ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

စီးပွားရေးလုပ်ငန်း ပုံမှန်လည်ပတ်ရန် တိုင်းတပ်ကောင်စီခေါ်ပြော

diz_admin

March 9, 2021

တနင်္သာရီတိုင်းအတွင်းရှိ စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း ပုံလည်ပတ်ရန်နှင့် ဒေသအတွင်းစီးပွားရေး ပုံမှန်တိုင်းဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို တနင်္သာရီတိုင်း တပ်ကောင်စီ က မေးမြန်းခဲ့ကြောင်း စုံစမ်းသိရှိရ သည်။ မတ်လ ၄ ရက်က ပြုလုပ်သည့် တိုင်းတပ်ကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များအစည်းအဝေးတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းအစည်းအဝေးကိုတက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။ “လက်ရှိကောင်စီကပြောတာကတော့ ပြည်သူတွေကိုကူညီပေးကြပါ။ ဘာတွေအခက်အခဲရှိသလဲလို့မေးတယ်။ အမြန်ဆုံးဆောင်ရွက်ပေးမယ်လို့ပြောတယ်။ အတင်းအဓမ္မ ဘာလုပ်ပါဆိုပြီး တစ်ခုမှမပြောဘူး” ဟု လုပ်ငန်းရှင်တစ်ဦး က ဆိုသည်။ ယင်းအစည်းအဝေးသို့ ထားဝယ် ခရိုင်နှင့် မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်၊ ထားဝယ်ခရိုင်နှင့် ကော့သောင်း ခရိုင် ဆန်ကုန်သည်အသင်း၊ ဟိုတယ် လုပ်ငန်းရှင်၊ သတ္တုလုပ်ငန်းရှင်၊ ဝက် မွေးမြူရေးလုပ်ငန်းရှင်များအသင်း၊ မြိတ် ကစီးပွားရေးလုပ်ငန်းရှင်များအား ကိုယ်စား […]

ဇမ္ဗူသီရိဆေးခန်း ပုံမှန်ဖွင့်

diz_admin

March 8, 2021

ဇမ္ဗူသီရိဆေးခန်းကို ပိတ်ရက်မရှိ ပုံမှန်အတိုင်း ဖွင့်လှစ်ထားကြောင်း ဇမ္ဗူ သီရိအရေးပေါ်လူနာ ကူညီသယ်ဆောင် ရေးအဖွဲ့ထံမှ သိရသည်။ ဇမ္ဗူသီရိဆေးခန်း၌ ပုံမှန်လာပြနေသည့် တစ်ရက် လူနာဦးရေ ၂၀ ခန့်ရှိပြီး ဆန္ဒပြရာတွင် မျက်ရည်ယိုဗုံးထိသူ၊ ထိခိုက်ဒဏ်ရာရသူလူနာများကိုလည်း ကုသပေးသည်ဟု အထက်ပါအဖွဲ့ထံမှ သိရသည်။ ထိခိုက်ဒဏ်ရာပြင်းထန်သူနှင့် ဆေးရုံဆင်သင့်သူများကို ထားဝယ်ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေး သည်ဟု အထက်ပါအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “အရင်တုန်းက ဖွင့်နေကျအတိုင်းပဲ ပုံမှန်ဖွင့်နေတယ်” ဟု တာဝန်ရှိသူက ပြောသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆေးခန်းတွင် ဆရာဝန်နှင့် ဆရာမများ မရှိခြင်း၊ ရှိသည့် ဆရာဝန်နှင့် ဆရာမ များကလည်း လူနာတင်ယာဉ်များတွင် အသင့်လိုက်ပါနေကြခြင်း၊ ဆေးခန်းကို ပြန်လည်ပြုပြင်နေခြင်းတို့ကြောင့် ဆေးခန်းပိတ်ထားခြင်းသာဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။ […]

