တနင်္သာရီတွင် လူကုန်ကူးနှင့် လူမှောင်ခို အမှုသုံးခု ဖမ်းမိ
diz_admin
February 10, 2020ယမန်နှစ် တစ်နှစ်လုံး တနင်္သာရီ တိုင်းတွင် လူကုန်းကူးမှု နှစ်မှုနှင့် လူမှောင်ခိုမှု တစ်မှု စုစုပေါင်း အမှု သုံးခုကို ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ်(၁၀) တပ်ဖွဲ့စုမှူးရုံး(ထားဝယ်)ထံမှ သိရသည်။ လူကုန်ကူးမှု နှစ်ခုတွင် ရန်ကုန်မြို့ မှ နယ်စပ်မြို့ဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ စားသောက်ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုပြီးနောက် ပြည့်တန်ဆာအလုပ်ကို ခိုင်းစေခဲ့သည့် အမှုဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ လူမှောင်ခိုမှုတစ်ခုမှာ မော်လမြိုင် ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင် လာသည့် ခရီးသည်တင်ကားကို မလွှဲတောင် စစ်ဆေးရေးဂိတ်တွင် သတင်း အရ စစ်ဆေးရာမှ လူမှောင်ခိုခေါ်ဆောင် လာသည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီး နိုင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြော […]


