တနင်္သာရီတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများခေါ်
Dawei Watch
June 27, 2025တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်စိုးမိုးထိန်းချုပ်ရာဒေသများတွင် ဒေသခံများနှင့် စစ်ရှောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် အထူးကုဆရာဝန်၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ တနင်္သာရီတိုင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာထူးနေအောင်က ပြောသည်။ အာဏာသိမ်းကာလအစောပိုင်းကတည်းက အဆိုပါနယ်မြေများတွင် CDM လုပ်ထားသည့် ဆရာဝန်အပါအဝင် ကျန်းမာရေး ဝန်ထမ်းများရှိသော်လည်း လုံလောက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ “အထူးကုဆရာဝန်နဲ့ ဆရာဝန်ကတော့ လိုအပ်ချက်အများဆုံးပဲ။ ကျန်တဲ့ Position (ရာထူး) တွေကလည်းပဲ သူ့အတိုင်းအတာနဲ့ သူရှိတယ်ဆိုပေမယ့် လုံလောက်နေလားဆိုတော့ မလုံလောက်ဘူးပေါ့လေ” ဟု ဒေါက်တာထူးနေအောင်က ပြောဆိုသည်။ စစ်ရှောင်များကို ကူညီနေသူတစ်ဦးကလည်း တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးထိန်းချုပ်ဒေသတွင် ဆရာဝန်တစ်ဦးသာ ရှိသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံများ နေမကောင်းဖြစ်လာပါက ဆေးမြီးတိုနှင့် မြန်မာဆေးကိုသာ အားထားနေရကြောင်း ဆိုသည်။ “ပုံမှန်နေမကောင်းဖြစ်ရင်တော့နီးစပ်ရာ ဆေးမီးတိုတွေနဲ့ကုတာရှိတယ်။ […]