ကလေးဆိုင်ကယ် ထားဝယ် ဈေးကွက်အတွင်း စဝင်

diz_admin

March 8, 2021

မြက်ရိတ်စက်အင်ဂျင်တပ် ထားသည့် ကလေးစီးဆိုင်ကယ်အမျိုးအစား တစ်ခု ထားဝယ်ဈေးကွက်အတွင်း စတင် ဝင်ရောက်လာသည်။ အမြင့် နှစ်ပေခန့်သာရှိသည့် ကလေးစီးဆိုင်ကယ်ဖြစ်ပြီး ကလေး ကစားစရာအရောင်းဆိုင်များတွင် ဆိုင်တင်ရောင်းချနေကြသည်။ အဆိုပါ ကလေးစီးဆိုင်ကယ် တစ်စီးလျှင် ငွေကျပ်သုံးသိန်းဝန်းကျင် ဖြင့်ရောင်းချနေပြီး လက်ရှိတွင် နှစ်စီး ခန့်သာ ရောင်းချရသေးကြောင်း ထားဝယ်မြို့ ဆန်းချီရပ်ကွက်ရှိ ကလေးကစားစရာ ဆိုင်ပိုင်ရှင် အမျိုးသမီးက ဆိုသည်။ “အခုမှ စရောင်းတာပေါ့နော်၊ နှစ်စီးတော့ ရောင်းပြီးပြီ” ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ အဆိုပါ ကလေးစီးဆိုင်ကယ်တွင် မြက်ရိတ်စက်အင်ဂျင်တပ်ဆင်ထားပြီး ဓာတ်ဆီနှင့် စက်ဆီတစ်မျိုးဖြစ်သည့် 2T နှင့် ရောပြီး အသုံးပြုရကြောင်း သိရသည်။ ထားဝယ်တွင် ယင်းကလေးစီး ဆိုင်ကယ် အသုံးပြုမှု နည်းပါးနေသေးပြီး ဈေးကွက်အတွင်း ဆယ်စီးခန့်သာ တွေ့ရသည်။

၀န်ကြီးချုပ်ဦးမြင့်မောင်အမှု ပြန်ချိန်း

diz_admin

March 8, 2021

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အမှုအား မတ်လ ၁၈ ရက်ကို ပြန်လည်ချိန်းဆိုထားကြောင်း အမှု လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီး ပုဒ်မ- ၅၀၅(ခ)ဖြင့် ဖေဖော်ဝါရီလ ၁၉ ရက်က ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ် ပိပြားရေးကို ဖြစ်စေ၊ ထိခိုက်သည့် ပြစ်မှု ကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ ၏ သီးခြား လူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် အကြောင်းရှိလျှင် စွဲဆိုနိုင်သော ပုဒ်မ ဖြစ်သည်။ […]

ထားဝယ်ဆန္ဒပြပွဲ အဖမ်းခံရသူများကို ယခုလ ၁၂ ရက်နေ့ တရားစွဲတင်မည်

diz_admin

March 8, 2021

အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်မြို့ ဆန္ဒပြပွဲတွင် ဖမ်းဆီးခံရသူ ၁၆ ဦးအား မတ်လ ၁၂ ရက်တွင် တရားစွဲတင်မည်ဟု သိရကြောင်း လိုက်ပါကူညီနေသည့် ရှေ့နေတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ ၂၈ ရက် ပစ်ခတ်ဖြို ခွင်းမှုဖြစ်စဉ်တွင် အဖမ်းခံရသည့် အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၅ ဦးအား ရာဇသတ်ကြီးပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားသည်ဟု သိရကြောင်း အဆိုပါ ရှေ့နေက ဆိုသည်။ ရာဇသတ်ကြီးပုဒ်မ-၅၀၅(က)၊ ၅၀၅(ဂ) နှင့် ၁၄၅ တို့ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် အဖမ်းခံရသူ အမျိုးသား ၁၁ ဦးအနက် အသက်မပြည့်သေးသည့် ကလေးနှစ်ဦးပါဝင်နေသည့်အတွက် အာမခံဖြင့် လွှတ်ထားကြောင်း ၎င်းက ဆိုသည်။ အထက်ပါ အဖမ်းခံရသူများအား အမှုတစ်ခုတည်းပေါင်းပြီး အမှုဖွင့်ထား […]

