မောင်းမကန် လျှပ်စစ်မြေနေရာ ပိုင်ရှင်ကို ပြန်ပေးပါ
diz_admin
January 14, 2020လျှပ်စစ်ဌာနပိုင်ဟု သတ်မှတ်ပြီး မကြာမီတွင် ဓာတ်အားခွဲရုံတည်ဆောက် ရန် စိုင်းပြင်းနေသည့် မောင်းမကန်ရွာရှိ မြေနေရာတစ်ခုကို ပြန်လိုချင်ကြောင်း ဘိုးဘွားစဉ်ဆက် မြေပိုင်ခဲ့သည်ဆိုသူ တို့က တောင်းဆိုလိုက်ကြသည်။ လောင်းလုံးမြို့နယ် မောင်းမကန် ရွာလယ်ရှိ ၎င်းမြေနေရာမှာ ဦးရှီ၊ ဒေါ်နူးပို အပါအဝင် မောင်နှမ ၄ ဦးပိုင်ဆိုင် သည့်မြေဖြစ်ပြီး ၎င်းတို့၏ မိဘများထံမှ အမွေရထားသည့်မြေဖြစ်ကြောင်း၊ ဦးရှီ နှင့် မောင်နှမများ ၎င်းခြံဝင်းအတွင်း နေထိုင်နေကြကြောင်း ကာယကံရှင်တို့ နှင့် ပြောဆိုကြသည်။ မောင်းမကန်သို့ ပြောင်းရွှေ့တာဝန် ကျလာသည့် လျှပ်စစ်ဌာနဝန်ထမ်းတို့က ခေတ္တတည်းခိုနေထိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ရာ အစိုးရဝန်ထမ်းကို ကူညီသော အားဖြင့် နေထိုင်ခွင့်ပြုခဲ့ရာမှ ဝန်ထမ်းတို့ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြခြင်း သာဖြစ်ကြောင်း၊ ဌာနမြေမဟုတ်ဘဲ ၎င်း တို့ပိုင်မြေသာဖြစ်ကြောင်း ကာယကံရှင်တို့က ပြောကြသည်။ အထက်ပါပြောဆိုမှုများမှာ […]