စီးဆင်းနေသည်။ ရုတ်တရက်ဆိုလျှင်တော့ တကယ့်ကို သာယာဖွယ် ဖြစ်သည်။ သို့သော် ပန်းရောင်ဆေးသုတ်ထားသော ထိုအိမ်ကလေးတွင် နေထိုင်သော မိသားစုဝင်သုံးဦးမှာ ကံကြမ္မာဆိုးငင်ခဲ့ လေသည်။ ထိုအိမ်ကလေးမှာ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသည့် ပြည်ထောင်စု လမ်းမပေါ် ရထားလမ်းဖြတ်သည့်နေရာတွင် တည်ရှိသည်။ ထိုအိမ်လေးတွင် မီးရထားဝန်ထမ်း မိသားစုဝင်သုံးဦးနေထိုင်သည်မှာ ယခုနှစ်ဆိုလျှင် သုံးနှစ်ပင်ပြည့်ခဲ့ပြီ။ တစ်နေ့တွင် ၎င်းတို့မိသားစု ကံဆိုး မိုးမှောင်ကျမည်ကို ကာယကံရှင်များ ကိုယ်တိုင်သိမည်မဟုတ်ပေ။ဇွန်လ ၁၃ ရက်နေ့တွင် အဆိုပါ အိမ်လေးတွင် နေထိုင်သည့် မိသားစုဝင်သုံးဦးစလုံး ရက်ရက်စက်စက် အသတ်ခံ လိုက်ရသည်။ အသက် ၂၆ နှစ်အရွယ် မီးရထားဝန်ထမ်း အမျိုးသား၊ ၂၈ နှစ်အရွယ် ဇနီးသည်နှင့် […]