ညမထွက်ရအမိန့်ကြောင့် ကမ်းနားဈေးသည်များ အခက်တွေ့

diz_admin

March 8, 2021

ည ၈ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်း ထားဝယ်မြို့ပေါ်ရှိ အဓိက ဈေးတစ်ခုဖြစ်သော ကမ်းနားဈေးရှိ ဈေးသည်များ အခက်အခဲများလာကြောင်း စုံစမ်းသိရှိ ရသည်။ ထားဝယ်ဒေသတွင် ကိုယ်တိုင်စိုက်ပျိုးသူများက ကမ်းနားဈေးတွင် နံနက်ပိုင်းလာရောက် ရောင်းချကြသည်။ သို့သော် ညမထွက်ရ အမိန့်ထွက် လာပြီးနောက် နံနက်ပိုင်းတွင် လာရောက် ရောင်းချသူ နည်းပါးလာကြောင်း ဈေးသည်များထံမှ စုံစမ်းသိရှိရသည်။ “အရောင်းအဝယ်က အများကြီး အေးလာတယ်။ နယ်က လူတွေက မနက်ပိုင်း မလာကြတော့ဘူးလေ” ဟု စခန်းကြီး ကျေးရွာသူ ဒေါ်ခင်မူက ပြောသည်။ ယင်းကြောင့် ကျေးရွာများတွင် ပြန်ရောင်းလိုသော ဈေးကားများ၊ ဈေး ဝယ်ရောင်းသူများမှာ ညနေဘက်တွင်သာ လာဝယ်သဖြင့် ဈေးအတန်ငယ်မြင့်သော ကုန်စည်ဒိုင်များတွင် ဝယ်ယူကြရသည်။ “အခုက […]

ကော့သောင်းတရားရုံးမီးလောင်မှု ဆိုင်ကယ်အစီးရေဆယ်ချီ ဆုံးရှုံး

diz_admin

March 8, 2021

ကော့သောင်းတရားရုံးတွင် မီးလောင်သဖြင့် အမှုကြောင့် သိမ်းဆည်းထားသည့် ဆိုင်ကယ်အစီးရေဆယ်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၄ ရက် နံနက်ပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သည်ဟုသိရပြီး ဆိုင်ကယ်အစီးရေ ၇၀ ဝန်းကျင် မီးလောင်သွားကြောင်း ကော့သောင်းမြို့နေ အသက်လေးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦး က ဆိုသည်။ “ဘာကြောင့်ဖြစ်(လောင်)တယ် ဆိုတာတော့ မသိသေးဘူးပေါ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ကော့သောင်းတရားရုံးရှိ ဂိုဒေါင်တွင် လောင်ကျွမ်းသည့်မီးကြောင့် သိမ်း ဆည်းဆိုင်ကယ်များ အပါအဝင် တရားရုံး အဆောက်အအုံနေရာအချို့လည်း လောင်ကျွမ်းခဲ့ကြောင်း အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။ “တရားစီရင်ခန်းမှာရှိတဲ့ ပစ္စည်းတွေလည်း လောင်သွားတယ် အောက်ထပ်ပေါ့။ အပေါ်ထပ် ကြမ်းခင်းလောင်တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။ အဆိုပါ […]

မွန်ဝန်ကြီးတစ်ဦး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲခံရ

diz_admin

March 4, 2021

၀န်ထမ်းများနှင့် ပတ်သက်ပြီး စာထုတ်ခဲ့သည့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် မှာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံထားရသည်။ ဝန်ထမ်းများအားရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များ အစိုးရအသစ် ဖွဲ့စည်းချိန်အထိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ပေးလိုက်ကြောင်း၊ CDM တွင် ပါသည့် ဝန်ထမ်းများအား မှတ်တမ်း တင်ကြောင်းပါသည့် စာတစ်စောင်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဝန်ကြီးချုပ် ကိုယ်စား ဦးထွန်းမင်းအောင်က ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်စာနှင့် ပတ်သက်ပြီး ဦးထွန်းမင်းအောင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် အမှုကြီးအမှတ် (၃၄၇/ ၂၀၂၁) ဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဦးတိုက်လျှောက်ထားကြောင်း သိရသည်။ “ဝန်ထမ်းများအတွက် စာတစ် စောင်ထုတ်ပြန်ခဲ့ခြင်းဟူသော […]